close
Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းလူငယ် ၁၄ ဦး အလင်းဝင်လာပြီး စစ်ကောင်စီကို ပြန်တိုက်နေဟု ကလေးခရိုင်ပကဖ ပြော

စစ်ကောင်စီပေါ်တာဆွဲဖမ်းဆီးခဲ့သည့် စစ်မှုထမ်း လူငယ် ၁၄ ဦး လက်နက်များဖြင့်အလင်းဝင်လာပြီး စစ်ကောင်စီကို ပြန်တိုက်နေကြောင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ စက်တင်ဘာ ၁၇ရက်တွင် ထုတ်ပြန်သည်။

ဓာတ်ပုံ - ကလေးခရိုင် ပကဖ

စက်တင်ဘာ -၁၇ ၊၂၀၂၅။ဇော်ဝင်း /People’s Spring

စစ်ကောင်စီပေါ်တာဆွဲဖမ်းဆီးခဲ့သည့် စစ်မှုထမ်း လူငယ် ၁၄ ဦး လက်နက်များဖြင့်အလင်းဝင်လာပြီး စစ်ကောင်စီကို ပြန်တိုက်နေကြောင်း ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ စက်တင်ဘာ ၁၇ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အတင်းအဓမ္မပေါ်တာဆွဲခံရသူများသည် ယခုနှစ်ဇူလိုင် နှင့် ဩဂုတ်လ အတွင်း၌ ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်ခဲယမ်းများဖြင့် ခိုလှုံလာခြင်းဟု ဆိုသည်။

ပါရှိသည့် လက်နက်ခဲယမ်းများအရ MA-3 အမျိုးအစားလက်နက် ငါးလက်၊ MA-1 လက်နက် နှစ်လက်နှင့် ကျည်များပါရှိသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ခိုလှုံလာသော တိုင်းရင်းသားလူငယ်လူရွယ် များကို အရေးပေါ် ဆုတော်ငွေအဖြစ် တဦးလျှင် ငွေကျပ် သိန်းသုံးဆယ်ချီးမြှင့်ခဲ့သည်။

ထို့အပြင် ခိုလှုံလာသူများသည် တော်လှန်ရေးရဲဘော် များနှင့်အတူ စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်နေပြီးဟုလည်းဖော်ပြသည်။

“ ယာဥ်တိုက်မှုဖြစ်တယ်။ ထောင်ကျခံမလားစစ်မှုထမ်းမလား။အဲဒီလိုလူတွေပါသလို အထည်ချုပ်စက်ရုံကလူငယ်တွေရော။ရန်ကုန်မှာ ညနက်ဘောပွဲကြည့်ပြီး အပြန်ဆွဲခံရတဲ့သူ တွေလည်း ပါတယ်” ဟု ကလေးခရိုင် ပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောသည်။

ခိုလှုံလာသည့် စစ်မှုထမ်းသူများတွင် အသက်(၁၈)နှစ်အရွယ်များပါရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်များဖြစ်သည့် တိုင်းရင်းသား လူငယ်လူရွယ်များအား လူမျိုးပျက်သုန်းစေရန်ရည်ရွယ်၍ လက်နက်အားကိုး အဓမ္မပေါ်တာဆွဲ၍ စစ်မြေပြင်၌ အသေခံစေကာ အာဏာရှင်သက်ဆိုးရှည်စေရေးအတွက် လူမဆန်စွာ လုပ်ဆောင်နေကြောင်း အသိပေးသည်။

ရှေ့တန်းစစ်မျက်နှာနှင့် မြို့၊ ရွာများ၌ ပြည်သူများအချင်းချင်း ပြန်လည်သတ်ဖြတ်ရမည့် အမိန့်ပေးမှု၊ စေခိုင်းမှုများအား ဆန့်ကျင်၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံသို့ အဓမ္မစစ်မှုထမ်းရသူများအလုံးအရင်းဖြင့် အလင်းဝင်ရောက်နေသည်ဟုလည်း ကလေးခရိုင်ပကဖက ဆိုသည်။

စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၄၀၀ကျော် ယခုနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက သြဂုတ် တတိယပတ်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီအထိနာနေသော နတ်ရေကန်ဗျူဟာအနီး စစ်မြေပြင်မှ စစ်မှုထမ်းသင်တန်း ဆင်း၅ဦးသည် လက်နက်ခဲယမ်းများယူဆောင် ထွက်‌‌ ပြေးလာပြီး မင်းဘူးခရိုင်၊အမှတ် ၂တပ်ရင်းထံသို့ အလင်းဝင်လာသည်။

သတင်း

ပဲခူးတိုင်း ၊ကျောက်တံခါးမြို့နယ် စစ်ကောင်စီ၏ နတ်သံကွင်းကာကင်းစခန်းမှ ပြည်သူ့စစ် တပ်သားသစ် တဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပဲခူးခရိုင် တပ်ရင်း(၂)က စက်တင်ဘာ ၁၂ရက်တွင် ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီ၏ ဒစ်ဂျစ်တယ် အကြမ်းဖက်စစ်ဆင်ရေးအတွက် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်း ကုမ္ပဏီများပူးပေါင်း၍ကူညီပေးနေကြောင်း Justice For Myanmar က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ထုတ်လိုက်သည်။

ဆောင်းပါး

သတိုး၊​နေ့သစ်/People’s Spring ပြီးခဲ့တဲ့ ၄နှစ်​ကျော်လုံး လက်နက်ကိုင်​တွေခြံရံပြီး မန္တ​လေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်​ပေးမယ့် ပျူ​စောထီး​တွေ​မွေးထုတ်ပြီး ၊​တော်လှန်​ရေးအင်အားစု​တွေ နဲ့ ပြည်သူ​တွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့တဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သွား ရောက်ခဲ့ပါတယ်။ ဘန်ကောက်ရောက်ခရီးသွားတွေ အမှတ်တရဓာတ်ပုံရိုက်ကူးကြတဲ့ ဝပ်အာရွှန်(Wat Arun)ဘုရား ရောက်နေတယ်ဆိုပြီး ပေါက်ကိုယ်တော်က စက်တင်ဘာ...

Facebook