ဧပြီ ၅၊၂၀၂၅။သတိုး / People’s Spring
ရန်ကုန်မြို့၊တိုက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ အမျတ်(၁၁)ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ -၁၁) ကို တာဝေးပစ်မစ်ဇိုင်းဒုံး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောက်ကျားတပ် Urban Special Operation (U.S.O)က အသိပေးသည်။
အဆိုပါစက်ရုံသည် စစ်ကောင်စီအတွက်လိုအပ်သည့် လက်နက်ခဲယမ်းနှင့်အစိတ်အပိုင်းများကို ထောက်ပံ့ပို့ ဆောင်နေကြောင်း အတွင်းသတင်းရရှိသောကြောင့် ဧပြီ ၄ရက် ည ၉နာရီ ၅၀မိနစ်တွင် Shadow (S.A.F)နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း U.S.Oက ထုတ်ပြန်ထားသည်။
“လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်သူတွေဒုက္ခကြောင့် မစ်ရှင်ကို ရွှေ့ဆိုင်းထားပေမယ့် စကစ ဘက်က အခွင့်ကောင်းယူပီး တိုက်ခိုက်မှုမရပ်နားတဲ့ အပြင် ကူညီဆောင်ရွက်မှုမရှိ ကူညီတဲ့သူတွေကို လက်နက်ကိုင် ခြိမ်းခြောက်ပြီး ငွေညစ်နေတာတွေ လုပ်နေတာတွေရှိပါတယ်။ ဒါကြောင့် ခက်ခဲပင်မယ့်လည်း မြို့ပြစစ်ရေး အရှိန် မပြတ်သွားဖို့ USO အနေနဲ့ စကစ နဲ့ပတ်သက်တဲ့ နေရာတွေကို ပြန်ပီး အဓိကပစ်မှတ်ထား စစ်ဆင်ရေးအရှိန်ကို တိုးမြှင့်လုပ်ဆောင်သွားပါမယ်။”ဟု U.S.O မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

Public Service Announcement
ယင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့်အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။
