close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ဘုန်းကြီးကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လက်တလောစာရင်းအရ သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ ဒေသခံက ပြောသည်။

နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ − TNLA

ဒီဒီး၊ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ လက်တလောစာရင်းအရ သံဃာ ၉ပါးအပါအဝင် ၁၄ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ ဒေသခံက ပြောသည်။

နောင်ချိုမြို့၊ တောင်ရပ်ကွက်ရှိ စိန်ရတနာပရိယတ္တိစာသင်ကျောင်းအား ယနေ့(မတ်လ ၁၆ရက်) ညနေ ၅နာရီ ၂၆မိနစ် နှင့် ၂၇မိနစ်တို့တွင် ဗုံးလေးလုံး၊ညနေ ၅နာရီ ၃၂မိနစ်နှင့် ၃၃မိနစ်တွင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

” သံဃာ ၉ပါးက ကိုရင် ၈ပါးနဲ့ ဘုန်းကြီးတစ်ပါး။ လူက ၅ဦး လက်တလော စာရင်းရထားတယ်”ဟု နောင်ချိုမြို့ ဒေသခံက ပြောသည်။ လူ ငါးဦးမှာ စစ်ဘေးရှောင်များဖြစ်ပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးဟု နောင်ချိုဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူလူထုအများအပြား ထိခိုက်မှုရှိပြီး နေအိမ်နှင့် ကျောင်းဆောင်လည်း အများအပြား ထိမှန်ပျက်စီးသွားခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်ရှိ အုမ္မသီးလမ်းခွဲနေရာများနှင့် တောင်းခမ်းကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်(TNLA)ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေပြီး မြို့ပေါ်တွင် စစ်ရေးလှုပ်ရှားမှုမရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် မတ်လ ၁၄ရက် ညနေကလည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးခြောက်ဦးအပါအဝင် ပြည်သူ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရခဲ့သည်။

နောင်ချိုမြို့နယ်၌ အမြောက်တပ်များရှိသော တောင်းခမ်းနှင့် ပြင်ဦးလွင်မြို့နယ်အစပ် အုမ္မသီးကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မတ်လ ၁၄ရက်နှင့် မတ်လ ၁၅ရက်တွင် ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့် ဂန့်ဂေါရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။ မတ်လ ၁၄ရက်က အုမ္မသီးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီက ဓာတုဗုံးအသုံးပြုပြီး လေကြောင်းမှတိုက်ခိုက်၍ တော်လှန်ရေးရဲဘော်အချို့ မူးဝေအော့အန်မှုဖြစ်ခဲ့သည်ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် မတ်လ ၁၅ရက်တွင်လည်း အုမ္မသီးကျေးရွာလမ်းဆုံအနီးတွင် တိုက်ပွဲဖြစ်ပွားနေည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံနေသည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့‌ရှိ စစ်ဘေးရှောင်များတိမ်းရှောင်ခိုလှုံနေသည့် ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း အဆိုပါ မြို့ခံများက ပြောသည်။

သတင်း

စစ်ကောင်စီက မကွေးတိုင်း၊ ပွင့်ဖြူ နှင့် စလင်း မြို့နယ် များသို့ တင့်ကား အပါအဝင် မြေပြင်စစ်အင်အားများဖြည့်တင်းနေကြောင်း မကွေးတိုင်းစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ရရှိထား​သော ​အောင်မြင်မှုများ တာရှည်ခံ​စေရန် အစမ်းသပ်ခံကာလဖြစ်သည်ဟုရှုမြင်​ကြောင်းမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့သို့ ညီ​နောင်မဟာမိတ်အဖွဲ့များဖြစ်​သော အာရက္ခတပ်တော် (AA) နှင့် တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)တို့က ​ပေးပို့​သောသဝဏ်လွှာ တွင်​ဖော်ပြထားသည်။