close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီးအပြီး တစ်လပြည့် မန္တလေးမြို့ မြင်ကွင်း

မြန်မာနိုင်ငံမှာ နှစ်ပေါင်း တစ်ရာကျော်အတွင်း ဖျက်အားအပြင်းဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဧပြီ ၂၈ ရက်မှာဆိုရင်တစ်လတင်းတင်းပြည့်သွားပါပြီ။

ဧပြီ – ၂၉ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မြန်မာနိုင်ငံမှာ နှစ်ပေါင်း တစ်ရာကျော်အတွင်း ဖျက်အားအပြင်းဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဧပြီ ၂၈ ရက်မှာဆိုရင်တစ်လတင်းတင်းပြည့်သွားပါပြီ။

ငလျင်ဒဏ်ကြောင့်ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့ရတဲ့ မန္တလေးမြို့မှာတော့ ပြန်လည်ထူထောင်ရေးထက် အပြိုအပျက်အဆောက် အဦးတွေကို ရှင်းလင်းနေရဆဲပါ။

အဆောက်အဦးအပျက်အစီးတွေကနေ ထွက်လာတဲ့အုတ်ကျိုးအုတ်ပဲ့တွေ ၊ကွန်ကရစ်အစိတ်အပိုင်းတွေကိုသယ်ဆောင်သွားတဲ့ ထရပ်ကားတွေကို မန္တလေး မြို့ရဲ့ လမ်းမတိုင်းမှာ တွေ့နေရပါတယ်။

Public Service Announcement

Public Service Announcement

ရှင်းလင်းရေးလုပ်ဆောင်နေတယ်ဆိုပေမယ့် လူနေရပ်ကွက်တွေမှာ ပြိုကျပျက်စီးနေတဲ့အဆောက်အဦးတွေကိုအခုတိုင် မြင်နေရဆဲဖြစ်ပြီးအဓိကအားဖြင့်တော့ ဟိုတယ်တွေ ၊စျေးတွေ ၊ တည်းခိုခန်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့အဆောက်အဦးတွေကိုသာ ဦးစားပေးရှင်းလင်းသာတွေ့မြင်ရပါတယ်။

လူအသေအပျောက်များခဲ့တဲ့ Sky Vill ကွန်ဒို ၊Golden City ဟိုတယ် ၊ Golden Country ဟိုတယ် ၊ အင်ကြင်းကွန်ဒို၊ River View ဟိုတယ်တွေမှာ စက်ယန္တရားတွေအသုံးပြုပြီး ရှင်းလင်းရေးလုပ်နေသလို တဆက်တည်းမှာ ပဲ ရုပ်အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေတာတွေ့ရပါတယ်။

ဖြိုချရှင်းလင်းနေတဲ့ Great Wall ဟိုတယ် ၊ စျေးချို တောင်၊ မြောက်တိုက်တန်း နေရာတဝိုက်ကိုတော့ လမ်းပိတ်ပြီး သွားလာခွင့်ကန့်သတ်ထားပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးတွေကို မန္တလေးစည်ပင်က အခမဲ့ရှင်းလင်းပေးမယ်လို့ ကြေညာထားပေမယ့် စည်ပင်က ရှင်းလင်းပေးနိုင်တဲ့ လုပ်ကိုင်စွမ်းက အကန့်အသတ်ရှိတာကြောင့် အဆောက်အဦးဖြိုခ မတတ်နိုင်သူတွေလည်း အခက်ကြုံနေရပါတယ်။

ပြိုကျသွားတဲ့ စျေးဆိုင်တွေ အများစုပြန်မဖွင့်နိုင်သလို လမ်းတွေ ပေါ်မှာ ဖြစ်သလို နေထိုင်ရဆဲ ငလျင်ဒဏ်သင့်ပြည်သူတွေလည်းရှိနေပါတယ်။

ငလျင်ကြီးရဲ့ အဖျက်စွမ်းအားကြောင့် လူမှုဘဝတွေကြီးကြီးမားမား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မန္တေလေးမြို့နေပြည်သူတွေဟာ တစ်လပြည့်တဲ့အထိ နောက်ဆက်တွဲ ငလျင်တွေကြောင့် ညရေးညတာကောင်းကောင်းမအိပ်ရဘဲ စိုးတထိတ်ထိတ်ဖြစ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီက မတ်လ ၂၈ရက် စစ်ကိုင်းငလျင်ကြီးလှုတ်ခတ်ပြီးနောက် ပြည်သူများ ပစ်မှတ်ထားသည့် လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ပြည်သူလူထု ရာချီသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားသည်။

သတင်း

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်ထဲက ရွှေဇာမဏီ ရွှေဆိုင်ကို မနေ့ ဧပြီ ၂၈ ရက်ညနေ၃နာရီ ခန့်က သေနတ်ကိုင်လူတစ်စု ဝင်ရောက်ဓားပြတိုက်သွားတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ပုသိမ်ကြီးမြို့မှာနေထိုင်တဲ့ သတ္တဗေဒဌာနက အငြိမ်းစားပါမောက္ခဒေါက်တာ ထွေးထွေး ‌‌‌‌အသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဆောင်းပါး

လူ့အသက်ပေါင်းများစွာ ခေါ်ဆောင်သွားတဲ့၊ အဆောက်အအုံပေါင်းများစွာ လဲပြိုစေခဲ့တဲ့ စစ်ကိုင်းငလျင်ကြီး တစ်လပြည့်ခဲ့ပါပြီ။ တစ်လပြည့်သွားတဲ့အခါ ငလျင်ဘေးဒဏ်သင့် မန္တလေးမြို့မှာ ဘယ်လိုအခြေအနေတွေ ရှိနေပြီလဲဆိုတာ​ကို ပြောပြပေးမှာပါ။

Facebook