close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း(၁)ဒီဇင်ဘာ၂၈ မှာ ကျင်းပမယ်ဆို

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်မယ်လို့ ဒီနေ့ သတင်းထုတ်ပြန်လိုက်ပြီး အပိုင်း(၁)ကို လာမယ့် ဒီဇင်ဘာ ၂၈ရက်မှာ ကျင်းပမယ်လို့ ဖော်ပြပါတယ်။

(​၂၀၂၀​ရွေး​ကောက်ပွဲအနိုင်ရ အရပ်သားအစိုးရထံမှ အာဏာကို စစ်တပ်က ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်က သိမ်းယူခံ့စဥ်။ဓါတ်ပုံ-AP)

သြဂုတ်-၁၈၊ ၂၀၂၅။ People’s Spring

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပပြုလုပ်မယ်လို့ ဒီနေ့ သတင်းထုတ်ပြန်လိုက်ပြီး အပိုင်း(၁)ကို လာမယ့် ဒီဇင်ဘာ ၂၈ရက်မှာ ကျင်းပမယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေနဲ့ ကျင့်သုံးမယ့် ရွေးကောက်ပွဲစနစ်အကြောင်းကို ထုတ်ပြန်ခဲ့ပြီး ဒီနေ့မှာတော့ ရွေးကောက်ပွဲ အပိုင်း(၁)စတင် ကျင်းပမယ့်ကို ထုတ်ပြန်လာတာပါ။ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ရက်မှာ စတင်ကျင်းပပြုလုပ်မှာဖြစ်ပြီး ဆက်လက်ကျင်းပမယ့် အပိုင်းလိုက်နေ့ရက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတဝန်း မြို့နယ်အားလုံးမှာ ကျင်းပမယ်လို့ ကြေညာထားပြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကို မဲအများဆုံးရသူအနိုင်ရသူစနစ်(FPTP)ကို ကျင့်သုံးမယ်လို့ ဆိုပါတယ်။ FPTP စနစ်ဟာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကစလို့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေမှာတော့ FPTP စနစ်ကိုရော၊ အချိုးကျကိုယ်စားပြုစနစ်(PR)ကိုရော စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က အသုံးပြုမယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အချိုးကျကိုယ်စားပြုစနစ်(PR)ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက တစ်ကြိမ်မျှ အသုံးပြုဖူးခြင်းမရှိသေးပါဘူး။ အာဏာသိမ်းစစ်ကောင်စီက အဲဒီစနစ်ကို စတင်အသုံးပြုမှာဖြစ်ပြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၁၀ အနက် ၂၆ နယ်မှာ ကျင့်သုံးမယ်လို့ ဆိုပါတယ်။ တိုင်းနဲ့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၃၆၄ နယ်ထဲက ၄၂ နယ်ကိုလည်း PR စနစ် ကျင့်သုံးမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတဝန်း မဲဆန္ဒနယ်တွေ သတ်မှတ်ကြေညာထားပေမယ့် နိုင်ငံတဝန်းဒေသအများစုကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုး NUG အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားပါတယ်။ နိုင်ငံတဝန်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်း

ပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်းဟာ ၉၂ မြို့အထိ ရှိနေဆဲဖြစ်ပြီး ပကတိမြေပြင်မှာ စစ်ကောင်စီ အုပ်ချုပ်ရေး မလည်ပတ်နိုင်တဲ့ ဧရိယာများစွာလည်း ရှိပါတယ်။

ကုလသမဂ္ဂထိပ်တန်းအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ(SAC-M)ရဲ့ ၂၀၂၄ မေလကုန် ထုတ်ပြန်ချက် အစီရင်ခံစာမှာ အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းပြည်ကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်တော့ဘူးလို့ ဖော်ပြပါတယ်။ နိုင်ငံ့လူဦးရေ ၆၇ ရာခိုင်နှုန်းအပါအဝင် နယ်မြေ ၈၆ ရာခိုင်နှုန်းကို လွှမ်းခြုံတဲ့ မြို့နယ်တွေဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ တည်ငြိမ်မှု မရှိဘူးလို့ SAC-M က သုံးသပ်ပါတယ်။

ရက္ခိုင်တပြည်နယ်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA)ကလည်း သူ့နယ်မြေတွေမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကျင်းပခွင့် မပြုဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ် သြဂုတ် ၁၁ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုကြေညာပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်အုပ်စုကို ကာလအတိုင်းအဆမရှိ နိုင်ငံရေး ဦးဆောင်ခွင့် အာဏာပေးအပ်သွားနိုင်ဖို့ဖြစ်တာကြောင့် ရွေးကောက်ပွဲမဖြစ်ရေး ကရင်တမျိုးသားလုံးရဲ့ တာဝန်အဖြစ် မှတ်ယူကြဖို့ သြဂုတ် ၁၂ရက်မှာ ကျရောက်တဲ့ ကရင်အမျိုးသားအာဇာနည်နေ့မှာ မိန့်ခွန်းပြောကြားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတဝန်းမဲဆန္ဒနယ် ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်တဲ့ ‘ကိုယ့်ဖဲကိုယ်ချိုး’ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က ပြောပါတယ်။

“အာဏာရူးနေတဲ့ မင်းအောင်လှိုင်က စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို လုပ်နေတာဖြစ်တယ်။ မြန်မာပြည်ကို ကျရှုံးနိုင်ငံ(failed state)ဖြစ်အောင် လုပ်နေတာဖြစ်တယ်။ အဲဒါရဲ့ အဓိက တရားခံက စစ်တပ်ပဲဖြစ်တယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်နေတဲ့ မင်းအောင်လှိုင်အုပ်စုပဲဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ခိုင်ခိုင်မာမာပြောချင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတကာ​ရွေး​ကောက်ပွဲ​လေ့လာ​စောင့်ကြည့်တဲ့အဖွဲ့​တွေနဲ့ နိုင်ငံတကာက လွတ်လပ်မျှတတဲ့​ရွေး​ကောက်ပွဲလို့အသိအမှတ်ပြုခဲ့တဲ့ ၂၀၂၀ ​ရွေး​ကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုး

သားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီ လွှတ်​တော်စ​ခေါ်မယ့် ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်မှာ စစ်အုပ်စုက အာဏာသိမ်းခဲ့တာပဲဖြစ်ပါတယ် ။ အာဏာသိမ်းပြီး ၅ နှစ်ခန့် အကြာမှာ စစ်အုပ်စုကပဲ ​ရွေး​ကောက်ပွဲပြန်လုပ်​ပေးမယ်လို့ဆိုလာတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁၅)မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို ရက္ခိုင်ပြည်နယ်အတွင်း ပြုလုပ်ခွင့်မပေးဟု ရက္ခိုင်ပြည်နယ်၊ မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့(ဩဂုတ် ၁၁ရက်)တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

အတွေးအမြင်

ဒီပ/People’s Spring မြန်မာ့​နွေဦး​တော်လှန်​ရေးအတွက် အ​ရေးကြီးဆုံးအချိန်ကာလကို​ရောက်ရှိ​နေပါပြီ။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ​ကြေညာချက်​တွေတသီတစ်တန်းကြီးထွက်လာပြီး​တဲ့​နောက် အာဏာသိမ်းစစ်အုပ်စု ဘာလုပ်မယ်ဆိုတာကို ခက်ခက်ခဲခဲစဥ်းစားဖို့မလို​တော့ပဲသိနိုင်ခဲ့ပါတယ် ။အ​ရေခွံလဲထားတဲ့ စစ်အုပ်စုက ဒီနှစ်ကုန် နဲ့ ​ရှေ့နှစ်ဆန်းမှာ​ရွေး​ကောက်ပွဲအတုလုပ်ပြီး သူတို့ အလိုချင်ဆုံးနိုင်ငံတကာရဲ့အသိအမှတ်ပြုမှုရ​အောင်မျက်လှည်ပြပါမယ်။ဒီကြားထဲ ​နယ်​မြေ​တွေမဆုံးရှုံးရ​အောင် ၊​တော်လှန်​ရေးတပ်ဖွဲ့တွေ ​ရွေး​ကောက်ကွဲကိုမတားဆီးနိုင်​အောင် ဆုံးရှုံးထားတဲ့​ဒေသအချို့ကို ထိုးစစ်ဆင်မယ် ၊အခွင့်အ​ရေးရရင်ပြန်သိမ်းမယ် ။...

Facebook