close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စကခမှူး ဗိုလ်မှူးချုပ်တင်မင်းလတ် ဒဏ်ရာရပြီး ရဟတ်ယာဉ်ဖြင့် သယ်ထုတ်သွားဟုသတင်းထွက်​ပေါ်

ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA) နှင့် မဟာမိတ်များပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)စကခမှူး ဗိုလ်မှူးချုပ်တင်မင်းလတ် ဒဏ်ရာအပြင်းထန်ရရှိသွားပြီး ယ‌နေ့(ဇန်နဝါရီ ၂၃ ) နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့်လာရောက်သယ်ဆောင်သွားကြောင်းစစ်‌ ရေးသတင်းရင်းမြစ်အချို့ကကပြောသည်။

စကခ (၂၁) စကခမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်

ကဖေး/People’s Spring

ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA) နှင့် မဟာမိတ်များပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)စကခမှူး ဗိုလ်မှူးချုပ်တင်မင်းလတ် ဒဏ်ရာအပြင်းထန်ရရှိသွားပြီး ယ‌နေ့(ဇန်နဝါရီ ၂၃ ) နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့်လာရောက်သယ်ဆောင်သွားကြောင်းစစ်‌ ရေးသတင်းရင်းမြစ်အချို့ကကပြောသည်။

“စကခ(၂၁)ထဲကို ရဟတ်ယာဉ်ဆင်းပြီး ဒဏ်ရာရတွေကိုခေါ်သွားတယ်။ အဲဒီထဲမှာ စကခမှူး ပါသွားတယ်လို့သတင်းရတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဗိုလ်မှူးချုပ်တင်မင်းလတ်မှာ ​တော်လှန်​ရေးအဖွဲ့များကပစ်ခတ်​သော လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်​ကြောင်း အခြားစစ်​ရေးသတင်းရင်းမြစ်တဦးကလည်း​ပြောသည်။သို့​သော်ဒဏ်ရာရရှိ​မှု အ​ခြေအ​နေအ​သေးစိပ်ကိုမူ မသိရ​သေး​ပေ။

Public Service Announcement

Public Service Announcement

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မဟာမိတ်များ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ၄ရက်တွင် စတင်ခဲ့ပြီး မြို့ပေါ်နေရာများစုကိုထိန်းချုပ်ထားသည်။ စစ်ကောင်စီသည် စကခ(၂၁)ထဲမှနေ၍ ခုခံနေပြီး KIAကလည်း ဝိုင်းရံပိတ်ဆို့ထားသည်ဟု သတင်းရရှိသည်။

တိုက်ပွဲကာလ ရက် ၅၀ ရှိလာပြီဖြစ်သည်။ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့အချို့ကို KIAက သိမ်းယူထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းပစ်ကူအဓိကအသုံးပြု၍ စကခ(၂၁)ထဲမှနေ၍ ခုခံတိုက်ခိုက်နေသည်။ KIA ကလည်းစစ်​ကောင်စီတပ်ကို ကုန်လမ်း ၊​ရေလမ်းမှစစ်ကူမပို့​နိုင်​အောင် ပတ်ဆို့ ဝိုင်းရံ၍ တိုက်ခိုက်​နေသည်။

ဗိုလ်မှူးချုပ်တင်မင်းလတ်သည် စစ်တက္ကသိုလ်အမှတ်စဉ်(၄၁) ဆင်းဖြစ်သည်။ ၂၀၁၆ -၂၀၁၇က အနောက်ပိုင်းစစ်ဌာနချုပ်(နပခ)တွင် ဗိုလ်မှူးကြီးရာထူးဖြင့် စစ်ဦးစီးမှူး ပထမတန်း(စစ်ဆင်ရေး)တာဝန် ထမ်းဆောင်ခဲ့သည်။ရခိုင်ပြည်နယ်၌ လူမျိုးရေးနှင့်ဘာသာရေးမှိုင်းတိုက်၍ ပဋိပက္ခဖန်တီးရန် စစ်တပ်က ကြိုးပမ်းမှုတိုင်းတွင် ဗိုလ်မှူးချုပ်( ယင်းအချိန်က ဗိုလ်မှူးကြီး) တင်မင်းလတ်က လူမျိုးရေးမုန်းတရားများ လူမှုကွန်ရက်၌ လှုံ့ဆော်ခဲ့သည်။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်မည်ဟု ၎င်းသုံးသည့် ဖေ့စ်ဘွခ်လူမှုကွန်ရက်အကောင့်၌ မကြာခဏရေးတင်ခဲ့သူဖြစ်သည်။

နပခတွင် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၉ နှစ်လယ်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်သို့ စစ်ဘက်ရေးရာလုံခြုံရေးဌာန (ပထမတန်း) ရာထူးဖြင့်ပြောင်းရသည်။၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စကခ(၂၁)သို့ ယာယီနည်းဗျူဟာမှူးရာထူးဖြင့် ရောက်ရှိလာသည်။

၂၀၂၂ နိုဝင်ဘာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်မှ စကခ(၁၇) သို့ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးရာထူးဖြင့် ပြောင်းရွှေရပြန်သည်။ ၂၀၂၄ ဧပြီလတွင် စကခ(၂၁)သို့စကခမှူးအဖြစ် တစ်ကျော့ပြန်ရောက်ရှိလာခဲ့သည်။

ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှာ ယခုရက်ပိုင်းတွင် စကခ(၂၁)အနီးပတ်ဝန်းကျင်၌ အလွန်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှအပြင်အထန်ခုခံတိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။ ကုန်​ကြောင်း၊​ရေ​ကြောင်းမှ စစ်ကူပို့မရ​သဖြင့် စစ်တပ်က ​လေ​ကြောင်းကို အဓိကအသုံးပြုတိုက်ခိုက်​နေခြင်းဖြစ်သည်။ KIA နှင့် မဟာမိတ်များကလည်း အဆင့်ဆင့် ပိတ်ဆို့ ဖြတ်​တောက်တိုက်ခိုက်​နေပြီး မြို့သိမ်းတိုက်ပွဲမှာ ပြင်းထန်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ​ကြောင်းလည်း စုံစမ်းသိရသည်။

ဇန်နဝါရီ ၂၃ ရက်နေ့တွင် စကခ(၂၁)အတွင်းသို့ ရဟတ်ယာဉ် နှစ်စီးဆင်းပြီး ဒဏ်ရာရစစ်ကောင်စီအရာရှိများနှင့် သေဆုံးသည့်အရာရှိအချို့ကို သယ်ဆောင်သွားကြောင်း ကချင် စစ်‌ရေးသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်တွင်ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းများအတွင်း ပြောက်ကျားတိုက်ခိုက်မှုများ ဆက်ရှိနေဆဲဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အရှိန်မြှင့် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူ အကြိမ်ကြိမ်ပြုလုပ်ခုခံလျက်ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးသည်။