close
Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားသစ် ၄ဦး လက်နက်နှင့် အလင်းဝင်လာ၍ ချင်းတပ် CNA ဆုငွေပေးအပ်

ချင်းပြည်နယ် ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ ရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်သား ၄ဦးသည် လက်နက်များယူလာပြီး ချင်းအမျိုးသားတပ်မတော်(CNA)ထံ အလင်းဝင်လာကြောင်း Chinland Information Center က ဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြသည်။

အလင်းဝင်လာသည့် စစ်မှုထမ်းဥပဒေမှ တပ်သားလေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - Chinland Information Center

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါး-ထန်တလန်မြို့နယ်ကြားရှိ ရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်သား ၄ ဦးသည် လက်နက်များယူလာပြီး ချင်းအမျိုးသားတပ်မတော်(CNA)ထံ အလင်းဝင်လာကြောင်း Chinland Information Center က ဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြသည်။

ဟားခါး-ထန်တလန်မြို့နယ်ကြား ခြေကုပ်ယူထားသော ပွိုင့်-3 စခန်းတွင် စစ်မှုထမ်းမထမ်းမနေရ ဥပဒေကြောင့် ဖမ်းဆီးစုဆောင်းခံထားရသည့် တပ်သားများထဲမှ (၄)ဦးသည် ဖေဖော် ဝါရီ ၅ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

အလင်းဝင်လာသည့် စစ်မှုထမ်းဥပဒေမှ တပ်သားလေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – Chinland Information Center

အဆိုပါတပ်သားများနှင့်အတူ လက်နက် (၃)လက်နှင့် ခဲယမ်းများ ပါရှိလာကြောင်းလည်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများအား ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ချင်းအမျိုးသားတပ်မတော်(CNA)က ဆုငွေပေးအပ်ခဲ့ရာ လက်နက် (၁)လက်လျင် ကျပ်သိန်း (၅၀)နှုန်း ဆုငွေ ပေးအပ်ခဲ့သည်ဟု အသိပေးသည်။

ချင်းအမျိုးသားတပ်မတော်(CNA)သည် ချင်းလန်းကောင်စီ အဖွဲ့ဝင် လက်နက်ကိုင်တပ်ဖြစ်ပြီး ချင်းဒေသကာကွယ်ရေးတပ်(CDF)များနှင့် အတူ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်သည်။

နိုင်ငံတဝန်း တိုက်ပွဲများ၌ အထိနာနေသည့် စစ်ကောင်စီသည် ပြုန်းတီးသွားသည့် စစ်အင်အားများကို ဖြည့်တင်းနိုင်ရန် ဒေသအသီးသီးရှိ လူငယ်များကို စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီး အဓမ္မ စစ်သားစုဆောင်း သင်တန်းပေးပြီး ရှေ့တန်းစစ်မြေပြင်သို့ ချက်ချင်းပို့ဆောင်နေ၍ စစ်မှုထမ်း တပ်သားသစ်များသည် တိုက်ပွဲ၌ သေဆုံးထိခိုက်မှု ဖမ်းဆီးခံရမှုနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များထံ လက်နက်ချ အလင်းဝင်မှုများ ဆက်တိုက်ရှိနေသည်။

ထိုအခြေအနေများကြောင့် အဓမ္မစစ်သားစုဆောင်းခြင်းခံရသည့်ပြည်သူ့စစ်မှုထမ်း စစ်သားသစ်များအနေဖြင့် အခွင့်အခါရပါက ပြည်သူ့ကာကွယ်ရေးတပ်များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်ရန် ချင်းပြည်နယ် ဖလမ်းမြို့ တိုက်ပွဲတွင် ချင်းညီနောင် က ဖမ်းမိခဲ့သည့် စစ်သုံ့ပမ်း အချို့က ကျန်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်၊ မဟာမိတ် ရက္ခိုင့်တပ်တော်(AA)တို့ ပါဝင်သည့် ပူးပေါင်းတပ်များနှင့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များအကြား ယခင်ကလည်း ပြဿနာအချို့ တိုက်ပွဲအချို့ ရှိခဲ့သည်။

သတင်း

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ယခုကဲ့သို့ စစ်ဆင်ရေးများ ဖော်ဆောင်ရာ၌ ပြည်သူပံ့ပိုးမှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်၍ ပြည်သူများကိုကျေးဇူးတင်ကြောင်း ဆလိုင်းထက်နီက ပြောကြားပြီး ဆက်လက် ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ​၏ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး အလင်းဝင်လာကြောင်း ချင်းပြည်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

တိုက်ပွဲဖြစ်ပွားခဲ့သည့် ချင်းပြည်ကောင်စီ နှင့် ချင်းညီနောင်တို့အကြား လာမည့်အပတ်တွင် တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ထားကြောင်း ချင်းညီနောင်တာဝန်ရှိသူ ကိုရောဘတ်က ဩဂုတ် ၁၅ရက်ညပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အသိပေး ပြောသည်။

Facebook