ဇူလိုင်-၈၊၂၀၂၅/People’s Spring
မြန်မာ – ထိုင်းနယ်စပ် ထားဝယ်ခရိုင်အတွင်းက သုခတပ်စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးဟာ တပ်စခန်းသိမ်းမခံရမီ ငါးရက်အလိုက ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
သုခတပ်စခန်းတာဝန်ခံအမှတ်(၂၈၂)ခြေလျင်တပ်ရင်း(ခလရ-၂၈၂)က ဗိုလ်ကြီးမျိုးဆွေဦး(ခ) စောမိုးဇက်ဟာ ဇူလိုင် ၂ရက်က ပြည်သူ့ရင်ခွင်ခိုလှုံလာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဗိုလ်ကြီးမျိုးဆွေဦးဟာ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ အကြောင်းကို ရုပ်သံရိုက်ကူးပြီး ဖြန့်ဝေခဲ့ပါသေးတယ်။

Public Service Announcement
“အခုကတော့ ပြည်သူ့ရင်ခွင်ကိုသွားတော့မယ်။ ကျနော်တို့ အားလုံးရဲ့အကျိုးစီးပွားကိုပဲကြည့်ပြီးတော့ သွားတော့မယ်။ နောက်မှာလည်း ကျနော့်ကိုလာပြီး ကူညီပေးတဲ့ အဘကြီးပါ။ အသက်လည်းကြီးနေပါပြီ။ မှန်တာပဲလုပ်မယ်။ မှန်တဲ့ဘက်ပဲ ရပ်တည်တော့မယ်။ ခင်ဗျတို့လည်း ဆုံးဖြတ်ချက်ကို ကိုယ့်ဘာသာကိုယ် စဉ်းစား။ ကိုယ်နဲ့မဆိုင်တဲ့ အခန်းတွေမှာ ခင်ဗျတို့ ဘယ်လောင်တောင်ပြေးခဲ့ရပြီလဲဆိုတာ ခင်ဗျတို့ ပြန်တွေးကြည့်လိုက်ပေါ့။ ကိုယ်ကလုပ်နေတာပဲရှိတယ်။ ဘာမှမဖြစ်ဘူး။ ခင်ဗျတို့ သေသွားလည်း သူတို့က ဂေါက်ရိုက်မပျက်ဘူး။ ဝမ်းမနည်းဘူး။ ကျနော်တို့ လစာမရလည်း ဘာမှမဖြစ်ဘူး။ ဒီမှာ ပြည်သူလူထုယုံကြည်စိတ်ချရတဲ့ ပြည်သူလူထုအားကိုးတဲ့လူပဲ သွားတော့မယ် ကျနော်။ နှုတ်ဆက်ခဲပါတယ်။ အဲလိုပဲလာချင်တယ်ဆိုလည်း ကြိုဆိုပါတယ်။ ကျနော်တို့ လာကြိုပေးပါမယ်”လို့ ဗိုလ်ကြီးမျိုးဆွေဦးက ရုပ်သံမှာပြောထားပါတယ်။
ဗိုလ်ကြီးမျိုးဆွေဦး အလင်းဝင်လာပြီး ငါးရက်အကြာမှာ သုခစစ်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးပ်မတော်(PDF)ပူးပေါင်းတပ်တွေက ဇူလိုင် ၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေက သုခတပ်စခန်းသိမ်းပိုက်စဉ်မှာ အဲဒီတပ်စခန်းက စစ်သား ၂၄ဦးဟာ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
သုခတပ်စခန်းကို ခလရ(၂၈၂)တပ်ရင်းက တပ်စွဲထားတာလို့ စုံစမ်းသိရပါတယ်။ အဲဒီတပ်စခန်းမှာ စစ်ကောင်စီတပ်အင်အား ၃၀ကျော်နဲ့ တပ်စွဲထားတာပါ။
သုခတပ်စခန်းသိမ်းပိုက်ရမှုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ဒီကနေ့(ဇူလိုင် ၈ရက်)မှာ ထုတ်ပြန်ထားပါတယ်။
ရုပ်သံ – ပေးပို့
