သတင်း နမခစစ်ကြောင်း ရွှေဘိုနဲ့ ဝက်လက်မှာ တိုက်ခိုက်ခံရပြီး အထိနာ အနောက်မြောက်ပိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်ကိုင်းတိုင်းက မြို့နယ်အချို့မှာ ထိုးစစ်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းက အရာရှိတချို့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ဆေးရုံတင်ထားရကာ သေဆုံးသူတွေလည်းရှိတယ်လို့ လူထုနွေဦးရဲ့ နမခတပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayoo11 minutes ago
သတင်း ဝက်လက်အရှေ့ခြမ်း တိုက်ပွဲပြင်းထန်နေပြီး နယ်မြေတချို့ကို တော်လှန်ရေးတပ်တွေ လက်လွှတ်ထားရ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ သစ်ဆိမ့်ရွာက စစ်တပ်က အင်အားတိုးပြီး ဆက်တိုက် စစ်ကြောင်းထိုးလာလို့ နယ်မြေတချို့ ဆုံးရှုံးလိုက်ရသလို တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ ludunwayoo23 နာရီ ago
သတင်း ဝက်လက်မြို့နယ်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း သစ်ဆိမ့်ရွာအနီးမှာ စစ်တပ်က စစ်ကြောင်းထပ်တိုးဖို့ ကြိုးစားနေတာမို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ ၂ပတ်ရှိပြီလို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 25, 2026
သတင်း ဝက်လက်မှာ စစ်တပ်ရဲ့ဂျန်မာကား တော်လှန်ရေးတပ်တွေ တိုက်ခိုက်ဖျက်ဆီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်တပ်ရဲ့ဂျန်မာကားတစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးရဲဘော်တချို့က ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 2, 2026
သတင်း ဝက်လက်အနောက်ခြမ်းမှာ စပါးပွဲစားတစ်ဦး လုယက်သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျီးကန် မြောက်ကျေးရွာက စပါးပွဲစားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရဲပီး ကျပ်သိန်း၆၀၀ လုယူခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ LuduNwayOoဇန်နဝါရီ 27, 2026
သတင်း ဝက်လက်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် တစ်လအတွင်း ပြည်သူ ၂ဒါဇင်ကျော် သေဆုံး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဒီဇင်ဘာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃား၂ပါးနဲ့ ပြည်သူ ၂၆ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ရဲ့ စာရင်းတွေအရ သိရပါတယ်။ ludunwayooဇန်နဝါရီ 3, 2026
သတင်း အမှတ်(၃)ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ သွားလာခြင်းမပြုဖို့ သတိပေး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က အမှတ်(၃) ခရိုင်ချင်းဆက်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေလို့ သွားလာခြင်းမပြုဖို့ သတိပေးထားကြောင်း သတင်းရရှိပါတယ်။ ludunwayooဒီဇင်ဘာ 26, 2025
သတင်း ဝက်လက်နယ်အရှေ့ခြမ်း လေကြောင်းတိုက်ခံရမှု ကလေးငယ်အပါအဝင် စစ်ရှောင် ၇ဦး သေဆုံး စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းက ငါးပတ်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ကလေးငယ်တွေအပါအဝင် ၇ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 25, 2025
သတင်း ဝက်လက်အရှေ့ခြမ်းစစ်တပ်ဗုံးကြဲကလေးငယ်အပါအဝင်ပြည်သူ၅ဦးသေဆုံးပြီး၅ဦးဒဏ်ရာရ ကလေးငယ်တစ်ဦးအပါအဝင် ဒဏ်ရာရသူ ၂ ဦးအခြေအနေစိုးရိမ်နေရ ludunwayooဒီဇင်ဘာ 3, 2025
သတင်း ဝက်လက်မှာ စစ်ကြောင်းပျက်သွားတဲ့ စစ်တပ်ထံမှလက်နက် ၃၀ ကျော်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ လက်နက် ၃၀ ကျော်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ကြောင်း Black Wolf Armyက သတင်းထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 27, 2025