close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် မိုးသက်လေပြင်းကျစဉ် လူတစ်စုက ဓားပြတိုက်ရန်ကြိုးပမ်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၌ ယ‌နေ့(ဧပြီ ၅ရက်)ည ၈နာရီကျော်က မိုးသက်လေပြင်းကျနေစဉ် လူတစ်စုက နေအိမ်တစ်အိမ်အား ဓားပြတိုက်ရန်ကြိုးပမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ည မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေစဉ်။ ဓာတ်ပုံ - Thiha Htun Zaw

‌ဧပြီ ၅၊ ၂၀၂၅။ဇော်ရမ်း/People’s Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၌ ယ‌နေ့(ဧပြီ ၅ရက်)ည ၈နာရီကျော်က မိုးသက်လေပြင်းကျနေစဉ် လူတစ်စုက နေအိမ်တစ်အိမ်အား ဓားပြတိုက်ရန်ကြိုးပမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ ၄၁၊၄၉လမ်းတွင် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” မိုးသံလေသံတွေဆူညံနေချိန်မှာ အိမ်ထဲကိုဝင်ပြီး ဓားပြတိုက်ဖို့လုပ်တာ။ အိမ်ရှင်ကအော်တော့ထွက်ပြေးတာ။ လိုက်ကြပေမယ့် မမိဘူး။ ဒီရက်လူစိမ်းတွေအများကြီးဆိုတော့ ရောကုန်တာဖြစ်မယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့တွင် ယနေ့ည မိုးသက်လေပြင်းကျခဲ့ပြီး လမ်းပလပ်ဖောင်းများ၌ ညဘက်အိပ်စက်ကြမည့် ငလျင်ဒဏ်သင့်ပြည်သူများမှာ ဝရုန်းသုန်းကားဖြစ်ခဲ့သည်။ ထိုအချိန်တွင် လူစိမ်းတချို့က ဓားပြတိုက်ရန်ကြိုးစားခြင်းဟု သတင်းရရှိသည်။

” ၅ယောက်လောက်ပါမယ်။ ဝိုင်းလိုက်တော့ ကိုယ်ယောင်ဖျောက် ပြေးကြတာ။ သဘာဝဘေးကြောက်ရ၊ ဓားပြဘေးကြောက်ရနဲ့ အခြေအနေဆိုးတယ်”ဟု မဟာအောင်မြေမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့တွင် နေအိမ်အဆောက်အအုံများ အပျက်အစီးများခဲ့ပြီး ဒေသခံအများအပြားမှာ လမ်းဘေးနေရာများတွင် နေထိုင်နေကြရဆဲဖြစ်သည်။

ယနေ့ည ၈နာရီခန့်တွင် မိုးသက်‌လေပြင်းကျခဲ့၍ ငလျင်ဘေးသင့်သူများ အခက်အခဲကြုံတွေ့ခဲ့သည်။ သို့သော် ည ၈နာရီ ၄၀မိနစ်ခန့်တွင် မိုးတိတ်သွားခဲ့သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားပြီး ဖြိုမချရသေးသည့် နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ ခိုးယူခံရမှုများရှိနေသလို အုပ်စုဖွဲ့လုယက်မည့် အန္တရာယ်ကိုလည်း စိုးရိမ်နေရကြောင်း မြို့ခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၄ ရက်​နေ့အထိ့ ​၈ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၂၄ ​နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ် ။ ဒီအ​ရေအတွက်ဟာ People's Spring အချက်အလက်ရရှိတဲ့ အ​ရေအတွက်သာဖြစ်ပြီး ဒီစာရင်းထဲမပါ​သေးတဲ့​ဗုံးကြဲခံရမှု​တွေ ရှိနိုင်​သေးလို့မြေပြင်မှာအခုထက်ပိုများနိုင်ပါတယ်။

သတင်း

မြန်မာငလျင်ဘေးအတွက် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုက အကူအညီများ ထပ်မံတိုးမြှင့်ပေးအပ်လိုက်ကြောင်း သိရသည်။

သတင်း

ဧပြီ ၅၊ ၂၀၂၅။ ရဲခေါင်/People’s Spring မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ်အဆောက်အဦပြိုကျမှုအတွင်း သေဆုံးသူ ၂၀ဦးရှိကြောင်း အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့(ဧပြီ ၅ ရက်)တွင် ထုတ်ပြန်သည်။ ငလျင်ကြောင့် ပြိုကျပြီး ပိတ်မိနေသူ အသက်ရှင်လျက် ၁၆ ဦးကယ်ထုတ်နိုင်ခဲ့ပြီး သုံးဦးမှာ ဆေးရုံ၌ သေဆုံးခဲ့သည်ဟု...

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ သူတို့ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင် ငြင်းဆန်တယ်လို့ ယူဆတဲ့ ငလျင်ဘေးသင့်နယ်မြေတွေဆီလူသားချင်းစာနာမှုအကူအညီပစ္စည်းတွေ မရောက်ရှိနိုင်အောင် တားဆီးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကပြောကြားလိုက်ပါတယ်။

Trending

Facebook