close
Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီ​၏ ကိုးဗစ်အသုံးစာရိတ်ခွဲ​ဝေမှုတွင်ကာကွယ်​ရေးဝန်ကြီးဌာနကပင်အများဆုံးယူ

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး​နောက် ကိုဗစ် ၁၉ ကူးစက်ခံရသူများပြားချိန်တွင် ​အောက်စီဂျင်ပြတ်လပ်​နေသဖြင့် စက်ရုံ​ရှေ့တွင် ​အောင်စီဂျင်အိုးဖြည့်ရန်​စောင့်ဆိုင်း​နေ​သောပြည်သူများ။ဓါတ်ပုံ-ရိုက်တာ

■ကျန်းမာ​ရေးဝန်ကြီးဌာနထက်ပင် ကာကွယ်​ရေးဝန်ကြီးဌာန က နှစ်ဆ​ကျော်ပိုများ

​မေ-၈ ၊၂၀၂၅။ရဲခေါင်/ People’s Spring

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်တစ်နှစ်ဖြစ်​သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စစ်​ကောင်စီက ကိုဗစ် ၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် ကုစားရေး အသုံးစရိတ် သုံးစွဲမှု အစီရင်ခံစာပါ အချက်အလက်များတွင် ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်သန်း ၄,၈၆၄ သန်း( ကျပ် ၄ ဘီလီယံ​)ကျော်သုံးစွဲခဲ့ပြီး ကိုဗစ်ကာကွယ်​ရေးတွင်လည်း အသုံးစာရိတ်အများဆုံးယူခဲ့သည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနသည်ကိုဗစ် ၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် ကုစားရေးအသုံး စရိတ်သည် ၂,၃၈၅ သန်း ( ကျပ် ၂ ဘီလီယံ​ကျော်)သာရှိသည်။

ထိုဘဏ္ဍာ​ရေးနှစ်တွင် စစ်​ကောင်စီက ကိုဗစ်​ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်​ရေးအတွက် ဝန်ကြီးဌာ
န၂၇ ခု၊ဗဟိုဘဏ်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့များ၏ အသုံးစရိတ်စုစုပေါင်းသည်ကျပ် ၁၂,၆၇၈ သန်း (ကျပ်၁၂ ဘီလီယံ)ကျော်သာရှိခဲ့သည်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ကိုး
ဗစ်ကာကွယ်၊ကုသ ၊ထိန်းချုပ်​ရေးနှင့် ကုစား​ရေးအတွက် ရန်ပုံ​​ငွေ ကျပ်ဘီလီယံ ၄၀၀ ချထား​ပေးခဲ့သည်။ စစ်​အုပ်စုက အာဏာသိမ်းပြီး​နောက် ထို​ငွေများကို သိမ်းယူပြီး စစ်​​ကောင်စီလက်​အောက်ခံဌာနများ ၊စစ်​ကောင်စီ နှင့် နီးစပ်​သော လုပ်ငန်းရှင်များကို ​​ပေးခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီ၏ ကာကွယ်ရေးဝန် ကြီးဌာနအသုံးစရိတ်သည် ကိုဗစ်အသုံးစာရိတ်အားလုံး၏ သုံးပုံတစ်ပုံကျော်ကိုပင်သုံးစွဲခဲ့ပြီး အများဆုံး ထုတ်ယူသုံးစွဲခဲ့ခြင်းလည်းဖြစ်သည်။

ပုံမှန်အားဖြင့် တစ်နိုင်ငံလုံး၏ ဘက်ဂျက်ခွဲ​ဝေမှုတွင်လည်း ကာကွယ်​ရေးဝန်ကြီးဌာနကအများဆုံးရယူသုံးစွဲပြီး ၂၀၂၄-၂၀၂၅ ဘ​ဏ္ဍာ​ရေးနှစ်ဘက်ဂျက်ကိုစစ်​​ကောင်စီက မထုတ်ပြန်​သော်လည်း
ဘက်ဂျက်၏ ၃၀ ရာခိုင်နှုန်း​ကျော်ကို ကာကွယ်​ရေးဝန်းကြီးဌာနကသုံးစွဲ​ကြောင်း ဘက်ဂျက်​လေ့လာသူအချို့က​ပြောသည်။

“စစ်တပ်သည် လူထုထက်အမြဲအရေးပါတယ်ဆိုတာ သူတို့ခေါင်းထဲအမြဲရှိတယ်ပဲပြောရမယ်။သူတို့မသေရေးအတွက် နိုင်ငံဘဏ္ဍာကြိုက်သ
လောက်ယူသုံးခဲ့တာ။ကပ်ရောဂါ ကို အဓိက ကုသရတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့အသုံးစရိတ်ထက် နှစ်ဆကျော်တယ်ဆိုတာ အခု ပရော်ဖက်ရှင်နယ် အရမ်းဆန်ပါတယ်ဆိုတဲ့စစ် တပ်အောက် လုပ်နေတဲ့ ဆရာဝန်ဆိုတဲ့သူတွေ ကိုယ့်ဘာသာပြန်ပြီး မေးခွန်းထုတ်စေချင်တယ်”ဟု CDM ဆရာဝန်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန နောက်တွင် စက်မှုဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာန၊လူမှုဖူလုံရေးဌာနတို့ရှိကအများဆုံးဖြစ်သည်။

ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားစဥ် အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် ဆေးဝါးပြတ်လပ်ခြင်း၊အောက်စီဂျင်အရင်းအမြစ်မလောက်ငှခြင်း၊ဖြတ်တောက်ခံရခြင်းနှင့် ကုသရေးစင်တာမလုံလောက်မှုများကြောင့် ပြည်တွင်း၌ သေဆုံးမှုသောင်းနှင့်ချီရှိခဲ့ရသည်။

“တစ်နိုင်တစ်ပိုင်အောက်စီဂျင်ထုတ်တဲ့ နေရာတွေကိုစစ်တပ်က လိုက်ပိတ်ခဲ့တယ်။ပြီးတော့ တပ်တွေထဲ အောက်စီဂျင်ထုတ်တဲ့အရင်းအ​မြစ်တွေဖော်ဖော်သီသီ လုပ်ပြီး လိုတဲ့သူတွေကို အောက်စီဂျင်အိုးအလိုက် သိန်းနဲ့ချီ ယူပြီးရောင်းခဲ့တယ်”ဟု ပဲခူးမြို့ အင်းတိုင်အခြေစိုက်တပ်မ ၇၇ မှ CDM စစ်သားတစ်ဦးက ကိုဗစ်ကပ်ရောဂါကာလအတွင်း စစ်တပ်လုပ်ခဲ့​သည့်လုပ်ရပ်များကို လူထုနွေဦးသို့ ရှင်းသည်။

ထို့အပြင် စစ်ကောင်စီသည် ကိုဗစ်ကာကွယ်ဆေးများကို ၎င်း၏ ထိပ်ပိုင်းအရာရှိများနှင့် တပ်သားများကို အဆင့်လိုက် ကနဦးထိုးနှံခဲ့ပြီးမှသာ ပြည်သူများထံ ဖြန့်ဝေပေးခဲ့သည်။

စစ်ကောင်စီ၏အချက်အလက်များအရ ကိုဗစ်ပထမလှိုင်း ဒီချုပ်အစိုးရလက်ထက်၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်မှ သြဂုတ် ၁၄ ရက်ထိ ပိုးတွေ့သူ ၁၆၀၀ ရှိပြီး သေဆုံးသူခြောက်ဦးရှိသည်။စစ်တပ်အာဏာ သိမ်းစဥ် ကိုဗစ်ဒုတိယလှိုင်း ၂၀၂၁ ခုနှစ် မေလ၂၄ ရက်အထိ ပိုးတွေ့သူ ၁၄၀,၀၀၀ ကျော်တွင် သေဆုံးသူ ၃၂၁၀ ဦးရှိသည်။ သို့​သော်အဆိုပါစာရင်းမှာ မမှန်ဘဲ ​မြေပြင်တွင်​သေဆုံးသူသောင်းချီရှိခဲ့​ကြောင်း နာ​ရေးကူညီ​ဆောင်ရွက်ခဲ့သူအချို့က​ပြောသည်။

ထို့အတူ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ကိုဗစ်တတိယလှိုင်းတွင် ပိုးတွေ့သူ လေးသိန်းခန့်တွင် သေဆုံးသူ ၁၆,၀၉၅ ဦးရှိခဲ့ပြီး စတုတ္ထလှိုင်း၂၀၂၂ ခုနှစ် စက်တင်ဘာ တွင် ကိုဗစ်ပိုးတွေ့သူ ၈၀,၀၀၀ခန့်၌ သေဆုံးသူ ၁၃၂ ဦး ရှိခဲ့သည်ဟုစစ်​ကောင်စီကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၏တပ်မှူးသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၏အုပ်ချုပ်ရေးနယ်မြေတနေရာတွင် မတ်လ ၈ရက်က ကျင်းပခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ပွဲများတွင် သမားရိုးကျလက်နက်များဖြင့်သာမကဘဲ အဆိပ်သင့်စေသော ဓာတုပစ္စည်းများကို စစ်လက်နက်များတွင် တပ်ဆင်ပစ်ခတ်ခြင်းကြောင့် စစ်ဘက်ဆိုင်ရာပစ်မှတ်များအပြင် အရပ်သားများပါ သေကျေဒဏ်ရာရလေ့ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) ထုတ်ပြန်ခဲ့ပြီးဓါတုလက်နက်များ၏ ဘေးအန္တရာယ်ကာကွယ်နိုင်ရေး အကြံပြုချက်များ အသိပေးဖော်ပြသည်။

Infographics

လက်ရှိ တရုတ်နိုင်ငံမှာ တုပ်ကွေးနဲ့ ကိုဗစ်ဆန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV)ကို ၂၀၀၁ ခုနှစ်တုန်းက နယ်သာလန် ဆေးသိပ္ပံ ပညာရှင်တွေက စတင် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကလေးတွေမှာ အမျိုးအမည် ခွဲခြားမသိတဲ့ ဗိုင်းရပ်စ်...

နိုင်ငံတကာ

တရုတ်မှာ တုပ်ကွေး၊ ကိုဗစ်တို့နဲ့ လက္ခဏာတွေ ဆင်တူတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါမျိုး ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပိုမို ပျံ့နှံ့လာနေပါတယ်။