ဧပြီ-၅၊၂၀၂၅။စိုင်းနန်/People’s Spring
လားရှိုးမြို့တွင်ဧပြီလ ၅ရက်နံနက်အစောပိုင်း၌ နေအိမ်တစ်အိမ်ဓားပြတိုက်ခံရပြီး ကား၊ ရွှေထည်များနှင့် မီးခံသေတ္တာအလုံးလိုက်ယူဆောင်သွားသည်။
လားရှိုးမြို့၊ရပ်ကွက်(၁)နယ်မြေ(၉)နတ်ရေကန်လမ်းသွယ်(၅)မှ နေအိမ်တစ်လုံး နံနက် ၆ နာရီ၀န်းကျင်ခန့်တွင် ဓားပြတိုက်ခံရခြင်းဖြစ်သည်။
“ကျတော့် အသိအိမ် ဓားပြတိုက်ခံရတာ။ သူတို့မှာ ဘယ်ကိုတိုင်ရမယ်မသိဘူးဖြစ်နေတယ်” ဟုမြိုခံတစ်ဦးကပြောသည်။

Public Service Announcement
ကား ၊ ဖုန်း ၊ ဆွဲကြိုးများအပါအဝသ် မီးခံသတ္တာအလုံးလိုက်ဓါးပြများက ယူဆောင်သွားကြသည်။ ဖုန်းများကိုpassword ကိုပါတောင်း၍ယူသွားကြောင်း အိမ်ပိုင်ရှင်မိသားစုက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။
လားရှိုးမြို့မှ MNDAAတပ်များဆုတ်ခွာပြီး စစ်ကောင်စီပြန်ဝင်မည်ဟု သတင်းထွက်နေကာ အုပ်ချုပ်ရေးယန္တရားဖရိုဖရဲဖြစ်နေ၍ တရားဥပဒေစိုးမိုးရေးအတွက် စိုးရိမ်နေရသည်ဟု ဒေသခံများကပြောသည်။ ယခုဓားပြတိုက်ခံရမှုကိုပင်တိုင်စရာဌာန ရှိမနေကြောင်း ဒေသခံတစ်ဦးကပြောသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို MNDAA နှင့် မဟာမိတ်တပ်များက၂၀၂၄ခုနှစ် သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ထို့နောက်အထူးဒေသ(၁)အဖြစ်ထည့်သွင်းသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်၏ ဖိအားကြောင့် လာမည့်ရက်ပိုင်းအတွင်း MNDAA ပြန်ဆုတ်ခွာပေးရမည်ဟု သတင်းများထွက်ပေါ်နေသည်။
စစ်ကောင်စီက ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီးလက်ရှိအခြေအနေသည် လားရှိုးမြို့ တရားဥပဒေစိုးမိုးရေးအတွက် စိုးရိမ်စရာဖြစ်နေကြောင်း မြို့ခံများကပြောသည်။
