close
Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ် ခလရ(၄၀၇)တပ်မှ ထွက်လာသော စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

တနင်္သာရိတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အခြေစိုက် ခလရ(၄၀၇) တပ်ရင်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော် (DNLA)က ဒီကနေ့(သြဂုတ် ၇ရက်)မှာ ထုတ်ပြန်ပါတယ်။

ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်မှ ရဲဘော်အချို့အားတွေ့ရစဥ်။ဓာတ်ပုံ - DNLA

သြဂုတ်-၇၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရိတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အခြေစိုက် ခလရ(၄၀၇) တပ်ရင်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဓဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော် (DNLA)က ဒီကနေ့(သြဂုတ် ၇ရက်)မှာ ထုတ်ပြန်ပါတယ်။

သြဂုတ် ၅ ရက် မနက် ၇နာရီဝန်းကျင်က ခလရ(၄၀၇)တပ်ရင်းမှ အင်အား ၁၀၀ ခန့်ဖြင့်ထွက်လာသော စစ်ကောင်စီတပ်သားများအား တပ်ရင်းအနီးတနေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အ လှန်ကစ်ခတ်ချိန် ၁နာရီခန့်ကြာမြင့်တယ်လို့ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၅ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရကာ တော်လှန်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ DNLA က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့က ခလရ – ၂၈၂ ဘက်ကို ထွက်လာတာလို့ သိရတယ်ဗျ။ ပွဲပြီးနောက်ပိုင်း တချို့ ရေဖြူမြို့ထဲကို ရောက်သွားတယ်”လို့ ဓဝယ်အမျိုး သား လွတ်မြောက်ရေးတပ်တော်(DNLA)မှ တာဝန်ရှိသူတစ်ဦးက စစ်ကောင်တပ်လှုပ်ရှားမှုကို People’s Spring ကို ပြောပါတယ်။

ဒါ့အပြင် အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများခဲ့ပေမယ့် လက်နက်ခဲယမ်းကောက်ယူနိုင်ရေး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ဖို့ ခလရ(၄၀၇)တပ်ရင်းဝန်းနဲ့ နီးကပ်နေတာကြောင့် အဲဒီလို လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ DNLAတာဝန်ရှိသူက ဆက်ပြောပါတယ်။

တိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီဘက်က ခလရ(၄၀၇)တပ်ရင်းဝန်းကို ခြံစည်းရိုးထပ်မံကာရံတာတွေလုပ်ဆောင်နေပြီးအထိနာထားတဲ့စစ်ကောင် စီတပ်က အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်လာနိုင်တာကြောင့် ပြည်သူတွေအနဲ့ လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့ DNLA က အသိပေးပါတယ်။

အထက်ပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွမြောက်ရေးတပ်တော်( DNLA)ရဲ့ ဒူရကစစ်ကြောင်း၊ Tavoy People Liberation Force (TPLF)၊ ကျားသစ်နက်၊ ဘီလုံးပြောက်ကျား တပ်ဖွဲ့စတဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ပူး ပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်လာကြောင်း ရာမညမွန်တပ်တော်(RMA)က ယနေ့(ဇူလိုင် ၃၀ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်၁ဦး အလင်းဝင်လာကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား(ပြည်သူ့စစ်မှုထမ်းတပ်သား)သုံးဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ထိုင်းဘက်ထွက်ပြေးပြီး ၂၇၅ထဲ ပြန်စုဖွဲ့နေတဲ့ စစ်သား ၆၀၀လောက်ရှိနေဟုဆို