close
Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့သိမ်းတိုက်ပွဲ​​အောင်ပွဲရ KRF တပ်ဖွဲ့ဝင်​တွေကိုပြည်သူ​တွေကြိုဆို

ဧပြီ-၁၄၊၂၀၂၅။People’s Spring

ချင်းညီ​နောင်နဲ့ မဟာမိတ်တပ်​တွေက​အောင်မြင်စွာထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကပြန်လည်ရောက်ရှိလာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ဒေသခံပြည်သူ​တွေက​အောင်သ​ပြေပန်း​တွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

ချင်းညီ​နောင်နဲ့အတူ AA အပါအဝင် စစ်ကိုင်း၊မ​ကွေး၊​ယော​ဒေသ​တွေက မဟာမိတ် တပ်ဖွဲ့ ၁၇ ဖွဲ့ကအတူပူး​ပေါင်းပြီး ၂၀၂၄ နိုဝင်ဘာ ၉ ရက်ကစပြီး ချင်းပြည်နယ်ရဲ့ဒုတိယမြို့​တော်ဖလမ်းမြို့ကစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၅ နိုဝင်ဘာ ၉ ရက်မှာ​တော့ဖလမ်းမြို့နယ်မှ စစ်​ကောင်စီကင်းစင်သွားပြီဖြစ်​ကြောင်း​ကြညာနိုင်ခဲ့ပါတယ် ။

ဖလမ်းမှာစစ်တပ်ရဲ့​နောက်ဆုံးကျန်ထဲ့တဲ့ ခလရ (၂၆၈)သိမ်းတိုက်ပွဲမှာ​စစ်တပ်ကလေ​ကြောင်းပစ်ကူအကြိမ်​ရေအ​မြောက်အများ​ပေးခဲ့တဲ့ကြားက​တော်လှန်​ရေးတပ်​တွေကသိမ်းပိုက်ခဲ့တာပါ။

ခလရ (၂၆၈)တပ်ရင်းမှူး​သေဆုံးခဲ့သလို စစ်တပ်အရာရှိ​တွေအပါအဝင်စစ်သား ၂၀၀​ကျော်ဖမ်းဆီးနိုင်ခဲ့ပြီး​တော့ ​ဟောင်ဝစ်ဇာအပါအဝင်လက်နက်မျိုးစုံအများအပြားသိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာပါဝင်ဆင်နွှဲခဲ့ပြီး​အောင်ပွဲရခဲ့တဲ့ KRF တပ်ဖွဲ့ဝင် ​တွေရဲ့အိမ်အပြန်ခရီးကို ရုပ်သံမှတ်တမ်းမှာ​တွေ့ရမှာဖြစ်ပါတယ်။

ရုပ်သံ-KRF

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အတွင်း စစ်ကောင်စီ၏ ခလရ(၂၆၈)တပ်ရင်းမှ တပ်ရင်းမှူး ဝေလင်းထွန်း သေဆုံးပြီး ဗိုလ်မှူးအဆင့်အရာရှိအပါအဝင် စစ်သုံ့ပန်း ၂၀၀ကျော် ဖမ်းမိထားကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

သတင်း

ချင်းမြောက်ပိုင်းရှိ စစ်ကောင်စီတပ်ရင်းစခန်းကို မကြာမီ ပထမဆုံးသိမ်းယူနိုင်မည်ဟု မျှော်လင့်ကြောင်း အသိပေး

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံနေသည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

သတင်း

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး လေးဦးခန့် ပြင်းထန်ဒဏ်ရာရကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။