close
Connect with us

Hi, what are you looking for?

သတင်း

ဒေသအများစု အချိန်အခါမဟုတ် မိုးရွာနိုင်ဟု MOHADM သတိ‌‌ပေး

မြန်မာနိုင်ငံဒေသအများစု၌ ယနေ့(ဖေဖော်ဝါရီ ၂၄ ရက်)မှ ၂၈ ရက်အတွင်း အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ‌‌ပေးထုတ်ပြန်သည်။

ယနေ့တွင် ရန်ကုန်မြို့၌ မိုးရွာသွန်းနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - People's Spring

အိမ်သွင်/People’s Spring

မြန်မာနိုင်ငံဒေသအများစု၌ ယနေ့(ဖေဖော်ဝါရီ ၂၄ ရက်)မှ ၂၈ ရက်အတွင်း အချိန်အခါမဟုတ်မိုးရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ‌‌ပေးထုတ်ပြန်သည်။

ယင်းကာလအတွင်း မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် နေရာကွက်၍ မိုးရွာနိုင်ခြင်းဟု သတိပေးထားသည်။

လက်ရှိ ရာသီဥတုအခြေအနေသည် လေထုမတည်မငြိမ်ဖြစ်နေရာမှာ မြန်မာတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၄ရက်မှ ၂၅ရက်အတွင်း ရန်ကုန်အပါအဝင် ဒေသအများအပြား နေရာကွက်မိုးရွာနိုင်ပြီး ဖေဖော်ဝါရီ ၂၆ရက်မှစ၍ မွန်၊ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယခုတစ်ပတ်အတွင်း အချိန်အခါမဲ့ မိုးရွာနိုင်သလို နေ့အပူချိန်များ ဆက်လက်မြင့်မားနေနိုင်ကြောင်း MOHADMက ထုတ်ပြန်သည်။ရန်ကုန်အပါအဝင် မြန်မာနိုင်ငံဒေသအများစု၌ ဇန်နဝါရီနှောင်းပိုင်းမှစ၍ ‌အပူချိန်များ သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်လမပြည့်ခင် ကာလအတွင်း ကြုံတွေ့ရမယ့် ၅ ခုမြောက် မုန်တိုင်းအတွက် ဖိလစ်ပိုင်မှာ ရာသီဥတု သတိပေး ကြေညာချက်တွေ ထုတ်ပြန်နေရပြီ ဖြစ်ပါတယ်။

သတင်း

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းသက်ရောက်မှုကြောင့်စက်တင်ဘာလ ၂၀ရက်​နေ့မှစတင်၍ ရှမ်းပြည်နယ်၊ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ခန့်မှန်းချက်ထုတ်ပြန်သည်။

အတွေးအမြင်

ပြီးခဲ့တဲ့ရက်ကပြင်းထန်လှတဲ့ရေကြီးမြေပြိုမှု သဘာဝဘေးဒဏ်ကို မြန်မာပြည်နေရာအတော်များများ အထူးသဖြင့် ရှမ်း ၊ ကရင်နီ ၊ ကရင် ၊ နေပြည်တော် ၊ စတဲ့ဒေသတွေကပြည်သူတွေကအလူးအလဲ နဲ့ မရှုမလှခံခဲ့ကြရပါတယ်။

နိုင်ငံတကာ

မိုးတွေ အရမ်းသည်းသည်းထန်ထန် ရွာတဲ့အခါ မြို့ထဲက ရေဆင်းစနစ်တွေ မနိုင်မနင်း ဖြစ်ကုန်ပြီး မြေနိမ့်ပိုင်း ဧရိယာ အတော်များများ ရေလွှမ်းကုန်ပါတယ်။ ပြီးတော့ မြေပြိုမှုတွေလည်း နောက်ဆက်တွဲ ဖြစ်ပေါ်လာပါတယ်။