close
Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့အနီး စစ်ကောင်စီ ဗုံးကြဲ၊ အမျိုးသမီး၂ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ လိန်ပင်ကျေးရွာကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၉ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးစဉ် မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ်များ။ ဓာတ်ပုံ - ဝက်လက်မြို့နယ်လူထုတိုက်ပွဲဦးဆောင်မှုကော်မတီ

ဒီဇင်ဘာ-၂၉၊၂၀၂၅။အိမ်သွင်၊ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နဲ့ ကပ်လျက်ရှိနေတဲ့ လိန်ပင်ကျေးရွာကို စစ်ကောင်စီက ဒီနေ့ ဒီဇင်ဘာ ၂၉ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီး၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

နေ့လယ် ၁၁နာရီ ၃၃မိနစ်က‌နေ ၁၁နာရီ ၃၆မိနစ်ကြားမှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၈လုံးကြဲချသွားတာလို့ မြို့ခံတွေက ပြောပါတယ်။

” လိန်ပင်ရွာက မြို့နဲ့ကပ်နေတဲ့ရွာပါ။ အခုက တိုက်ပွဲမရှိပါဘူး။ ဗုံး၈ လုံးကို တစ်ကြိမ် ၂လုံးစီနဲ့ ၄ကြိမ်ကြဲတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် လိန်ပင်ကျေးရွာက အမျိုးသမီးနှစ်ဦးသေဆုံးပြီး အမျိုးသမီး၃ဦးအမျိုးသား၁ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

“ ရွာအ နောက်ပိုင်းက နေအိမ်ပေါ်တည့်တည့်ကိုကျတာ။အိမ်မီး လောင်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အမျိုးသား တစ်ဦးနဲ့ နောက်ထပ်အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာ တွေရတယ်လို့ သိရပြီး အသေးစိတ်အချက် အလက်ကို မသိရသေးပါဘူး။ မည်သည့် စစ်ရေးလှုပ်ရှားမှုမှ မရှိဘဲစစ်ကောင်စီတပ်က အဲဒီရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာ ၂၈ရက်က ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ဒီဇင်ဘာတစ်လလုံးမှာ လေကြောင်းကနေဗုံးကြဲမှုတွေ အရှိန်မြှင့်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ဗုံးကြဲခံရတဲ့ ဒေသကပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မြို့ကလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ်တွေကို စစ်ကောင်စီက ဗုံးကြဲခဲ့လို့ ဒီဇင်ဘာ ၁ရက်ကနေ ဒီနေ့အထိ အရပ်သား ၁၇၀ နီးပါးသေဆုံးပြီး ၂၄၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲမှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အစစအရာရာအသာစီးရထားတာမို့ မနိုင်ရင်ကိုယ့်ကိုကိုယ်သတ်သေကြလို့ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ညီညွတ်ရေးပါတီရဲ့ ဒုဥက္ကဌ ညီညီလွင် ကသူရဲ့လူမှုကွန်ယက်ကတဆင့် ဒီကနေ့ ​ရေးသားထားပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်က ဦးဆောင် ကျင်းပတဲ့ ဂီနီရာ ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင် မာမဒီ ဒွမ်ဘူယာပဲ အာဏာရလာဖွယ် ရှိနေကြောင်း လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံအတွင်းရှိ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရုံး မနေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

သတင်း

ကိုရီးယားရောက် မြန်မာတွေအနေနဲ့ စစ်အာဏာရှင်ကျဆုံးချိန်အထိ လူထုတော်လှန်ရေးမှာပါဝင်သွားမယ်လို့ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီက အသိပေးပါတယ်။