close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့က မြေစာရင်းရုံးနဲ့ ဇဂျမ်းဂိတ်ကို တော်လှန်ရေးတပ်‌တွေ ဝင်စီး

မန္တလေးတိုင်း၊တောင်သာမြို့က မြေစာရင်းရုံးနဲ့ ဇဂျမ်းစစ်ဆေးဂိတ်တို့ကို တော်လှန်ရေးတပ် တွေဝင်‌ ရောက်စီးနင်းခဲ့ပြီးတဲ့နောက် မြေစာရင်းရုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)က ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း -၃မှ ရဲဘော်တွေကို စစ်ဆင်ရေးတစ်ခုမှာ တွေ့ရစဉ်။ ဓာတ်ပုံ - မြင်းခြံခရိုင်တပ်ရင်း -၃

မေ ၂၉၊၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့က မြေစာရင်းရုံးနဲ့ ဇဂျမ်းစစ်ဆေးဂိတ်တို့ကို တော်လှန်ရေးတပ် တွေဝင်‌ ရောက်စီးနင်းခဲ့ပြီးတဲ့နောက် မြေစာရင်းရုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)က ပြောပါတယ်။

မေလ၂၈ ရက် မနေ့က ညနေ၄နာရီလောက်မှာ မြင်းခြံခရိုင်တပ်ရင်း(၃)က စစ်ကြောင်း နှစ်ကြောင်းခွဲကာ တောင်သာမြို့ရဲ့အနောက်ဘက်ထွက်တဲ့ ဇဂျမ်းစစ်ဆေးရေးဂိတ်ကို ဝင်ရောက် စီးနင်းခဲ့တယ်လို့သိရပါတယ်။

ဇဂျမ်းဂိတ်အပြင်မှာ ဘန်ကာလေးခုရှိပြီး ဘန်ကာ၂ခုက စစ်ကောင်စီတပ်သားတွေ ဒဏ်ရာရကာ၊ကျန်တဲ့ ဘန်ကာ ၂ခုက ‌‌‌‌‌‌‌‌စစ်သားတွေကတော့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) ပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျန်တဲ့ စစ်သားတွေက အကုန်ထွက် ပြေးသွားကြတယ်။ဘန်ကာ ၂ခုကတော့ ကောင်တာပြန်ပစ်တာ တွေ့ရတယ်”လို့ တပ်ရင်း (၃)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မြေစာရင်းရုံးကိုလည်း တပြိုင်တည်းဝင်စီးခဲ့ပြီး အဲဒီရုံးကအစောင့် စစ်သားနဲ့ ဝန်ထမ်းတွေ အကုန်လုံးထွက် ပြေးသွားကြတယ်လို့ ဆိုပါတယ်။

မြေစာရင်းရုံးကို စီးနင်းနိုင်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားအရေအတွက်ကို စုံစမ်းဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီလို တိုက်ခိုက်ခံရပြီးတဲ့နောက် ဒီနေ့(မေလ ၂၉ရက်)မှာ တောင်သာမြို့နယ် ဝဲလောင်ရွာကို စစ် ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် အင်အား၁၀၀လောက် မြို့အတွင်းကို ပြန်လည်ဝင်ရောက်လာပြီး မြို့အပြင်ဂိတ်တွေကို အင်အားထပ်တိုးထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့ရှိ စစ်ကောင်စီ​၏ ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၁ ရက်) နံနက်စော ၂နာရီခန့်တွင် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူသုံးဦး သေဆုံးခဲ့ရသည်။

သတင်း

"တရာမဝင်အစိုးရဖြစ်တဲ့ စစ်ကောင်စီကိုအကျိုးပြုပြီး ပြည်သူတေအပေါ် မတရား တာလုပ်တဲ့ ထောက်တိုင်မှန်သမျှ ကျွန်တော်တို့တတ်နိုင်သမျှ ဖြိုဖျက်တိုက်ခိုက်သွားမှာပါ"ဟု The Value of Young Men အဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။