close
Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်ကို စစ်တပ်က အပြင်းအထန်လေကြောင်းတိုက်ခိုက်၊ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့မှာ လေကြောင်းကနေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေရာ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ − MDY PDF

စက်တင်ဘာ−၁၃၊ ၂၀၂၅/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့မှာ လေကြောင်းကနေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။

ဒီကနေ့ (စက်တင်ဘာ၁၃ရက်)မှာ ညောင်ပင်သာကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ကလေးငယ်တဦးအပါအဝင် ပြည်သူ ငါးဦးသေဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ နေ့လည် ၁၂နာရီခွဲမှာ စစ်ကောင်စီဟာ ညောင်ပင်သာရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီဟာ ဒီကနေ့ ညနေ ၄နာရီဝန်းကျင်မှာလည်း သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ(၄၀)ခန့် ကြဲချတိုက်ခိုက်ခဲ့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

Y-12 နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာအနီးက ကလေးငယ် တဦးနဲ့ အမျိုးသမီး တဦး အသက်ဆုံးရှုံးခဲ့ရပြီး အပြစ်မဲ့ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများဟာ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်၊အိုးအိမ်၊စည်းစိမ်တွေကို နေ့စဉ်နဲ့ အမျှ ခြိမ်းခြောက်ဖျက်ဆီးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်ထဲက ရွာ၂ရွာကို စစ်တပ်ကလေကြောင်း နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်မှာ စစ်တပ်က တိုက်ပွဲမဖြစ်ဘဲစာသင်ကျောင်းနဲ့ ရွာတရွာကိုလေကြောင်းကနေတိုက်ခိုက်သွားပါတယ်။

နိုင်ငံတကာ

ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ အစ္စရေးရဲ့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပေမယ့် အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းတွေ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်က ကြေညာခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများ အင်အားသုံးပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။