close
Connect with us

Hi, what are you looking for?

သတင်း

ပလမြို့ရဲစခန်း တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏ ပလမြို့ရဲစခန်းကုန်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုင်းကွင်းအတွင်းကျရောက်ကာ စခန်းခြံစည်းရိုးများ မီးလောင်ကျွမ်းသွားကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကါယ်ရေးအဖွဲ့(ပကဖ)၊ ဒရုန်းတပ်ဖွဲ့ (Shadow Squad)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏ ပလမြို့ရဲစခန်းကုန်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုင်းကွင်းအတွင်းကျရောက်ကာ စခန်းခြံစည်းရိုးများ မီးလောင်ကျွမ်းသွားကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကါယ်ရေးအဖွဲ့(ပကဖ)၊ ဒရုန်းတပ်ဖွဲ့ (Shadow Squad)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၇ရက်)က စစ်ကောင် စီတပ်အထိုင်ချ ပလရဲစခန်းကုန်းအား ပုလော ပကဖ၊ ဒရုန်းတပ်ဖွဲ့ (Shadow Squad) မှ မြိတ်ခရိုင် PDF တပ်ရင်း(၁)နှင့်ပူးပေါင်း၍ ဒရုန်းဖြင့် (၅)ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်များ၏ ဒရုန်းပစ်မှတ်သည် ပလမြို့ရဲစခန်းကုန်း ခြံစည်းရိုးနံဘေးရှိ မိုင်းကွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ရဲစခန်းပတ်ပတ်လည် မိုင်းကွင်းဧရိယာတလျှောက် မီးများလောင် ကျွမ်းခဲ့ကြောင်း ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပလရဲစခန်းကုန်းရှိ စစ်ကောင်စီတပ်များသည် ဇရပ်ဆိပ်ကျေးရွာနှင့် ဘိုင်းပြင်ကျေးရွာများသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ဒုက္ခမျိုးစုံပေးနေကြောင်းလည်း ယင်းတာဝန်ရှိသူက ဆက်ပြောသည်။

ပုလော ပကဖသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတွင်းမည်သည့်တော်လှန်ရေးအင်အားစုများနှင့်မဆို ပူး ပေါင်း၍ ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီအား အစွမ်းကုန်တော်လှန်တိုက်ခိုက်သွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

ပုလောမြို့နယ်တွင် စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်လျှက်ရှိရာ ဇန်နဝါရီ ၉ ရက်က စစ်ကောင်စီ၏ ခလရ(၁၇)တပ်ရင်း၊ ဇန်နဝါရီ ၁၁ ရက်တွင် တပိုကျေးရွာသို့လာသော စစ်ကြောင်းနှင့် ၁၂ ရက်နေ့တွင် ပါဒစက်တော်ရာ ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးမဟာမိတ်တပ်များက တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်တပ်စွဲထားသည့် နေရာများနှင့် လှုပ်ရှားစစ်ကြောင်းများကို ရက်ပေါင်း (၃၀)အတွင်း အကြိမ်ရေ(၅၀)ကျော် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ (ဒရုန်းတပ်ဖွဲ့)Shadow Squad မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇)နှင့် ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားရှစ်ဦး ထိခိုက်သွားကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားအများစု ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သော်လည်း နောက်ချန်အင်အားအချို့မှာ ဇရပ်ဆိပ်ရွာဘုန်းကြီးကျောင်း၌ ဆက်လက်တပ်စွဲထားသည်။

သတင်း

ယမန်နေ့(ဇူလိုင် ၃၀)နေ့လယ် ၃ နာရီ ၄၅ မိနစ်ခန့်က ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းနှင့် တိုတောင် တာဝါတိုင်စခန်းကုန်းတို့ကို ဒရုန်းတပ်စိတ် Shadow Squad အဖွဲ့နှင် မြိတ်ခရိုင် PDF အမှတ်(၁)တပ်ရင်းတို့ပူးပေါင်း၍ ဒရုန်းဗုံးသီး (၆)ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။