ဧပြီ-၁၃၊၂၀၂၅။ ရောင်နီ/People’s Spring
ရန်ကုန်မှာ ဒီရက်ပိုင်း မိုးဆက်နေပါတယ်။ ဧပြီ ၁၂ ရက်မှာ နေရာတော်တော်များများမှာ မိုးသည်းထန်စွာရွာသွန်းပြီး တချို့နေရာတွေမှာ လမ်းတွေ ရေလျှံခဲ့ပါတယ်။
ရန်ကုန်မှာ ဧပြီ ၇ ရက်လောက်ကစတင်ပြီး နေ့စဉ်မိုးရွာခဲ့တာပါ။ လှိုင်သာယာဘက်မှာတော့ အဲဒီနေ့က မိုးတော်တော်ရွာခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement
နောက်ရက်တွေမှာလည်း ညနေတိုင်းလိုလို မိုးရွာခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၉ ရက်မှာဆိုရင်လည်း တချို့နေရာတွေမှာ လေနဲ့မိုး ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ဗီဒီယိုဖိုင်တွေနဲ့အတူ လူမှုကွန်ရက်မှာ မျှဝေထားကြပါတယ်။
အဲဒီလိုပဲ ဒီနေ့မှာလည်း ရန်ကုန်က နေရာတော်တော်များများမှာ မိုးသည်းထန်ခဲ့ပြီး တချို့နေရာတွေမှာ လမ်းပေါ်ရေကြီးခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း အားနည်းသွားပေမယ့် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဧပြီ ၁၅ ရက်လောက်အထိ မိုးရွာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
