စက်တင်ဘာ-၇၊၂၀၂၅။People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ စာသင်နေတဲ့အိမ်ကို စစ်တပ်က လေကြောင်းကဗုံးကြဲလို့ ဆယ်နှစ်သား ကလေးတဦးသေဆုံးပြီး ကလေးငယ်၅ ဦးအပါအဝင် ပြည်သူ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်ပါတယ်။
စက်တင်ဘာ (၇)ရက်၊မွန်းလွဲ (၂)နာရီခန့်က စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ဖြူကျေးရွာအတွင်းရှိ စာသင်ကြားရာနေအိမ်ကို ထိမှန်ခဲ့ပြီး (၁၀)နှစ်အရွယ် ကလေးငယ် ၁ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မန္တလေး PDFက အသိပေးပါတယ်။
ဒါ့အပြင် ကလေးငယ် (၅)ဦးအပါအဝင်ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထပ်မံ အသိပေးပါတယ်။စစ်တပ်ဟာအရပ်သားပစ်မှတ်တွေဖြစ်တဲ့ ပြည်သူပိုင်နေအိမ်တွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို မကြာခဏ ဦးတည်တိုက်ခိုက်နေတာဟာစစ်ရာဇဝတ်မှုမြောက်ပြီး အလွန်အောက်တန်းကျသော လုပ်ရပ်တွေဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ကြေညာပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဟာ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းတလျှောက် သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာလမ်းပိုင်းကို ပြန်လည်စိုးမိုးဖို့ ကြိုးစားနေတယ်လို့ သတင်းရရှိပါတယ်။
