close
Connect with us

Hi, what are you looking for?

သတင်း

ကယန်းအမျိုးသားတပ်မတော်က တပ်ရင်းအသစ် ၂ရင်းတိုးချဲ့ပြီး ဗဟိုဌာနချုပ်ရုံဖွင့်ပွဲ ပြုလုပ်

ကယန်းအမျိုးသားတပ်မတော်(KNA)က တပ်ရင်းအသစ်တွေတိုးချဲ့ပြီး ဗဟိုဌာနချုပ်ရုံးချုပ်ဖွင့်ပွဲကို ဒီကနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Kayan National Army

ဇန်နဝါရီ-၇၊၂၀၂၆။ဇော်ဝင်း/People’s Spring

ကယန်းအမျိုးသားတပ်မတော်(KNA)က တပ်ရင်းအသစ်တွေတိုးချဲ့ပြီး ဗဟိုဌာနချုပ်ရုံးချုပ်ဖွင့်ပွဲကို ဒီကနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကနေ့(ဇန်နဝါရီ ၇ရက်) ကယန်းဒေသတနေရာမှာ ဖွင့်လှစ်ခဲ့ပြီး တဆက်တည်းမှာပဲ တပ်ရင်းအမှတ် (၂၁၁၄)နဲ့ (၂၁၁၅)တပ်ရင်း ၂ရင်းကိုလည်း တိုးချဲ့ဖွဲ့စည်းတယ်လို့ အသိပေးပါတယ်။

ကယန်းအမျိုးသားတပ်မတော်ကို ၂၀၂၄ အောက်တိုဘာ၂၉ရက်က တပ်ရင်း ၈ရင်းနဲ့စတင်ဖွဲ့စည်းခဲ့ပြီး အခုချိန်မှာ တပ်ရင်း ၁၃ရင်းအထိ ရှိလာပြီလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ အင်အားက အသင့်အတင့်ရှိလာပြီလို့ ပြောလို့ရတယ်” လို့ KNA ရဲ့ စစ်​ရေးသတင်းပြန်ကြားရေးတာဝန်ခံ ကိုခွန်းဆောင်ဒူက ပြောပါတယ်။

လက်ရှိ စစ်ရေးအခြေအနေအရ ကရင်နီပြည်နယ်နဲ့ ကယန်းဒေသတွေဖြစ်တဲ့ ဖယ်ခုံ၊မိုးဗြဲနဲ့ ဒီးမော့ဆိုမြို့တွေမှာ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

KNAရဲ့ အင်အားက ၁,၀၀၀ ဝန်းကျင်ထက်မနည်းရှိနိုင်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေ ကခန့်မှန်းထားပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ အင်အားက ၅,၀၀၀ဝန်းကျင်ရှိနိုင်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်နဲ့ ကယန်းဒေသမှာ NUG လက်အောက်ခံတပ်ရင်း ၁၀ရင်းဝန်းကျင်ရှိပြီး တပ်အင်အား ၁,၅၀၀ ဝန်းကျင်ရှိတယ်လို့ စစ်ဘက်စစ်တမ်းတချို့မှာ ဖော်ပြထားပါတယ်။

တပ်ဖွဲ့စည်းပုံအင်အားအများဆုံးက စစ်တပ်အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ဖြစ်ပြီး တပ်ရင်း ၃၄ရင်းနဲ့ ဗျူဟာ ၉ခုရှိကာ အမာခံတိုက်ခိုက်ရေးအင်အား ၈,၀၀၀ ထက်မနည်းရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ