close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်က စာသင်ကျောင်း စစ်ကောင်စီဗုံးကြဲမှု စစ်ရှောင်ကလေးငယ် ၃ ဦးနဲ့ မသန်စွမ်းအမျိုးသမီးတဦး သေဆုံး၊ ၂၂ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

၂၀၂၅အောက်တိုဘာ ၄ရက်က မင်းတပ်မြို့နယ် အနောက်ရပ်ကွက်က ဟုန်းဟုန်းဟိုတယ်ကို လေကြောင်းကနေ ဗုံးကြဲခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

“ ပညာသင်ကြားတာဟာ အပြစ်ကြီးဖြစ်နေသလား၊ ကျောင်းတွေမှ ကြဲရတယ်လို့ ဗိုက်ရောပြည့်ကြရဲ့လား။ ထမင်းစားချိန်ကြီးဆို RIP ပါကလေးတို့”

— ဒေသသတင်းရင်းမြစ်

အောက်တိုဘာ-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

အောက်တိုဘာ ၈ရက် ည ၇နာရီခန့်မှာ မင်းတပ်မြို့နယ် ၀မ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ထင်ချောင်းစာသင်ကျောင်းက အမှန်က စစ်ဘေးရှောင်တဲပါ။ စစ်ဘေးရှောင် Campကိုပဲ စစ်ဘေးရှောင်လက်ခံထားရင်းနဲ့ စစ်ဘေးရှောင် ကလေးတွေကို စာသင်ပေးရင်းနဲ့ စာသင်ကျောင်းပုံစံဖြစ်လာတာ။ အဲဒီမှာကျောင်းသား ၃ဦး၊ မသန်စွမ်း အမျိုးသမီး ၁ဦးပေါ့ လေးဦး။ အဲဒီလိုမျိုးသေဆုံးပြီးမှ ဒဏ်ရာရတဲ့သူ ၂၂ဦးရှိပါတယ်”လို့ ဆလိုင်းယောမာန်က စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးထိခိုက် အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသသတင်းရင်းမြစ်တဦးကလည်း “ပညာသင်ကြားတာဟာ အပြစ်ကြီးဖြစ်နေသလား…ကျောင်းတွေမှ ကြဲရတယ်လို့… ဗိုက်ရောပြည့်ကြရဲ့လား. ထမင်းစားချိန်ကြီးဆို.. RIP ပါကလေးတို့”ဟု လူမှုကွန်ရက်မှာ ရေးသားကာ စစ်ကောင်စီရဲ့ စာသင်ကျောင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်အပေါ် မေးခွန်းထုတ်ထားပါတယ်။

မင်းတပ်ဒေသခံတဦးကလည်း “ ဟူး … ဆုတောင်းမပြည့်ခဲ့ဘူး… သေဆုံး၊ ထိခိုက်တာတွေရှိတယ်ဗျာ…ပညာသင်ကြားလို့ ပြစ်မှုမြောက်တဲ့ နိုင်ငံမှာ နေရတာလည်း”လို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများပြားမှု အခြေအနေအပေါ် ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်မြို့ကို အောက်တိုဘာ ၄ရက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်တာ နေအိမ်နဲ့ ဟိုတယ် အဆောက်အဦး ပျက်စီးတာတွေရှိခဲ့ပါတယ်။

မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် နဲ့ မဟာမိတ်တွေက ၂၀၂၄ ဒီဇင်ဘာမှာ သိမ်းပိုက်ထားတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ဆုံးရှုံးထားတဲ့ နယ်မြေတွေအပါအဝင် နိုင်ငံတဝန်း ပြည်သူနေထိုင်ရာနေရာတွေ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စေတီတွေ၊ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် မြောက်ပိုင်းမှာ အင်အား အသင့်အတင့် ငလျင်တစ်ခု လှုပ်ခတ်ပြီးတဲ့နောက် အနီးတဝိုက်က ကျောင်းတွေကို အရေးပေါ် ပိတ်ထားလိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ ၈ရက်) မှာ Y12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးများကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ကိုစစ်ကောင်စီတပ်ကဒီနေ့(အောက်တိုဘာ ၈ရက်) ညပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်ကပြောပါတယ်။

နိုင်ငံတကာ

ရုပ်အလောင်း ၆၇ ခုထိ ရှာတွေ့ပြီးတဲ့ နောက်မှာတော့ အင်ဒိုနီးရှား နိုင်ငံက စာသင်ကျောင်း ပြိုကျတဲ့ နေရာမှာ ရှာဖွေရေး လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။