close
Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အနောက်ခြမ်းမှာ စပါးပွဲစားတစ်ဦး လုယက်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်‌‌၊ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဲပီး ကျပ်သိန်း၆၀၀ လုယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၂၇၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်‌‌၊ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဲပီး ကျပ်သိန်း၆၀၀ လုယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားကိုကျော်မင်းဦးဟာ ဇန်နဝါရီ၂၂ရက်က ဆိုင်ကယ်နဲ့ရွှေပန်းကုန်းကျေးရွာသွားပြီး စပါးဖိုး ပေးချေဖို့ ကျပ်သိန်း၆၀၀ ကို ငွေလွှဲ၊ငွှေထုတ် လုပ်ငန်းတစ်ခုဆီမှာ ထုတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီက နေပြန်လာချိန်ဟာ နေ့လည်၂နာရီ ဝန်းကျင်ရှိပြီး ရွှေပန်းကုန်းကျေးရွာကနေ မဲကုန်းရွာကြားထဲမှာ သေနတ်နဲ့ပစ်ခံရပြီး ဆိုင်ကယ်အရှေ့ကြားထဲထည့်လာတဲ့ ပိုက်ဆံ သိန်း၆၀၀ ကို ယူသွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်သူတွေဟာ ကိုကျော်မင်းဦးရဲ့ ဖုန်း၊ဆိုင်ကယ်နဲ့ ဆိုင်ကယ် တူးဘောက်ထဲက ပိုက်ဆံ တွေဘာမှမယူဘဲ ကျပ်သိန်း၆၀၀ကိုယူပြီး ခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ကျွန် တော်တို့သိရနဲ့အချိန်က ဖြစ် ပြီး၁၅မိနစ် ကျော် လောက်မှာ ဈေးဝယ်ပြီးပြန်လာတဲ့လင်မယားနှစ်‌ယောက်က သူ့ကိုလမ်းမှာ တွေ့တော့ ဆိုင်ကယ်လဲတယ်ထင်ပြီး ဖုန်းဆက်မှ ဆွေမျိုးတွေက လိုက်သွားပြီး ဒီလိုဖြစ်မှန်းသိရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ကိုကျော်မင်းဦး ရုပ်အလောင်းကို ပြန်သယ်ပြီး နာရေးပြုလုပ် ပြီးသွားပြီလို့ သိရပါတယ်။

ဝက်လက်မြို့နယ်မှာ ယခုလို ဓားပြတိုက်မှုတွေ၊လုပ်ကြံမှုတွေက ဆက်တိုက်ဖြစ်နေပြီး အမှုအားလုံးက သေနတ်ကို အသုံးပြုတာမျိုးတွေ့ရတယ်လို့ သိရပါတယ်။

“ ပြည်သူတွေအနေနဲ့ လုံခြံမှုမရှိတော့ဘူးဆိုတဲ့ မက်ဆေ့ကိုပေးချင်တယ်။ဖြစ်ပြီးတဲ့သူကတော့ ဖြစ်ပြီးသွားပြီ။နောက်ထပ် ထပ်မဖြစ်ရအောင် သတိပေးချင်တာပါ” လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

အဲဒီအမှုနဲ့ ပတ်သက်ပြီး မိသားစုဝင် တွေက အမှုဖွင့်တိုင်တန်းတာမျိုး မလုပ်တော့ဘူးလို့လည်း သိရပါတယ်။

၂၀၂၅ နှစ်ကုန်ပိုင်းမှာလည်း ကျီးကန် မြောက်ရွာ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ဝင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါ သေးတယ်။

ဝက်လက်မြို့နယ်အနောက်ခြမ်းဟာ တော်လှန်ရေးတပ်တွေများစွာစိုးမိုးထားတဲ့ နေရာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်က ကျွဲဆည်ကန်ကားကြီးကွင်းဟောင်းတဝိုက်မှာ လုယက်မှုတွေ အဖြစ်များနေပြီး မနေ့က အမျိုးသမီးတစ်ဦး ဆွဲကြိုး လုယက်ခံရလို့ ကျပ်သိန်း ၂၀၀ ဖိုးခန့် ဆုံးရှုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ သိပ္ပံလမ်းမှာ လူတ်စုက ဆိုင်ကယ် စစ်မယ်ဆိုပြီး ကျပ်သိန်း ၁၂၀ ကျော် လုယူသွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဒီဇင်ဘာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃား၂ပါးနဲ့ ပြည်သူ ၂၆ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃) ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ သွားလာခြင်းမပြုဖို့ သတိပေးထားကြောင်း သတင်းရရှိပါတယ်။

Facebook