close
Connect with us

Hi, what are you looking for?

သတင်း

မြိတ်ခရိုင် တကူရွာကို စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်အပါအဝင် ပြည်သူအချို့ ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်အတွင်းက တကူကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ မြိတ်-ထားဝယ်ခရိုင်အတွင်းက တကူကျေးရွာက မီးသတ်အဆောက်အဦး ထိမှန်ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU-MTD

အောက်တိုဘာ-၁၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်အတွင်းက တကူကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၀ရက် မနက် ၉နာရီခွဲမှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး တကူရွာက မီးသတ်တပ်ဖွဲ့ အဆောက်အဦး ပျက်စီးမှု ရှိခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံမှာ တွေ့ရပါတယ်။

လေကြောင်း တိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် လမ်းသွားလမ်းလာပြည်သူ အချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေကြောင်းလည်း KNU မြိတ်ထားဝယ်ခရိုင်က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ KNU မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) နယ်မြေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိပါတယ်။

ဒီမနက် အစောပိုင်းကလည်း KNU ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၈ရက်ကလည်း ထီးခီးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့လို့ ဒေသခံတွေ မြန်မာ-ထိုင်းနယ်စပ်မှာ သွားရောက်စစ်ရှောင်နေရပါတယ်။

KNU အုပ်ချုပ်နယ်မြေတွေကိုသာမက နိုင်ငံတဝန်း အရပ်သား ပြည်သူနေထိုင်ရာ နေရာတွေကို ပြစ်မှတ်ထားတဲ့ လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူ အစုလိုက် သေဆုံးထိခိုက်တဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ပိုင်းကို ယနေ့(စက်တင်ဘာ၂၁ရက်) ညနေ၂နာရီ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်သွားသည်။

သတင်း

​ကျောက်မဲမြို့နယ် ၊နောင်ပိန်ရွာအနီးမှာ တိုက်ပွဲ​တွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းမှာ လေကြောင်းက​နေ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။

သတင်း

အာဏာသိမ်း စစ်ကောင်စီတပ်က တပ်စခန်းဟောင်းနေရာဖြစ်သည့် ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးဒေသ ကောင်းခန့်တပ်စခန်းကို ဩဂုတ် ၁၄ရက်ညသန်းခေါင်ယံတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။