close
Connect with us

Hi, what are you looking for?

သတင်း

PNA ပြည်သူ့စစ်ကွန်မန်ဒိုလစာ ​ဒေသခံများထံမှ​ကောက်ခံမည်ဟုဆို

ပင်​လောင်းတွင်ငလျင်ဒဏ်ခံရ​သော်လည်း PNO နှင့်စစ်​ကောင်စီ မကူညီဘဲ စစ်သားသစ်စု

PNO/PNA အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ။ Pa O Media

​မေ-၆၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်မှ အထူးကွန်မန်ဒိုများ၏ လစာအတွက် ဒေသခံများထံမှကောက်ခံမည်ဟု PNO ပြည်သူ့စစ်နှင့်နီးစပ်သူများကပြောသည်။

ရုရှားနိုင်ငံမှသင်တန်းနည်းပြများငှားပြီး PNOအထူးကွန်မန်ဒို အပတ်စဥ် ၁ သင်တန်းဆင်းပွဲကို ​မေလလ ၂ ရက်နေ့က ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိများလည်း တက်ရောက်ခဲ့သည်။

“ရုရှားက သင်တန်းနည်းပြတွေကို ငှားပြီး စကစ စစ်သားတစ်ယောက်ကို စကားပြန်လုပ်ခိုင်းခဲ့တာပါ။စကစ စစ်အရာရှိကို စကားပြန်ထားကတည်း

Public Service Announcement

Public Service Announcement

က PNO ဟာ စကစကို ယုံကြည်ကြောင်း အားကိုးကြောင်း မဟာမိတ်ဖြစ်ကြောင်း သက်သေပါပြနေတဲ့သဘောပါ”ဟု PNOပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတဦးကပြော သည်။

PNO ပြည်သူ့စစ်သည်လည်း အခြား တိုင်းရင်းသား လက်နက်ကိုင်များနည်းတူ စစ်ပညာအရည်အချင်းစွမ်းရည်မြှင့်နိုင်ကြောင်းဝါဒဖြန့်ချီခြင်းဖြစ်ကြောင်း ၎င်းကဆက်သည်။

“ဝင်ခွင့်ရတဲ့(ကွန်မန်ဒို) လူငယ်တွေရဲ့ လစာဖြစ်ဖြစ် PNA army တွေရဲ့ လစာတွေကို ၆လတစ်ကြိမ် ပြည်သူတွေထံ ကောက်ခံမှာပါ”ဟု PNO ပြည်သူ့စစ်နှင့်ဆက်စပ်သူက ပြောသည်။

စစ်ကောင်စီလက်အောက်ခံအဖြစ် ရပ်တည်ကာ အမျိုး သားရေးအမည်ခံပြီး မိသားစုအကျိုးစီးပွားကိုရှေ့တန်းတင်လုပ်​နေသည့် PNO ပြည်သူ့စစ်ထိပ်ပိုင်း ခေါင်းဆောင်များ၏ လုပ်ရပ်ကို ဒေသခံများက​ သိရှိရန်လိုကြောင်း ပအိုဝ်းဒေသခံတစ်ဦးက ​ပြောသည်။

“ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်ကို ကိုယ့်လူမျိုးတွေကပဲအုပ်ချုပ်လို့မရဘူးလား။စစ်တပ်လက်အောက်ခံတစ်ဆင့်နိမ့်ဘ၀နဲ့ဝေစား၊မျှစားပေးတာယူကျွေးတာစားခိုင်းတာလုပ် ထားရာနေ စေရာသွား ရုပ်သေးသာသာနဲ့ စစ်တပ်အလိုကျ ကိုယ့်လူမျိုး ကိုယ့်သယံဇာတကို အရှက်မရှိ ဖိနှိပ်ချယ်လှယ်နေတာမြင်ရတာ နှလုံးနာလိုက်တာ။ခများတို့မရှက်ပေမယ့်ကျနော်ရှက်တယ်။ ဘာကိုယ်ပိုင်အုပ်ချုပ်

ခွင့်ရဒေသလဲ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေလည်းမရှိ အာဏာလည်းမရှိ ပြည်နယ်အစိုးရတစ်ရပ်လည်းမရှိ ။ ရှက်ဖို့ကောင်းလိုက်တာဗျာ ။ အဲလက်နက်နဲ့ပြည်သူကိုအနိုင်ကျင့် စီးပွားရှာ ကိုယ်ကျိုးလုပ် ။စောက်ရှက်လေးလည်းရှိကြပါ”ဟု ၎င်းက PNO ပြည်သူ့စစ်​ခေါင်း​ဆောင်များ၏လုပ်ရပ်များကို ဝေဖန်သည်။

ထိုအပြင် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့​သော စစ်ကိုင်းငလျင်တွင် ပင်​လောင်း​ဒေသမှာ ထိခိုက်ပျက်စီးမှု များ​သော်လည်း စစ်​ကောင်စီက​ရော ၊PNO/PNA ကပါ ကူညီ​ပေးခဲ့ခြင်းမရှိ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“ပင်လောင်းကအထိများတယ်။လူသေတာကတော့နှစ်ယောက်ပဲအိမ်ပျက်စီးတာ၁၀၀၀လောက်။ရှိမယ်အဲ့ဒီနယ်မြေတွေကို စိုးမိုးတဲ့ PNO ပြည်သူ့စစ် နဲ့ စစ်ကောင်စီကတော့ ဘာမှမကူဘူး။PNOဆို မကူတဲ့အပြင် ပိုက်ဆံတွေကောက် လူသစ်စုဆောင်းတာတောင် မပျက်ဘူး”ဟု​ဒေသခံတဦးက​ပြောသည်။

စစ်ကိုင်ငလျင်ဘေးသင့်ဒေသဖြစ်​သောပင်လောင်းမြို့နယ် တောင်ထီဗွာရွာတွင် စစ်သားသစ် ၂ ဦး​တောင်းရာ မပေးနိုင်၍ တစ်အိမ်လျင် ၆၀၀၀ ကျပ်စီ​ပေးရ​ကြောင်းလည်း ​ဒေသခံတဦးက​ပြောသည်။

PNOပြည်သူ့စစ်ခေါင်းဆောင်များသည်စစ်ကောင်စီနှင့်အတူလူမျိုးရေးအကြောင်းပြချက်များ ဖန်တီးကာ ကရင်နီပြည်နယ် နှင့် ရှမ်းတောင်မှစစ်ရှောင်များကို အကြောင်းမဲ့သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။

ထို့အပြင် ၂၀၂၃ ခုနှစ်က ကရင်နီပြည်နယ်၏ ၁၁၁၁ စစ်ဆင်ရေးအလွန်တွင် စစ်အင်္ဂါစဥ်မှ ပျက်ယွင်းသွားသည့်စစ်ကောင်စီတပ်ရင်းများကို PNOက ၎င်း၏ နယ်မြေတွင်လက်ခံကာ ကရင်နီသို့ ပြန်လည်ဝင်ရောက်နိုင်ရန်စစ်ကြောင်းထိုးရာတွင်ပါဝင်ခဲ့သည်။

လက်ရှိတွင်လည်းညောင်ရွှေမြို့နယ် နှင့်ဖယ်ခုံ မြို့နယ်တို့တွင် စစ်ကောင်စီနှင့်အတူ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေပြီးပြည်သူ့နေအိမ်များကို ဖျက်ဆီးနေကြောင်း ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

PNOသည်၂၀၂၂ ခုနှစ်နောက်ပိုင်းကစ၍စစ်ကောင်စီထံမှလက်နက်များ ရယူပြီးနောက်ဒေသတွင်း တပ်သားသစ် အဓမ္မ စုဆောင်းခဲ့သည်။ဦးအောင်ခမ်းထီး ဦးဆောင်သည့် PNO သည် ၁၉၉၁ ခုနှစ်ကစ၍ အပစ်ရပ်ပြီးနောက် ရှမ်းပြည်တောင်ပိုင်း၌ အထူးဒေသအဖွဲ့ ၆ ကို စစ်တပ်ကသတ်မှတ်ပေးခဲ့သည်။ယခု​နောက်ပိုင်းတွင် ခရိုနီလုပ်ငန်းရှင် ​နေဝင်းထွန်း ကို PNA ၏ ဒုတိယအကြီးဆုံးရာထူးခန့်အပ်ပြီး စစ်​ကောင်စီ အလိုကျပိုမိုပြုလုပ်​လာ​ကြောင်း​ဒေသတွင်းစစ်​ရေးရင်းမြစ်များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့ စစ် (PNO/PNA)ပူးပေါင်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။

သတင်း

PNOမှတဆင့် ပအိုဝ်းလူထုများကို အတင်းအကြပ် စစ်သားစုဆောင်းနေခြင်း၊ ငွေကြေးကောက်ခံနေခြင်းများ ရှိနေသည်ဟု ဆိုသည်။

သတင်း

ပင်လောင်း နမ်းနိန်ရွာသတ်ဖြတ်မှုတွင် သံဃာတော်များကိုပါ နှုတ်ပိတ်လိုက်သကဲ့သို့ ဖရူဆိုမြို့နယ် မိုဆိုရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင်လည်း စစ်ကောင်စီတပ်က BGF ၄ဦးကို နှုတ်ပိတ်လိုက်ကြောင်း၊ ယခု ပင်လောင်းကိစ္စ သည်လည်း မိုဆိုကိစ္စကဲ့သို့ပင်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်မြတ်က ပြောသည်။

Facebook