close
Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒိုကနေ ကျပ်သိန်းရာကျော် ၊ ဒေါ်လာတွေနဲ့ ရွှေတုံးတွေတွေ့ရှိ

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာ ဒီနေ့ (မေလ ၆ ) မှာ ကျပ်သိန်းရာချီ ၊ ရွှေတုံးတွေ နဲ့ ဒေါ်လာသောင်းဂဏန်း ရှာတွေ့ခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - မီးသတ်

မေ – ၆ ၊ ၂၀၂၅ ၊ ဆိုင်းမင်း /People’s Spring

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာ ဒီနေ့ (မေလ ၆ ) မှာ ကျပ်သိန်းရာချီ ၊ ရွှေတုံးတွေ နဲ့ ဒေါ်လာသောင်းဂဏန်း ရှာတွေ့ခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

ကွန်ဒို အဆောက်အဦး B အဆောင် ၊ C အဆောင် နဲ့ D အဆောင်တွေကို ဖယ်ရှားရှင်းလင်းချိန် B အဆောင်ရဲ့ အခန်းအမှတ် ( (I9) ကနေတွေ့ရှိခဲ့ရတာလို့ မီးသတ်က ဆိုပါတယ်။

ဓာတ်ပုံ – မီးသတ်

ကျပ်သိန်း ရှစ်ရာကျော် ၊ အမေရိဒေါ်လာ သုံးသောင်း၊ ရွှေ ၁၀ သား ၁၀ တုံး အပါအဝင် အခြားသော လက်ဝတ်ရတနာပစ္စည်းတွေ ပါတွေ့ ရှိခဲ့ရတယ်လို့ မီးသတ်က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အခုလို တွေ့ရှိရတဲ့ ပစ္စည်းတွေကို ပိုင်ရှင်ကိုယ်စား မောင်တော်စပ်သူထံ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့က လွှဲပြောင်းပေးလိုက်ပြီလို့ ဓာတ်ပုံနဲ့အသိပေးထားပါတယ်။

Sky Vill ကွန်ဒို ပြိုကျမှုမှာ မေလ ၃ ရက်အထိ မီးသတ်ရဲ့စာရင်းအရ ရုပ်အလောင်း ၁၃၉ ထိ တွေ့ရှိထားပြီးဖြစ်ပါတယ်။

အမျိုးသား ၄၄ ဦး ၊ အမျိုးသမီး ၇၃ဦး ၊ ကလေး ၁၃ဦး ၊ ကျားမ မခွဲခြားနိုင်တော့ သူ ၉ ဦး စုစုပေါင်း ၁၃၉ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားတယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ပြိုကျသွားတဲ့ကွန်ဒိုအပျက်အစီးတွေထဲမှာပိတ်မိနေသူတွေကို ​ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရာမှာတော့ အသက်ရှင်လျက် ၅၂ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်က ဆိုထားပါတယ်။

ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက တဆင့် သိရပါတယ်။

မန္တလေး လမ်း ၆၀ ၊ ၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး၄ လုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦး ၃ လုံးပြိုကျ သွားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ တစ်ပတ်တာအတွင်း ရုပ်အလောင်း ၁၂ လောင်းထပ်မံတွေ့ရှိတယ်လို့ မီးသတ် ရဲ့စာရင်းတွေအရသိရပါတယ်။

သတင်း

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ ဒီနေ့ (မေလ ၁ ) ရက်မှာ ရုပ်အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိရတယ်လို့ မီးသတ်က ဖော်ပြလာပါတယ်။

သတင်း

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့ ရှိ Sky Villa ကွန်ဒို အဆောက်အဦး ကနေ ဒီနေ့ ဧပြီလ ၂၄ ရက်မနက်ပိုင်းမှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် ပြိုကျခဲ့ရသော မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒိုအဆောက်အအုံအတွင်းမှ သေဆုံးသူ ရုပ်အလောင်း ၁၀၀ကျော်ထုတ်ယူထား​ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

Facebook