ဧပြီ ၅၊၂၀၂၅။ရောင်နီ/People’s Spring
မြန်မာ့ငလျင်ဘေးအတွက် ရန်ပုံငွေရှာဖွေရေးအပါအဝင် ဆုတောင်းပွဲကို ဩစတေးလျနိုင်ငံ၌ ပြုလုပ်သွားမည်ဟု ကော့စ်ကမ်းခြေ လူမျိုးပေါင်းစုံယဉ်ကျေးမှုအသင်း (Coffs Coast multicultural Society) က အသိပေး ထုတ်ပြန်သည်။
မြန်မာ့ငလျင်ဘေးအတွက်ဆုတောင်းပွဲကို ဩစတေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ် Coffs Habor မြို့၌ လာမည့်ဧပြီ ၁၂ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ဓာတ်ပုံပြပွဲနှင့် မြို့မိ၊မြို့ဖများ၏ ရန်ပုံငွေရရှိရေး ဟောပြောပွဲများပါဝင်မည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။
Coffs Coast multicultural Societyသည် သြစတေးလျနိုင်ငံ ဌာနေတိုင်းရင်းသားများ အပါအဝင် ပြောင်းရွှေ့အခြေချနေထိုင်သည့် နိုင်ငံတကာမှ လူမျိုးပေါင်းစုံနှင့်ဖွဲ့စည်းထားသည့်အသင်း ဖြစ်သည်။

Public Service Announcement
ထို့အပြင် မြန်မာ့ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် ရန်ပုံငွေရှာဖွေရန် Myanmar Earthquake Relief ( Aid-Me) ဖွဲ့စည်းထားပြီး ငလျင်လှုပ်ပြီးချိန်ကစ၍ ဒုတိယပတ်ကာလအထိ အရေးပေါ်ရန်ပုံငွေရှာဖွေရေး ကာလဟုသတ်မှတ်လုပ်ဆောင်နေကြောင်း သိရသည်။
ဆက်လက်၍လည်းရေရှည်ပံ့ပိုးရေး ရန်ပုံငွေရှာများရှာဖွေ၍ မြေပြင်၌ ကူညီနေသည့် အဖွဲ့များနှင့် ဩစတေးလျနိုင်ငံ အစိုးရအသိအမှတ်ပြုသည့် နိုင်ငံတကာအဖွဲ့အစည်းအများမှ လှူဒါန်းသွားမည်ဟုဆိုသည်။
ထို့အပြင် အွန်လိုင်းမှလှူဒါန်းလိုသူများအနေဖြင့်လည်း Aid for Myanmar Earthquake Relief: https://gofund.me/7bb2d3e4 ၌ ပါဝင်နိုင်ကြောင်း အသိပေးထားသည်။
