close
Connect with us

Hi, what are you looking for?

သတင်း

ခမရ(၅၈၈)တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း သုံးဦးအလင်းဝင်လာ

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ‌အမှတ်(၅၈၈)ခြေမြန်တပ်ရင်း(ခမရ-၅၈၈)က စစ်မှုထမ်းသစ်တန်းဆင်းသုံးဦး သေနတ်တွေယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ထပ်မံအလင်းဝင်လာပါတယ်။

(ဇန်နဝါရီ ၁၅ရက်က အလင်းဝင်လာတဲ့ စစ်မှုထမ်းသင်တန်းဆင်း သုံးဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ရေးပြောက်ကျားတပ် -YGF)

ဇန်နဝါရီ-၂၀၊၂၀၂၆။အိမ်သွင်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ‌အမှတ်(၅၈၈)ခြေမြန်တပ်ရင်း(ခမရ-၅၈၈)က စစ်မှုထမ်းသစ်တန်းဆင်းသုံးဦး သေနတ်တွေယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ထပ်မံအလင်းဝင်လာပါတယ်။

ရေးမြို့နယ် မော့ကနင်ရွာမှာ အခြေစိုက်တဲ့ ခမရ(၅၈၈)တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်းသုံးဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ၊ နည်းဗျူဟာ(၃၃)၊ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းကို အလင်းဝင်လာတာဖြစ်ပါတယ်။

စစ်မှုထမ်းအပတ်စဥ်(၁၆)သင်တန်းဆင်းတွေ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာဖြစ်တယ်လို့ ရေးပြောက်ကျားတပ်(YGF)တပ်ရင်းမှူး ရဲဘော်ဗိုလ်ကျန်ရစ်က ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၁၅ ရက်ကလည်း ရေးမြို့နယ်ကျောင်းရွာစံပြကျေးရွာမှာ အခြေစိုက်တဲ့ ခမရ(၅၉၁)တပ်ရသင်းက စစ်မှုထမ်းသစ်တန်းဆင်းသုံးဦးဟာ YGFထံ အလင်းဝင်ခဲ့ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုခုခံစစ်မှု သေဆုံးမှုတွေများပြီး အင်အားနည်းလာတဲ့

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီး အသက်(၁၈)နှစ်ကနေ (၃၅)နှစ်ကြားအမျိုးသားတွေကို စစ်သားစုဆောင်းနေပါတယ်။အခုဆိုရင် စစ်မှုထမ်းသင်တန်းအပတ်စဉ်(၂၁)ကို ရောက်နေပါပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဖြစ်လာသူ တပ်သား အဆင့် ၄ ဦး လက်နက်နဲ့အတူ ဘက်ပြောင်းလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)လက်အောက်ခံ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်အား ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၏ ပူးပေါင်းမှုဖြင့် PDF တောင်ပိုင်း အမှတ်(၁)စစ်ဆင်ရေးနယ်မြေနှင့် အမှတ်(၂)စစ်ဆင်ရေးနယ်မြေတို့၏ အစီအစဉ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သတင်း

ခမရ (၅၄၀) တပ်ရင်းသည် မြောက်ဦးပြည်သူလူထုနှင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ဒုက္ခပေးဖျက်ဆီးနေသောစစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ဖွဲ့ကလည်း ထုတ်ပြန်သည်။

သတင်း

AAက သိမ်းယူရန် တိုက်ခိုက်နေသည့် မင်းပြားမြို့အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ (၃၇၉) တပ်ရင်းထံမှ လတ်တလော သိမ်းရထားသည့် လက်နက်ခဲယမ်းမီးကျောက်များနှင့်စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ထုတ်ဖော်ပြသခဲ့သည်။