close
Connect with us

Hi, what are you looking for?

သတင်း

ပြည်ပ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ဘယ်နေရာတွေမှာ ကူညီနေကြလဲ

နှစ်ပေါင်း တစ်ရာအတွင်း အဆိုးရွားဆုံးငလျင်ဘေးကြီးကိုရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ မှာ ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေအောက်ပိတ်မိနေသူတွေကို အချိန်မီ အသက်ရှင်လျက် ကယ်ထုတ်နိုင်ဖို့ ရှာဖွေကယ်ဆယ် ရေးတွေ အပူတပြင်းလိုအပ်နေပါတယ်။

မတ် – ၃၁၊ ၂၀၂၅/People’s Spring

နှစ်ပေါင်း တစ်ရာအတွင်း အဆိုးရွားဆုံးငလျင်ဘေးကြီးကိုရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ မှာ ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေအောက်ပိတ်မိနေသူတွေကို အချိန်မီ အသက်ရှင်လျက် ကယ်ထုတ်နိုင်ဖို့ ရှာဖွေကယ်ဆယ် ရေးတွေ အပူတပြင်းလိုအပ်နေပါတယ်။

ရှာဖွေကယ်ဆယ်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေ ၊ အာဆီယံဒေသတွင်းနိုင်ငံအချိုနဲ့ စစ်ကောင်စီရဲ့မဟာမိတ်နိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားပါတယ်။

တရုတ်နိုင်ငံက လက်ရှိအချိန်ထိ တရုတ်ကယ်ဆယ်ရေးအဖွဲ့ ၊ တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ ၊ ယူနန်ပြည်နယ် ကယ်ဆယ်ရေးအဖွဲ့ ၊ဟောင်ကောင်ကယ်ဆယ်ရေး စတဲ့ အဖွဲ့ ၄ ဖွဲ့စေလွှတ်ထားပြီး အဖွဲ့ဝင် အင်အား ၂၈၈ ဦး ရှိတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ နေပြည်တော် နဲ့မန္တလေးမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတယ်လို့ တရုတ်သံရုံးက အသိပေးထားပါတယ်။

မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ မန္တလေး က SKY Villa ကွန်ဒို နဲ့ ဦီးလှသိန်း သာသနာဗိမာန်အဆောက်အဦးပြိုကျမှု နေရာတွေမှာ တရုတ်အဖွဲ့ ၊ ဟောင်ကောင်အဖွဲ့တို့ ကူညီကယ်ဆယ်နေတယ်လို့သိရပါတယ်။

အိိန္ဒိယအစိုးရကလည်း အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ ဝင် ၃၈ ဦး ၊ အိန္ဒိယတပ်မတော်ရဲ့ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးတဲ့ ရွေ့လျားဆေးရုံ နဲ့ အတူအဖွဲ့ဝင် ၁၁၈ ဦး စေလွှတ်ထားပါတယ်။

မီးသတ်ရဲ့ မတ်လ ၃၀ ရက် သတင်းဖော်ပြချက်အရ အိန္ဒိယ ကယ်ဆယ်ရေးအဖွဲ့ကလည်းမန္တလေး မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေပြီး ဂရိတ်ဝေါ ဟိုတယ် ပြိုကျမှုမှာ ပိတ်မိနေသူတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ စင်ကာပူ ၊ မလေးရှား ၊ ဗီယက်နမ် နိုင်ငံတို့က လည်းရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ အသီးသီး စေလွှတ်ထားပါတယ်။

ထိုင်းနိုင်ငံ က ကယ်ဆယ်ရေးအဖွဲ့ ဝင် ၅၅ ဦးစေလွှတ်လာပြီး နေပြည် တော်မှာ ရှာဖွေကယ်ဆယ်ရေးပူးပေါင်းလုပ်ဆောင်နေတ​ယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ထိုင်းသံရုံးက သတင်းဖော်ပြပါတယ်။

စင်ကာပူအစိုးရလည်းက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၈၀ ပေးပို့ထားပြီး နေပြည်တော်မှာ အဆောက်အဦးအပြိုအပျက်တွေကြားပိတ်မိနေတဲ့ဒေသခံတွေ ကယ်ထုတ်နေတယ်လို့သိရပါတယ်။

မလေးရှား ကယ်ဆယ်ရေးအဖွဲ့ဝင် ၅၀ ဦးကတော့ မြန်မာနိုင်ငံကို ရောက်ပြီး ၂၄ နာရီအတွင်းစစ်ကိုင်း ကို ခြေချနေပြီလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းမြို့ဟာ ပြင်းအား ၇ .၇ ငလျင်ကြီးလှုပ်ခတ်ရာ အနီးမှာရှိပြီး ထိခိုက်သေဆုံးမှု အဆိုးရွားဆုံးကြုံနေရတဲ့မြို့ဖြစ်ပါတယ်။

စစ်ကိုင်းမှာ ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်းလိုအပ်နေတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ အသိပေးရေးထားကြတာတွေ့ရပါတယ်။

ဗီယက်နမ်ကလည်း ကယ်ဆယ်ရေးအဖွဲ့ဝင်အင်အား ၁၀၆ ဦး စေလွှတ်ထားပြီး ငလျင်ဒဏ်သင့်နေရာတွေကိုသုံးဖွဲ့ ခွဲ့ပြီး ကူညီမယ်လို့ အသိပေးထားပါတယ်။

ဘယ်နေရာတွေမှာ ဗီယက်နမ်အဖွဲ့ ရောက်ရှိကူညီနေပြီလဲဆိုတဲ့အချက်အလက်ကိုတော့မသိရသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားရဲ့ ကယ်ဆယ်ရေးသမားတွေ ၊ဆေးဝန်ထမ်းတွေ အင်အား ၁၀၀ ကျော်ပါတဲ့ လေယာဉ် နှစ်စင်း နေပြည်တော်ကိုရောက်ရှိသွားပြီလို့ ရုရှားသတင်းဌာနတွေက ဖော်ပြပါတယ်။

ရုရှားအဖွဲ့ဟာ မန္တလေး ဂရိတ်ဝေါဟိုတယ် ပြိုကျတဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းလုပ်ကိုင်နေတယ်လို့ မီးသတ်ရဲ့ ဒီနေ့ (မတ် ၃၁ ) မွန်းလွဲပိုင်း ဖော်ပြချက်အရသိရပါတယ်။

မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ နဲ့ စစ်ကိုင်း မြို့ အနီးဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီး နှစ်ခုကြောင့် မန္တလေး ၊စစ်ကိုင်း တို့မှာအဆိုးရွားဆုံးပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့အဆောက်အဦးတွေထဲပိတ်မိနေသူတွေ ကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးတွေ အပူတပြင်းလိုအပ်နေတာပါ။

အမေရိကန် ငလျင်တိုင်းတာရေးဌာန (USGS)က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၇ အဆင့် ငလျင်ကြီးကြောင့် အသေအပျောက် တစ်​သောင်း က​နေ တစ်သိန်းကြားအထိမြင့်မားလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

မှတ်ချက် – ဒီနေ့ (မတ် ၃၁) မွန်းလွဲပိုင်းမှာ ရုရှားအဖွဲ့ရဲ့ ကူညီနေတဲ့နေရာကို သိရတဲ့အတွက် သတင်းကိုပြင်ဆင်ဖြည့်စွက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ Sky Villa ကွန်ဒိုအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေးသမားက ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ - Shwe Mandalay Rescue

သတင်း

မြန်မာလုပ်သားများအပါအဝင် ပိတ်မိနေဆဲ အလုပ်သမားတွေကို ကယ်ထုတ်ပေးဖို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ကို အမျိုးသားတစ်ဦးက ဒူးထောက်တောင်းဆိုခဲ့ပါတယ်။

သတင်း

ငလျင်ဘေးကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ်(၁၂၂၂) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(TRI)ဗျူဟာက ယနေ့(မတ်လ ၃၁ရက်)တွင် ထုတ်ပြန်သည်။

သတင်း

အပျက်အစီးပုံတွေအောက်မှာ ကွယ်လွန်နေခဲ့တဲ့ ငလျင်ဘေးသင့် ပြည်သူတွေရဲ့ ရုပ်အလောင်းတွေက ထွက်ပေါ်လာတဲ့ အနံ့အသက်တွေဟာ မန္တလေးမြို့ရဲ့ နေရာတချို့မှာ စတင် ပျံနှံ့လာနေကြောင်း သိရပါတယ်။

Facebook