close
Connect with us

Hi, what are you looking for?

သတင်း

င်းတပ်နဲ့ သီပေါကို စစ်တပ်ဗုံးထပ်ကြဲ၊ပြည်သူအချို့အပြင်းအထန်ဒဏ်ရာရ

ချင်းပြည်နယ်မင်းတပ်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မနက်အ​စောပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့တဲ့အတွက် ပြည်သူအချို့ အပြင်းအ ထန်ဒဏ်ရာရ​ကြောင်းသက်ဆိုင်ရာဒေသ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့ဗုံးကြဲခံရပြီး​နောက် မြင်ကွင်း။ ဓါတ်ပုံ-CDF-မင်းတပ်

အောက်တိုဘာ-၄၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ်မင်းတပ်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မနက်အ​စောပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့တဲ့အတွက် ပြည်သူအချို့ အပြင်းအ ထန်ဒဏ်ရာရ​ကြောင်းသက်ဆိုင်ရာဒေသ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်(CDF) -မင်းတပ်ပါဝင်တဲ့ ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့ကို စစ်ကောင်စီက အောက်တိုဘာ ၄ရက် မနက်အစော (ယမန်နေ့ည သန်းခေါင်ကျော်)အချိန်မှာ ဗုံး ၂ ကြိမ် ကြဲခဲ့တယ်တာ​ကြောင့် ပြည်သူ(၃)ဦးပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့CDF မင်းတပ်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြည်သူနေအိမ်အချို့လည်းထိခိုက်ပျက်စီးခဲ့ပါတယ် ။အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်ကိုမြေပြင်ထိုးစစ်မလုပ်နိုင်သေးတဲ့အခြေအနေ

Public Service Announcement

Public Service Announcement

မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာဖြစ်ပါတယ်။

ဗုံးကြဲခံရမှု​နောက်ဆက်တွဲအ​ခြေအ​နေ​တွေကို မင်းတပ်CDF ကတာဝန်ရှိသူ​တွေထံ People’s Spring က ဆက်သွယ်​မေးမြန်းဖို့ကြိုးစား​နေ​ပေမယ့်ဆက်သွယ်မရ​သေးပါဘူး ။

ဒါ့အပြင် တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)သိမ်းပိုက်ထားတဲ့ သီပေါမြို့ကိုလည်း စစ်တပ်က ဒီကနေ့ မနက်မှာ ထပ်မံဗုံးကြဲခဲ့တယ်လို့ TNLAက အသိပေးပါတယ်။အောက်

တိုဘာ ၄ရက်မနက် ၇နာရီ ၅၀လောက်မှာ သီပေါမြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုဆက်လက်အသိပေးမယ်လို့ TNLAက ​ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ​ကျောက်မဲမြို့ကိုပြန်ထိန်းချုပ်ပြီး​နောက်တစ်ရက် အောက်တိုဘာ ၂ရက်ညကလည်း သီပေါမြို့နယ် စံဖိတ်တ်ရွာ၊ ကုမုဒြာဟိုတယ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ဒါ့အပြင် နမ္မတူမြို့ကိုလည်း စစ်တပ်ကဗုံးကြဲခဲ့လို့ ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ပြည်သူလူထုများတည်ရှိရာကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီက တိုက်ခိုက်တာလို့ TNLA က ထုတ်ပြန်ပါတယ်။

ဒီလို တိုက်ခိုက်နေလို့ စစ်ရေးသတိအမြဲရှိဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေလိုက်နာဖို့ လိုအပ်ကြောင်း TNLA က နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ