close
Connect with us

Hi, what are you looking for?

သတင်း

ပလမြို့ရဲစခန်းကို စစ်ကောင်စီစွန့်ခွာ၊ သုံးပတ်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် သေဆုံးမှုများဟု PDF မြိတ်ခရိုင်တပ်ရင်း(၁)ပြော

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ပလမြို့တွင်ဇူလိုင်၂၄ရက်မှ ယနေ့ ဩဂုတ် ၁၆ရက်အထိ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်းသိမ်းရသော လက်နက်ခဲယမ်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ − မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း

■စစ်ကောင်စီတိုက်ခိုက်၍သံဃာ ၂ ပါးအပါအဝင် အရပ်သား ၂၀ သေဆုံး

ဩဂုတ်−၁၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ပလမြို့တွင်ဇူလိုင်၂၄ရက်မှ ယနေ့ ဩဂုတ် ၁၆ရက်အထိ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင်၂၄ရက်တွင်စစ်ကောင်စီတပ်များသည်ပုလောမြိုနယ်၊ပလမြို့သို့ စစ်ကြောင်းထိုးဝင်ရောက်ရန်ကြိုးပမ်းလာ၍ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲများမှ တန်ပြန် ထိုးစစ် ဆင်နွှခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ပလမြို့ရဲစခန်းကို စစ်ကောင်စီစွန့်ခွာ၊ သုံးပတ်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် သေဆုံးမှုများဟု PDF မြိတ်ခရိုင်တပ်ရင်း(၁)ပြော ■စစ်ကောင်စီတိုက်ခိုက်၍သံဃာ ၂ ပါးအပါအဝင် အရပ်သား ၂၀ သေဆုံး ဩဂုတ်−၁၆၊ ၂၀၂၅။ ထားမြတ်/People’s Spring တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ပလမြို့တွင်ဇူလိုင်၂၄ရက်မှ ယနေ့ ဩဂုတ် ၁၆ရက်အထိ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။ ဇူလိုင်၂၄ရက်တွင်စစ်ကောင်စီတပ်များသည်ပုလောမြိုနယ်၊ပလမြို့သို့ စစ်ကြောင်းထိုးဝင်ရောက်ရန်ကြိုးပမ်းလာ၍ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲများမှ တန်ပြန် ထိုးစစ် ဆင်နွှခဲ့ဟု အသိပေးသည်။ ထိတွေ့တိုက်ပွဲကြီး (၉) ကြိမ်နှင့် ထိတွေ့တိုက်ပွဲငယ်များစွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ၅၃ဦးသေဆုံးပြီး ၄၈ဦး ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော် ၃ဦး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)မှ ရဲဘော် ၁ဦး ကျဆုံးကာ ၁၈ဦး ဒဏ်ရာရခဲ့ဟု အသိပေးသည်။ တိုက်ပွဲများအတွင်း ရန်သူထံမှ ပစ္စတို (၁)လက်၊ MA-1 ရိုင်ဖယ် (၂)လက်၊ RPG-7 (၁) လက်နှင့် ဗုံးသီးများ၊ ဒရုန်း (၁) စီးသိမ်းရခဲ့ကြောင်း ထုတ် ပြန်သည်။ “ပလမြို့ထဲမှာ ရဲစခန်းရှိတယ်။ လက်ရှိက ဒီကောင်တွေ စခန်းကုန်းကနေဆုတ်ပြေးပြီး မြို့ထဲက အိမ်တွေမှာ ခိုနေတယ်။ မြို့ခံတွေတော့ မြို့ထဲ မရှိတော့ပါဘူးဗျ။”ဟု PDF မြိတ်ရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ ပလမြို့တွင်း စစ်ကောင်စီတပ်ဖွဲ့များ ခိုအောင်းနေသေး၍ တိုက်ပွဲထပ်ဖြစ်နိုင်သည့် အနေအထားဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းမှ (၁၁)ကြိမ်၊ ရေတပ်စစ်သင်္ဘောမှ (၂၆)ကြိမ် ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ထုတ်ပြန်သည်။ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား (၁၈) ဦးသေဆုံးခဲ့ပြီး သံဃာတော် (၂) ပါး ပျံလွန်တော်မူခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း ပလမြိုတွင်း၌ ပိတ်မိနေသည့် အရပ်သား (၃၂၉) ဦးအား မဟာမိတ်တပ်များမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။ ပလမြို့တိုက်ပွဲတွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် (၃၄)၊ (၃၅) နည်းဗျူဟာ လက်အောက်ခံတပ်ရင်းများနှင့် တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း၊တနင်္သာရီတိုင်းပကဖ၊ပုလောမြိုနယ်ပကဖ၊ ပလဖ၊ကရင်အမျိုး သားကာကွယ်ရေးတပ်(KNDO) တပ်ရင်း (၇)၊ (KNLA)တပ်မဟာ (၄) အထူးတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။ တနင်္သာရီတိုင်း ထားဝယ်-ရေဖြူ-မလွှဲတောင် လမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဩဂုတ် ၁၅ရက်ညနေပိုင်း၌ တော်လှန်ရေး ပူးပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၁၇ဦးသေဆုံးခဲ့ဟု PDF ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ပြောပြထားပြီး ပြည်သူများအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းတွင် တိုက်ပွဲသတင်းနားစွန့်ပြီး ဂရုစိုက်သွားလာကြရန် မေတ္တာရပ်ခံထားသည်။ (တိုက်ပွဲအတွင်းသိမ်းရသော လက်နက်ခဲယမ်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ − မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း)

ထိတွေ့တိုက်ပွဲကြီး (၉) ကြိမ်နှင့် ထိတွေ့တိုက်ပွဲငယ်များစွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ၅၃ဦးသေဆုံးပြီး ၄၈ဦး ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော် ၃ဦး၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)မှ ရဲဘော် ၁ဦး ကျဆုံးကာ ၁၈ဦး ဒဏ်ရာရခဲ့ဟု အသိပေးသည်။

တိုက်ပွဲများအတွင်း ရန်သူထံမှ ပစ္စတို (၁)လက်၊ MA-1 ရိုင်ဖယ် (၂)လက်၊ RPG-7 (၁) လက်နှင့် ဗုံးသီးများ၊ ဒရုန်း (၁) စီးသိမ်းရခဲ့ကြောင်း ထုတ် ပြန်သည်။

“ပလမြို့ထဲမှာ ရဲစခန်းရှိတယ်။ လက်ရှိက ဒီကောင်တွေ စခန်းကုန်းကနေဆုတ်ပြေးပြီး မြို့ထဲက အိမ်တွေမှာ ခိုနေတယ်။ မြို့ခံတွေတော့ မြို့ထဲ မရှိတော့ပါဘူးဗျ။”ဟု PDF မြိတ်ရိုင် အမှတ်(၁) တပ်ရင်း သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ပလမြို့တွင်း စစ်ကောင်စီတပ်ဖွဲ့များ ခိုအောင်းနေသေး၍ တိုက်ပွဲထပ်ဖြစ်နိုင်သည့် အနေအထားဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းမှ (၁၁)ကြိမ်၊ ရေတပ်စစ်သင်္ဘောမှ (၂၆)ကြိမ် ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား (၁၈) ဦးသေဆုံးခဲ့ပြီး သံဃာတော် (၂) ပါး ပျံလွန်တော်မူခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း ပလမြိုတွင်း၌ ပိတ်မိနေသည့် အရပ်သား (၃၂၉) ဦးအား မဟာမိတ်တပ်များမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း အသိပေးသည်။

ပလမြို့တိုက်ပွဲတွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် (၃၄)၊ (၃၅) နည်းဗျူဟာ လက်အောက်ခံတပ်ရင်းများနှင့် တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း၊တနင်္သာရီတိုင်းပကဖ၊ပုလောမြိုနယ်ပကဖ၊ ပလဖ၊ကရင်အမျိုး သားကာကွယ်ရေးတပ်(KNDO) တပ်ရင်း (၇)၊ (KNLA)တပ်မဟာ (၄) အထူးတပ်ဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

တနင်္သာရီတိုင်း ထားဝယ်-ရေဖြူ-မလွှဲတောင် လမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဩဂုတ် ၁၅ရက်ညနေပိုင်း၌ တော်လှန်ရေး ပူးပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၁၇ဦးသေဆုံးခဲ့ဟု PDF ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ပြောပြထားပြီး ပြည်သူများအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းတွင် တိုက်ပွဲသတင်းနားစွန့်ပြီး ဂရုစိုက်သွားလာကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်စခန်းအနီးပြည်သူ​တွေ​ရှောင်ရှားကြဖို့ ၊ ပြည်​ထောင်စုလမ်းကိုမသုံးဖို့ ၊အိမ်အတွင်းပိတ်မိ​နေရင်ကျည်ကွယ်ရာ​နေဖို့

သတင်း

တနသ်ာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာအနီးစစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် တပ် ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏ ပလမြို့ရဲစခန်းကုန်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုင်းကွင်းအတွင်းကျရောက်ကာ စခန်းခြံစည်းရိုးများ မီးလောင်ကျွမ်းသွားကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကါယ်ရေးအဖွဲ့(ပကဖ)၊ ဒရုန်းတပ်ဖွဲ့ (Shadow Squad)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်တပ်စွဲထားသည့် နေရာများနှင့် လှုပ်ရှားစစ်ကြောင်းများကို ရက်ပေါင်း (၃၀)အတွင်း အကြိမ်ရေ(၅၀)ကျော် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ (ဒရုန်းတပ်ဖွဲ့)Shadow Squad မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Trending

Facebook