ဇန်နဝါရီ -၂၇၊၂၀၂၆၊ရှိန်း/ People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်က ပေါက်ကန်ဘူတာကျေးရွာမှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ၂၇ ရက် ဒီနေ့ မနက်၉နာရီခွဲ လောက်မှာ ဆားတောင်ရွာရဲစခန်း ဘက်ကလာတယ်လို့ ယူဆရတဲ့ အသေခံဒရုန်းတစီး လာရောက်ဗုံးကြဲခဲ့တာလို့ သိရပါတယ်။
ဗုံးက ကျေးရွာလမ်းဆုံရဲ့ ဘေးက ပေပါအခွံ ရောင်းတဲ့ နေအိမ်ပေါ်ကျပြီး အဲဒီအိမ်က အမျိုးသားနဲ့ အမျိုးသမီးဦး ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

Public Service Announcement
” အသေခံဒရုန်းနဲ့ပါ။နှစ်ဦးဒဏ်ရာရတယ်။အခြေ အနေကလည်းရှုပ် နေတဲ့ ပြောရခက်ပါတယ်” လို့ ဒေသခံတဦးကလည်း ပြောပါတယ်။
အဲဒီကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးပိုင်းကို ပြည်သူတွေက ဆန္ဒပြနေတဲ့အချိန်ဖြစ်ပြီး အခြေအနေကလည်း အနည်းငယ်ရှုပ် ထွေးနေတယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်အ ရှေ့ခြမ်းမှာတော့ စစ်တပ် စစ်ကြောင်းတွေ ရှိနေပြီး တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့သိရပါတယ်။

















































