close
Connect with us

Hi, what are you looking for?

သတင်း

ပိန်းဇလုပ်စစ်ကောင်စီဂိတ်တွင် အဖမ်းခံရသည့်ကရင်လူငယ် ပြန်လွတ်ရေး ကျပ်သိန်း ၁၀၀ပေးရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်ရှိ ပိန်းဇလုပ်မြို့ရထားလမ်းကုန်းအနီး စစ်ကောင်စီ၏ ဘုန်းယကီးကျောင်းဂိတ်တွင် ကရင်လူငယ်တဦး အဖမ်းခံရပြီး ငွေပေးမှပြန်လွှတ်ပေးဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ပိန်းဇလုပ်မြို့တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဩဂုတ်-၁၆၊ ၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်ရှိ ပိန်းဇလုပ်မြို့ရထားလမ်းကုန်းအနီး စစ်ကောင်စီ၏ ဘုန်းယကီးကျောင်းဂိတ်တွင် ကရင်လူငယ်တဦး အဖမ်းခံရပြီး ငွေပေးမှပြန်လွှတ်ပေးဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဩဂုတ် ၁၂ရက် နေ့လည်ပိုင်းတွင် ပဲခူးတိုင်း ရွှေကျင်မြို့နယ် တုံးတံတားကျေးရွာမှ (၂၀)အရွယ် စောအယ်ထူးစိုးသည် ပိန်းဇလုပ်မြို့ ရထားလမ်းကုန်းအနီး ဘုန်းကြီးကျောင်းဂိတ်၌ အဖမ်းခံရစဉ် ငွေကြေးတောင်းခံ၍ ကျပ်သိန်း၁၀၀ပေးမှ ပြန်လည်လွတ်မြောက်လာဟု KNUက ထုတ်ပြန် သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် နိုင်ငံတဝန်း လူငယ်များကို နည်းမျိုးစုံဖြင့် ဖမ်းဆီးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းနေသကဲ့သို့ ငွေကြေးတောင်းခံကာ ပြန်လွှတ်ပေးခြင်းများလည်း ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

သို့သော် ငွေကြေးပေးရသော်လည်း ပြန်လွှတ်မပေးဘဲစစ်သားစုဆောင်းခဲ့သည့် ဖြစ်စဉ်အချို့လည်းရှိခဲ့သည်ကို ကာယကံရှင် စစ်ကောင်စီတပ်သားအချို့က ပြောဆိုထားသည်။

ကရင်ပြည်နယ်၌အောင်ဇေယျစစ်ဆင်ရေးမှကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)ထံ အလင်းဝင်ခဲ့သည့် စစ်ကောင်စီ၏ ခမရ(၁၁၇)တပ်ရင်းမှစစ်မှုထမ်းတပ်သားသစ်ရဲရင့်ခန့်ညားက၎င်းအနေ ဖြင့် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၌ စစ်ကောင်စီတပ်၏ ပေါ်တာဆွဲဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ကြောင်း ပြောသည်။

ထိုသို့ ပေါ်တာဆွဲဖမ်းစီးခံရစဉ် ပြန်လွတ်မြောက်ရေးအတွက် မိဘများက ကျပ်သိန်း ၁၅၀ပေးခဲ့သော်လည်း လွှတ်ပေးခြင်းမရှိဘဲ တပ်သားသစ် စုဆောင်းခံခဲ့ရဟု ၎င်းက ပြောသည်။

ကိုရဲရင့်ခန့်ညားအပါအဝင်သူငယ်ချင်းသုံးဦးသည်ပြည်ကြီးတံခွန်မြို့နယ်တွင် ညအချိန် နေအိမ်သို့ ပြန်လာစဉ် လမ်း၌ စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ပြောသည်။ ထို့နောက် ရဲစခန်း ခေါ် ဆောင်ခံရပြီး မိဘများထံမှ ငွေညှစ်ခဲ့ကြောင်း ကိုရဲရင့်ခန့်ညားက ပြောသည်။

“ကျနော်တို့ အမေတွေကို ခေါ်ပြီးတော့ ပြန်ထွက်ချင် ပိုက်ဆံ ၁၅၀(ကျပ်သိန်း ၁၅၀)ပေးရမယ်ဆိုပြီးပြောတယ်။ကျနော်တို အမေတွေကလည်း ပိုက်ဆံ ၁၅၀ ပေးလိုက်တော့ ကျနော်တိုကို ညတွင်းချင်းပဲ ပြင်ဦးလွင် စုဆောင်းရေးကို ပို့လိုက်တယ်” ဟု ကိုရဲရင့်ခန့်ညားက ပြောသည်။

စစ်ကောင်စီသည် လက်ရှိတွင်လည်း လူငယ်၊လူရွယ်များကို ပစ်မှတ်ထားသည့်ဖမ်းဆီးမှုများပုံစံမျိုးစုံဖြင့် ပြုလုပ်ကာ စစ်သားအင်အားဖြည့်ဆည်းရန် ဆောင်ရွက်လျက်ရှိသည်။

စစ်ကောင်စီသည် အဓမ္မ စစ်သားစုဆောင်းထားသည့် လူငယ်များကို အချိန်တို စစ်သင်တန်းပေးပြီး ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားများအားလုံး ပေါင်းစည်းလုပ်ဆောင်ရန် အရေးကြီးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်အရုံး(KNU) မြိတ် - ထားဝယ်ခရိုင်တွင် ခရိုင်ကရင်လူငယ်အစည်းအရုံး (KYO)က ဦး‌ဆောင်ပြီး ကရင်လူငယ်တွေ့ဆုံဆွေးနွေးပွဲ တရပ်ကျင်းပခဲ့ကြောင်း အဆိုပါခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်ငူခရိုင် တပ်မဟာ(၂)နယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ ၁၃ဦးထိ သေဆုံးခဲ့ကြောင်း KNU တောင်ငူခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

အလင်းဝင်လာသူနှင့် ချိတ်ဆက်ပေးသူများကို KNLAက ဆုငွေပေး၊ ထွက်ပြေးတပ်သာ ၂ဦးအား လိုက်ရှာသည့် စစ်ကြောင်းက ပြည်သူတစ်ဦးသတ်ဖြတ်

Facebook