close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ဆိပ်ကမ်းအနီးမှာ ပစ်ခတ်သံတွေ ဆူညံနေ၊ မြို့ခံတွေ ထိတ်လန့်

ငလျင်သတင်း ကောလာဟလတွေပြန့်ပြီးနောက် ပြည်သူတွေလမ်းပေါ်ထွက်အိပ်နေချိန် မန္တလေးမြို့ဆိပ်ကမ်းအနီးမှာ ပစ်ခတ်သံတွေဆူညံနေပြီး ပြည်သူတွေ ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

မန္တလေးမြို့မှာ ငလျင်တွေဆက်တိုက်လှုပ်နေလို့ ပြည်သူတွေ လမ်းပေါ်ထွက်အိပ်နေရပါတယ်။ ဓာတ်ပုံ − CJ

ဧပြီ ၂၀၊၂၀၂၅။ မေ/People’s Spring

ငလျင်သတင်း ကောလာဟလတွေပြန့်ပြီးနောက် ပြည်သူတွေလမ်းပေါ်ထွက်အိပ်နေချိန် မန္တလေးမြို့ဆိပ်ကမ်းအနီးမှာ ပစ်ခတ်သံတွေဆူညံနေပြီး ပြည်သူတွေ ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။

မနက်ဖြန် ဧပြီ ၂၁နဲ့၂၂ရက်မှာ ငလျင်ကြီးလှုပ်နိုင်တယ်ဆိုတဲ့သတင်းနဲ့ မုန်တိုင်းသတင်းတွေ ပြန့်နှံ့ပြီးတဲ့နောက် မန္တလေးမြို့ပြည်သူတွေဟာ ဒီနေ့ညမှာ လမ်းမပေါ်ပြန်ထွက်အိပ်နေကြတာလို့ မြို့ခံတွေက ပြောပါတယ်။

ဒီလို ထိတ်လန့်နေချိန်မှာ မြို့အနောက်ဘက်ခြမ်းမှာ လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ပြည်သူတွေငုတ်တုတ်ထိုင်စောင့် နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” သုံးချက်ရှိပြီ။တအုန်းအုန်းကြားနေရတာ ‌‌။မင်းကွန်းဘက်ကလား ၊မြစ်ဆိပ်က ပစ်နေလားမသိဘူး။အခုအကုန်အထုတ်တွေပြင်ပြီး ထိုင်စောင့်နေကြရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ကျုံး‌‌ရဲ့ အနောက်ဘက်မှာ‌နေထိုင်တဲ့ နောက်ထပ်မြို့ခံတစ်ဦးကလည်း လက်နက်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ ပြောပါတယ်။

“မအလက တစ်မျိုး၊ငလျင်က တစ်မျိုး ဒီညမအိပ်ရ တော့ဘူး”လို့ ပြောပါတယ်။

ဒီနေ့ညမှာ မန္တလေးမြို့ခံအများအပြားဟာ လမ်းမဘေးပေါ် ထွက်အိပ်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်းက တောင်သာ၊ မတ္တရာ၊စဉ့်ကူး၊သပိတ်ကျင်းမြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၅၀နီးပါး သေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မန္တလေးမြို့ပေါ်ရှိ ပြိုပျက်နေသော အဆောက်အဦးများအောက်က လမ်းမပေါ်တွင် ရွှေရင်အေး၊ မုန့်လက်ဆောင် တွန်းလှည်းလေးတစီးသည် တရွေ့ရွေ့ဖြတ်သန်းလာသည်။ စျေးသည် အမျိုးသမီးသည် အပြိုအပျက်လွတ်ရာတနေရာရောက်တော့ လှည်းကိုခေတ္တရပ်ရင်း မုန့်လက်ဆောင်တခွက် ဖျော်သောက်ရင်း သူ့ဝမ်းသူပြန်ဖြည့်နေသည်။ "စျေးက မရောင်းရသေးဘူး"ဟု သူက စိတ်မသက်မသာပြောပြသည်။

သတင်း

ငလျင်ဒဏ်ခံစားထားရသည့် နိုင်ကျဉ်းများအား ထောင်ပြောင်းရွှေ့မည်ဟု စစ်ကောင်စီက ခြိမ်းချောက်ဖိနှိပ်မှုများ ပြင်းပြင်းထန်ထန်လုပ်နေဟု နိုင်ကျဉ်းအဖွဲ့အစည်း(၇)ဖွဲ့ ထုတ်ပြန်

သတင်း

Scorpio/People’s Spring မန္တလေးမှာ ဒီကနေ့ မြန်မာနှစ်ဆန်းတရက်နေ့ နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်ပြိုလက်စ အဆောက်အအုံတချို့ ထပ်မံပြိုကျခဲ့တယ်လို့ မြို့ခံအချို့က ပြောပါတယ်။ ဒီကနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်နေ့ နေ့လယ် ၁ နာရီ ၃ မိနစ်ခန့်ကမန္တလေးပုသိမ်ကြီးမြို့နယ်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၄.၅ ရစ်ချတာစကေးရှိတဲ့...

သတင်း

မန္တ​လေး၊စစ်ကိုင်း၊ပြင်ဦးလွင်မြို့များခံစားရပြီးပြည်သူများထိတ်လန့်