ဇူလိုင်-၁၃၊၂၀၂၅။People’s Spring
စစ်ကောင်စီက ရုရှားနိုင်ငံထုတ် YAK -130 တိုက်လေယာဥ်နဲ့ မြန်မာထိုင်းနယ်စပ် ဝေါလေဒေသကို ဒီကနေ့ နေ့လယ်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
စစ်တပ်တိုက်လေယာဥ်နဲ့ ဗုံး ၇ လုံးချတိုက်ခိုက်ခဲ့တာလို့ ထိုင်းနယ်စပ်ကဒေသတွင်းမီဒီယာတွေနဲ့ Khaosod သတင်းဌာနတို့ကဖော်ပြပါတယ် ။

KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကထိုင်းနယ်စပ်ကစစ်တပ်စခန်းတွေကိုဆက်တိုက်သိမ်းနေတာမှာ ဇူလိုင် ၁၂ ရက်နေ့မှာ ဥကရသ်ထစခန်းကိုသိမ်းလိုက်ပြီမို့ မြဝတီမြို့တောင်ဘက်မှာ စစ်တပ်ရဲ့ ဝေါလေဗျူဟာနဲ့ တိသဲလယ်ကာကင်းနှစ်ခုပဲကျန်တော့တာဖြစ်ပါတယ် ။

Public Service Announcement
ဝေါလေဗျူဟာကိုလည်းတော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပြီးဒရုန်းတွေနဲ့တိုက်ခိုက်နေတာမှာ ဇူလိုင် ၁၁ ရက်နေ့မှာ ဝေါလေဗျူဟာလက်နက်တိုက် ကိုဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာမှာကြီးမှာတဲ့ပေါက်ကွဲမှူဖြစ်ပွားခဲ့တယ်လို့ FFD ကထုတ်ပြန်ပါတယ်။
လက်နက်တိုက်ပေါက်ကွဲခဲ့သလို ၊ဥကရစ်ထစခန်းသိမ်းခံရပြီးတဲ့နောက် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းမှာ စစ်တပ်က ဝေါလေဒေသကို YAK-130 နဲ့ဗုံးကြဲခဲ့တာပါ။
ဒီနေ့လေကျောင်းတိုက်ခိုက်တာဟာ တိသဲလယ်ကာကင်းစခန်းမကျအောင် လေကြောင်းကနေပစ်ကူပေးတာလို့ ထိုင်းနယ်စပ်သတင်းတချို့ကဖော်ပြပါတယ် ။လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိ ၊မရှိကိုတော့မသိရသေးပါဘူး။
ထိုင်းစစ်တပ်က နယ်စပ်ကတိုက်ပွဲတွေကို အနီးကပ်စောင့်ကြည့်နေပြီး လုံခြုံရေးတို့မြှင့်ထားတယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။
