ဧပြီ-၃၀၊၂၀၂၅။ကဖေး/People’s Spring
ရန်ကုန်မြို့တွင် ယနေ့ (ဧပြီလ ၃၀ရက်) နံနက်ပိုင်းမှစ၍ မြို့နယ်အများစု နေရာကွက်မိုးကောင်းခဲ့သည်။
ကမာရွတ်၊ လှိုင် ၊ရန်ကင်း၊ တာမွေအပါအဝင်မြို့တွင်းမြို့နယ်များ၌ နံနက်ပိုင်းမှစ၍မိုးအုံ့နေခဲ့ပြီးနံနက် ၁၁နာရီခန့်တွင် မိုးစရွာခဲ့သည်။ နာရီဝက်ခန့်ကြာ ရွာပြီး မိုးသည်းခဲ့သည်။ မိုးသည်းချိန် လေပြင်းအနယ်ငယ်တိုက်ခတ်ခဲ့သည်။ ညနေ ၆နာရီခန့်တွင် တကျော့ပြန်မိုးရွာခဲ့သည်။
ဧပြီလတွင်အပူရှိန်ပြင်းထန်ပြီး မီးပြတ်သဖြင့် အပူဒဏ်ခံနေရသော ရန်ကုန်မြို့နေ ပြည်သူများမှာ ဧပြီလကုန်ပိုင်းတွင် ရွာသွန်းသောမိုးကြောင့် အပူဒဏ်သက်သာခဲ့သည်။ ဧပြီ ၂၈ ရက်နေ့မှစ၍ ရန်ကုန်တွင် မိုးအနည်းငယ်ရွာပြီး ဧပြီ ၂၉ ၊၃၀ ရက်တို့တွင် သည်းထန်စွာရွာခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ရန်ကုန်မြို့တွင်မိုးရွာနေချိန်၌ ဒေသချင်းဆက်စပ်နေသော ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင်လည်း မိုးရွာခဲ့သည်။
ယခုရက်ပိုင်းရာသီဥတုအခြေအနေမှာ ဒေသအများအပြားတွင် မွန်းလွဲ/ညနေပိုင်း အချိန် များ၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များ ဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ခန့်မှန်းထားသည်။
ဓါတ်ပုံ-People’s Spring
