close
Connect with us

Hi, what are you looking for?

သတင်း

တွန်းဇံတိုက်ပွဲ CNA ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် ဇိုမီးတပ်ဖွဲ့ပြန်ဆုတ်ခွာ

ချင်းပြည်နယ်၊ တွန်းဇံမြို့အား ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အိန္ဒိယနိုင်ငံအခြေစိုက် ဇိုမီးတပ်ဖွဲ့ Zomi Revolutionary Army (ZRA)ကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ပူးပေါင်းတပ်ဖွဲများမှ ပြန်လည်တိုက်ထုတ်ခဲ့ရာ ZRAတပ်များ ပြန်ဆုတ်ခွာသွားဟု Chinland Information Center(CIC)က ယနေ့(ဧပြီ ၅ရက်) ထုတ်ပြန်သည်။

ZRAနှင့် တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းစည်းရသည့် ခဲယမ််းများ။ ဓာတ်ပုံ - CIC

ဧပြီ ၅၊၂၀၂၅။ ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ တွန်းဇံမြို့အား ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အိန္ဒိယနိုင်ငံအခြေစိုက် ဇိုမီးတပ်ဖွဲ့ Zomi Revolutionary Army (ZRA)ကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ပူးပေါင်းတပ်ဖွဲများမှ ပြန်လည်တိုက်ထုတ်ခဲ့ရာ ZRAတပ်များ ပြန်ဆုတ်ခွာသွားဟု Chinland Information Center(CIC)က ယနေ့(ဧပြီ ၅ရက်) ထုတ်ပြန်သည်။

ZRA သည် ချင်းပြည်ကောင်စီပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် တွန်းဇံမြို့နယ်ကို ဧပြီ ၃ရက် နံနက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) အမှတ် (၄) တပ်မဟာက အသိပေးထားသည်။

အဆိုပါ ZRA တပ်ဖွဲ့အား CNA ပူးပေါင်းတပ်က ပြန်လည်တိုက်ထုတ်ရာ ဧပြီ ၄ရက်တွင် ဆုတ်ခွာသွားပြီး လမ်းကြောင်းရှိ Nakzang ရွာကို မီးရှို့ဖျက်ဆီးခဲ့ဟု CICက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မီးရှို့ခံရသည့်ကျေးရွာသည် အိမ်ခြေ ၈၀ကျော်ရှိပြီး ရွာ၏ဘုရားရှိခိုးကျောင်းမှအပ ရွာတစ်ခုလုံး မီးလောင်ပြာကျခဲ့ရဟု ဖော်ပြသည်။

လက်ရှိတွင် ရွာသူ၊ရွာသားများ တွန်းဇံမြို့အတွင်းတွင် ဝင်ရောက်ခိုလုံလျက်ရှိဟု အသိပေးသည်။

မီးလောင်ပြာကျသွားသည့် မနီပူရ မြစ်ဘေးရှိ Nakzang ကျေးရွာ၏ ရုပ်သံမှတ်တမ်းနှင့် တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော်နှင့် ပူးပေါင်းတပ်ဖွဲများမှ သိမ်းဆည်းရမိသည့် ဒရုန်းနှင့် လက်နက်၊ ခဲယမ်းများကို CICက မှတ်တမ်းများ ဖော်ပြသည်။

“ကျနော်တို့ သိမ်းပြီးသားဖြစ်တဲ့ တွန်းဇံမြို့ထဲကို ZRA က မြို့ထဲဝင်ပြီးတော့ ကျနော်တို့ကို လာပြီးတိုက်တာ။ တနေကုန်တိုက်ပွဲဖြစ်တော့ သူတို့က အခု တီးတိန်မြို့ကို စကစ စခန်းဆီကို သူတို့ ပြန်ဆုတ်သွားကြတယ်။ ပြန်ဆုတ်ပြီး အဲဒီလမ်းမှာရှိတဲ့ နဇန်ဆိုတဲ့ရွာကို တရွာလုံးကို မီးရှို့လိုက်ကြတယ်။ အဲဒါက နွေဦးတော်လှန်ရေးမှာ တွန်းဇံ CDF နဲ့ ပူးပေါင်းနေတဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ပံ့ပိုးနေတဲ့ရွာလို့ သူတို့က လုပ်ပြီး တရွာလုံးကို မီးရှို့လိုက်တာ”ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

လက်ရှိတွင်လည်း တီးတိန်စစ်ကောင်စီတပ်က ZRA တပ်များအား လက်နက်များ၊ ဒရုန်း၊ ခဲယမ်းများ တပ်ဆင်ပြီး တွန်းဇံကို ပြန်တိုက်ရန် ပြင်ဆင်နေဟု သိရကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ကျနော်တို့ကတော့ အခုကတော့ တွန်းဇံမြို့ကို သူတို့ မသိမ်းနိုင်အောင် တပ်အင်အားတွေ ဘာတွေ ကောင်းကောင်းဖြည့်ထားပါတယ်။ ကျနော်တို့က ငလျင်ဒဏ်ကြောင့် ကျနော်တို့ ပြည်သူတွေကို အထောက်အပံ့ပြုဖို့ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့အချိန်မှာ အဲဒီလို လာလုပ်တာကတော့ တကယ့် အကြမ်းဖက်တဲ့ လုပ်ရပ်ပါပဲ”ဟု ဆလိုင်းထက်နီက ပြောသည်။

လက်ရှိကာလသည် အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဒုက္ခရောက် နေကြသည့် ပြည်သူများကို ကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေးအတွက် ယာယီအပစ်အခတ် ရပ်စဲပြီး ဝိုင်းဝန်းဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့် စစ်ရေးလှုပ်ရှားမှုများ ကန့်သတ်ထားခြင်းကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ZRAက အခွင့်အရေးယူပြီး ကျူးကျော်တိုက်ခိုက်လာခြင်းဟု CNA တပ်မဟာ(၄)က ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။

ထို့အပြင် ချင်းအမျိုးသားတပ်မတော်က အသိပေးပြီးခုခံကာကွယ်ရန်လိုအပ်လာ၍ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ZRA တပ်ဖွဲများအား တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ ရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်သား ၄ဦးသည် လက်နက်များယူလာပြီး ချင်းအမျိုးသားတပ်မတော်(CNA)ထံ အလင်းဝင်လာကြောင်း Chinland Information Center က ဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြသည်။

သတင်း

ချင်းညီနောင်၊ မဟာမိတ် ရက္ခိုင့်တပ်တော်(AA)တို့ ပါဝင်သည့် ပူးပေါင်းတပ်များနှင့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များအကြား ယခင်ကလည်း ပြဿနာအချို့ တိုက်ပွဲအချို့ ရှိခဲ့သည်။

သတင်း

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ယခုကဲ့သို့ စစ်ဆင်ရေးများ ဖော်ဆောင်ရာ၌ ပြည်သူပံ့ပိုးမှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်၍ ပြည်သူများကိုကျေးဇူးတင်ကြောင်း ဆလိုင်းထက်နီက ပြောကြားပြီး ဆက်လက် ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ​၏ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းပြည်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

Trending

Facebook