close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာငလျင်ဘေးအတွက် ဗြိတိန်နှင့် အမေရိကန် ကူညီပံ့ပိုးမှုများ ထပ်မံတိုးမြှင့်

မြန်မာငလျင်ဘေးအတွက် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုက အကူအညီများ ထပ်မံတိုးမြှင့်ပေးအပ်လိုက်ကြောင်း သိရသည်။

ဧပြီ ၅၊ ၂၀၂၅။ အီယိုရီ/People’s Spring

မြန်မာငလျင်ဘေးအတွက် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုက အကူအညီများ ထပ်မံတိုးမြှင့်ပေးအပ်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်ထံ စီးဆင်းခြင်းလုံးဝမရှိဟု ကြေညာထားသော ဗြိတိန်က လက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် စတာလင်ပေါင် ၁၀ သန်း ထပ်တိုးခြင်းဖြင့် မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အကူအညီများမြှင့်တင့်လိုက်ကြောင်း ယနေ့ ကြေညာသည်။

“ကျွန်မတို့အခုလို အရှိန်အဟုန်မြှင့်ပြီး ကူညီတာဟာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုပါ။ ယူကေအစိုးရရဲ့ လျှင်မြန်တဲ့တုံ့ပြန်ချက်များကြောင့် အသက်ကယ်ဆယ်ရေးထောက်ပံ့မှုများဟာ ငလျင်ဒဏ်အဆိုးရွားဆုံးခံရသူများဆီသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခု ထပ်တိုးရန်ပုံငွေကြောင့် မြေပြင်မှာရှိနေတဲ့ ကျွန်မတို့ရဲ့မိတ်ဖက်တွေအနေနဲ့ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကူညီနိုင်မှာဖြစ်ပါတယ်”ဟု ဗြိတိန်၏ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာဝန်ကြီး Catherine West က ပြောသည်။

Public Service Announcement

Public Service Announcement

ငလျင်ဘေးအတွက် ဗြိတိန်အစိုးရ၏ အထောက်အပံ့သည် မတ်လ ၂၉ ရက်က စတာလင်ပေါင် ၁၀ သန်း၊ အရေးပေါ်ဘေးအန္တရာယ်များဆိုင်ရာ ကော်မတီ (Disasters Emergency Committee – DEC) မှတဆင့် ဗြိတိန်နိုင်ငံသားများလှူဒါန်းသည့်ရန်ပုံငွေသို့ စတာလင်ပေါင် ၅ သန်းနှင့် ယခုထပ်တိုးရန်ပုံငွေအပါအဝင် စုစုပေါင်း စတာလင်ပေါင် ၂၅ သန်းရှိပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုကလည်း ၎င်းတို့၏ ဘေးအန္တရယ်ကျွမ်းကျင်ပညာရှင်များ ကနဦး အကဲဖြတ်ဆန်းစစ်ချက်များအရ မြန်မာနိုင်ငံတွင်းမှ ငလျင်ဘေးဒဏ်သင့် အသိုက်အဝန်းများကို ပံ့ပိုးကူညီရန် အမေရိကန်ဒေါ်လာ ၇သန်းခန့်ကို ထပ်တိုးရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဟု ယမန်နေ့တွင် ကြေညာသည်။

မတ်လ ၃၁ရက်တွင် ကြေညာခဲ့သည့် ‌အမေရိကန်ဒေါ်လာ ၂သန်း နှင့် ယခုထပ်လောင်းပေးအပ်မည့် ၇ သန်းခန့်၊ စုစုပေါင်း ၉သန်းခန့် အထောက်အပံ့များမှတဆင့် ငလျင်ဘေးဒဏ်သင့်အသိုက်အဝန်းများအတွက် အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ နှင့် သောက်သုံးရေတို့ကို ပေးအပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

သို့ရာတွင် အာဏာသိမ်းစစ်ကောင်စီက အမေရိကန်အစိုးရ၏ အကူအညီပေးအပ်မှုများတွင် ဟန့်တားမှုများရှိ၍ ကြန့်ကြာမှုများရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယမန်နေ့တွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၄ ရက်​နေ့အထိ့ ​၈ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၂၄ ​နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ် ။ ဒီအ​ရေအတွက်ဟာ People's Spring အချက်အလက်ရရှိတဲ့ အ​ရေအတွက်သာဖြစ်ပြီး ဒီစာရင်းထဲမပါ​သေးတဲ့​ဗုံးကြဲခံရမှု​တွေ ရှိနိုင်​သေးလို့မြေပြင်မှာအခုထက်ပိုများနိုင်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၌ ယ‌နေ့(ဧပြီ ၅ရက်)ည ၈နာရီကျော်က မိုးသက်လေပြင်းကျနေစဉ် လူတစ်စုက နေအိမ်တစ်အိမ်အား ဓားပြတိုက်ရန်ကြိုးပမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဧပြီ ၅၊ ၂၀၂၅။ ရဲခေါင်/People’s Spring မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ်အဆောက်အဦပြိုကျမှုအတွင်း သေဆုံးသူ ၂၀ဦးရှိကြောင်း အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့(ဧပြီ ၅ ရက်)တွင် ထုတ်ပြန်သည်။ ငလျင်ကြောင့် ပြိုကျပြီး ပိတ်မိနေသူ အသက်ရှင်လျက် ၁၆ ဦးကယ်ထုတ်နိုင်ခဲ့ပြီး သုံးဦးမှာ ဆေးရုံ၌ သေဆုံးခဲ့သည်ဟု...

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ သူတို့ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင် ငြင်းဆန်တယ်လို့ ယူဆတဲ့ ငလျင်ဘေးသင့်နယ်မြေတွေဆီလူသားချင်းစာနာမှုအကူအညီပစ္စည်းတွေ မရောက်ရှိနိုင်အောင် တားဆီးနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကပြောကြားလိုက်ပါတယ်။

Trending

Facebook