close
Connect with us

Hi, what are you looking for?

သတင်း

ရခိုင် နှင့် တိုင်းသုံးတိုင်း နယ်စပ်ဒေသများ၌ တိုက်ပွဲများဆက်ဖြစ်

ရခိုင်နှင့်မကွေး၊ပဲခူး၊ဧရာဝတီတိုင်းနယ်စပ်ဒေသမှ ဗျူဟာမြောက်တိုက်ပွဲများဆက်ဖြစ်နေပြီးငဖဲမြို့နယ်အတွင် ဩဂုတ်လ ၁၄ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် တပ်မ(၉၉) လက်အောက်ခံတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

အာရက္ခတပ်​တော်တပ်ဖွဲ့ဝင်များကို ရခိုင်ပြည်နယ်နှင့် မ​ကွေးတိုင်းအစပ်၌​တွေ့ရစဥ်။ ဓါတ်ပုံ-AA Infodesk

■ငဖဲတိုက်ပွဲ၌တပ်မ(၉၉)လက်အောက်ခံတပ်ရင်းများအထိနာပြီး သေဆုံးမှုများပြား

သြဂုတ်-၁၆၊၂၀၂၅။လူအေး/People’s Spring

ရခိုင်နှင့်မကွေး၊ပဲခူး၊ဧရာဝတီတိုင်းနယ်စပ်ဒေသမှ ဗျူဟာမြောက်တိုက်ပွဲများဆက်ဖြစ်နေပြီးငဖဲမြို့နယ်အတွင် ဩဂုတ်လ ၁၄ရက်နေ့က ဖြစ်ပွားသော တိုက်ပွဲတွင် တပ်မ(၉၉) လက်အောက်ခံတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးခန့် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

AA က တိုင်ပွဲသတင်းများကို လအတန်ကြာမထုတ်ပြန်ခဲ့ရာမှဩဂုတ်လ ၁၆ရက်နံနက် အစောပိုင်းက သတင်းထုတ်ပြန်ရာတွင် ရခိုင်နှင့် မကွေး၊ပဲခူး၊ဧရာဝတီတိုင်းနယ်စပ်ဒေသများတွင် ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်များနှင့်အတူ ဟန်ချက်ညီ တိုက်ပွဲများနေ့စဉ်(သို့မဟုတ်) မကြာခဏ ဆက်ဖြစ်နေသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် မကွေးတိုင်း ၊ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀၀ကျော်(​ပေတစ်​သောင်း​ကျော်)အကွာ၌ AAတပ်ရှိသည့်နေရာကို စစ်ကောင်စီ၏ တပ်မ (၉၉) လက်အောက်ခံတပ်များမှ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

မိနစ် (၃၀) ခန့်ကြာခဲ့​သောတိုက်ပွဲအတွင်း စစ်ကောင်စီ၏ အလောင်း (၂၀) ခန့်နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဗီဒီယိုနှင့်တကွ​ဖော်ပြထားသည်။

တိုက်ပွဲဖြစ်ရာနေရာသည် စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကို AAက ဖြတ်တောက်ပိတ်ဆို့ထားသည့် နေရာဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“ဒီရက် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။အဓိကက ငဖဲမြို့နယ်ထဲမှာ ဖြစ်တယ်။တက်လာတဲ့တပ်မ(၉၉)တပ်ရင်းတွေကို ပိတ်တိုက်နေတာ။စစ်ကောင်စီဘက်က လေကြောင်းကနေရော ဒရုန်းတွေပါ သုံးပြီး တိုးလာတာ”ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ရေး၊နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေး တိုက်ခိုက်နေသည့် စစ်ဆင်ရေးများကိုAAနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်နေစဥ်မတ်လအစောပိုင်းက တိုက်ပွဲများအတွင်း တပ်မ (၉၉)၏ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကိုဖမ်းမိခဲ့သည်။ တပ်မ(၉၉) တပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့သည့် မေလကုန်တွင် ဖမ်းဆီးခဲ့ပြီးတပ်မမှူးအသစ်အဖြစ်စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးမှ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးဝင်းထွန်းကို အစားထိုးထားသည်။

AAအနေဖြင့် မျှော်မှန်းထားသော စစ်ရေးရည်မှန်းချက်များ အလုံးစုံ အောင်မြင်စေရန်အတွက် စစ်ကောင်စီနှင့် ရင်ဆိုင်ထားသောနေရာများ၌ တိုက်ပွဲများဆက်ဖြစ်နေသလိုအပြီးသတ်မြို့သိမ်းတိုက်ပွဲများအဖြစ် ကျန်ရှိနေသေးသော နေရာများတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေကြောင်း အသိပေးထားသည်။

AAသည် ရခိုင်ပြည်နယ်၌ ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မှလွဲ၍ ကျန်မြို့နယ်များအားလုံးကို သိမ်းယူထားသည်။အထက်ပါ မြို့နယ်များဆက်လက်သိမ်းယူရေးအတွက်စစ်ရေးရည်မှန်းချက်များအတိုင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်းဩဂုတ်လ ၁၁ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် AAကပြောကြားထားသည်။

စစ်ရေး၊ နိုင်ငံရေး နှင့် နိုင်ငံတကာ စာမျက်နှာများတွင် အလူးအလဲ အထိနာနေသည့် စစ်ကောင်စီတပ်မှ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေသော သူများကို လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိကြောင်းလည်း AA၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းဒေသကြီး၊ ငဖဲမြိုနယ်၊ စွန်တက် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၀ ခန့်နှင့် စစ်အသုံးအဆောင်များ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ဩဂုတ် ၁၅ရက် ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

သတင်း

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့်ချင်းပြည်နယ်၊ပလက်၀ မြို့ နယ်ကိုရက္ခိုင်ပြည်၏ခရိုင်အဖြစ်ဖွဲ့စည်းထားကြောင်း AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ရက် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ချင်းအရပ်ဘက်အဖွဲ့အစည်းများက ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သတင်း

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်အတွင်း မြို့နယ် ၈မြို့နယ်ရေဘေးကြုံတွေ့ခဲ့ပြီး လူဦးရေလေးသောင်းကျော် ဘေးသင့်ကာ ၂၁ဦးခန့် သေဆုံးခဲ့သည်ဟု အာရက္ခတပ်တော် (AA)၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး (HDCO)က သတင်းထုတ်ပြန်သည်။

သတင်း

ရက္ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာ၌ ရိုဟင်ဂျာများကို အစုလိုက်၊အပြုံလိုက် သတ်ဖြတ်သည်ဟုသော စွပ်စွဲချက်များကို အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ငြင်းဆိုလိုက်ပြီး လူမှုကွန်ရက်၌ ပြန့်နှံ့နေသည့် ရုပ်အလောင်းများမှာ ဘူးသီးတောင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅)မှ စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများသာ ဖြစ်သည်ဟု ရှင်းလင်းပြောကြားသည်။

Facebook