close
Connect with us

Hi, what are you looking for?

သတင်း

ရှားတောမြို့နယ်မှာ ပြင်းထန်ပြီး ကူးစက်မြန်တဲ့ အရေပြားရောဂါဖြစ်ပွားနေ

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်မှာ ကလေးငယ်တွေနဲ့ လူငယ်တွေ ပြင်းထန်ပြီး ကူးစက် မြန်တဲ့ အရေပြားရောဂါ ခံစားနေရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ ဇန်နဝါရီ ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။

(အရေပြားရောဂါ ခံစားနေရသူတစ်ဦး​၏ လက္ခဏာ။ ဓာတ်ပုံ - CTER Karenni)

ဇန်နဝါရီ -၂၇၊၂၀၂၆။ဇော်ဝင်း /People’s Spring

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်မှာ ကလေးငယ်တွေနဲ့ လူငယ်တွေ ပြင်းထန်ပြီး ကူးစက် မြန်တဲ့ အရေပြားရောဂါ ခံစားနေရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ CTER-Karenni က ဒီကနေ့ ဇန်နဝါရီ ၂၇ရက်မှာ ထုတ်ပြန်ပါတယ်။

ကျယ်ကျယ်ပြန့်ပြန့် ခံစားနေရတဲ့ အရေးပြားရောဂါအတွက် အရေးပေါ် ဆေးဝါးကုသမှု တွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ဆေးဝါးပြတ်လပ်မှု အခက်အခဲတွေ ကြောင့် ဒေသခံပြည်သူ အထူးသဖြင့် ကလေးငယ်တွေရဲ့ အရေပြားရောဂါဝေဒနာကို လုံလောက်တဲ့ ကုသမှုမရသေးဘူးလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သန့်ရှင်းတဲ့ရေအရင်းအမြစ် အလုံ အလောက်မရှိတဲ့ ကရင်နီပြည်နယ်ရဲ့ စစ်ရှောင်စခန်းအချို့မှာလည်း အရေပြားရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“ အဓိကတော့ ရေကြောင့်ဖြစ်တာပါ။အရေးပေါ်လိုအပ်တာက ဆေးဝါးပဲ” လို့ ကရင်နီစစ်ရှောင်ဘအရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းမီက လူဦးရေသုံးသိန်းဝန်းကျင်ရှိခဲ့တဲ့ ကရင်နီပြည်နယ်မှာ လက်ရှိ စစ်ဘေးရှောင်စခန်းတွေနဲ့ နေရပ်စွန့်ခွာရွှေ့ပြောင် နေရတဲ့ ဒေသခံ နှစ်သိန်းခွဲ ဝန်းကျင်ရှိပါတယ်။

ရှားတောမြို့နယ်အပါအဝင် လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆို၊ဘောလခဲ၊ဖားဆောင်း၊ဖရူဆို၊ဖယ်ခုံ နဲ့မယ်စဲ့ မြို့နယ်တွေမှာ စစ်ရှောင်ပြည်သူနှစ်သိန်းရှစ်သောင်း ကျော်ရှိတယ်လို့ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအားကောင်းတဲ့ ကရင်နီပြည်နယ်ကို စစ်တပ်ရဲ့ကန့်သတ်မှုတွေ ကြောင့် နိုင်ငံတကာနဲ့ကုလအဖွဲ့အစည်းတွေရဲ့ အကူအညီ မရဘဲ ဒေသဆိုင်ရာအဖွဲ့အစည်းတွေကတဆင့် ဒေသခံတွေက တောင်းခံရရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကို တွန်းလှန်ပြီး ခုခံမှုအားကောင်းတဲ့ စစ်ကိုင်း၊မကွေး တိုင်းတွေမှာလည်း အမျိုးသမီးလစဥ်သုံးက အစ ဆေးဝါးရိက္ခာတွေကို စစ်တပ်က သယ်ယူ၊သယ်ဆောင်ခွင့်ပိတ်ပင်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှားတော မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က စစ်ကူပေးရန် ၂ကြိမ်ကြိုးစားခဲ့သည်ဟုလည်းပြောပြသည်။

သတင်း

ဒရုန်းစစ်ဆင်ရေးများသည် ပစ်မှတ်တိကျမှုရှိခဲ့ပြီး စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို အတည်ပြုနေဆဲဟု KNDFတပ်ရင်း (၁၇)က အသိပေးသည်။

သတင်း

လသားအရွယ် ကလေးငယ်တွေအပါအဝင် ကလေး ၄၀ ဦးခန့်မှာ အဲဒီရေယုန်အရေပြားရောဂါ ဖြစ်နေတာလို့ ကရင်နီ (ကယား) ပြည်နယ် သတင်းနဲ့ ကူညီမှုအဖွဲ့ကဆိုထားပါတယ်။

သတင်း

ဖေဖော်ဝါရီ ၂၆ရက် ကလည်း တာတမောစခန်းမှ ရှားတော ဗျူဟာကုန်းသို့ ရီက္ခာပို့ရန် ဆောင်ရွက်နေစဉ် KA နှင့် KNDF ပူးပေါင်းတပ်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးကာ အချို့ ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

Facebook