close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကူညီလာသည့် တရုတ်ကြက်ခြေနီ အသင်းယာဉ်တန်းကို စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်

ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံကြက်ခြေနီအသင်းယာဉ်တန်းအား စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံကြက်ခြေနီ အသင်းယာဉ်တန်းမှ ကားအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဧပြီ၁၊၂၀၂၅။ ခွာညို/People’s Spring

ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် တရုတ်နိုင်ငံကြက်ခြေနီအသင်းယာဉ်တန်းအား စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၁၇က်) ညနေ၉နာရီခွဲအချိန်တွင် တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာ ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်း(၉)စီးသည် မန္တလေးမြို့သို့ ခရီးဆက်ရာတွင် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဟု ထုတ်ပြန်ထားသည်။

အဆိုပါ ယာဉ်တန်းသည် မန္တလေးမြို့သို့ ခရီးဆက်သွားမည့်အကြောင်းကိုလည်း စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ လမ်းခရီးတွင် ပစ်ခတ်ခံခဲ့ရပြီး နောင်ချိုမြို့သို့ ပြည်လှည့်ခဲ့ရသည်ဟု TNLAက ထုတ်ပြန် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယာဉ်တန်းအား ကာကွယ်စောင့်ရှောက်ပေးထားပြီး ၎င်းတို့လိုရာခရီးကို ဆက်လက်ပို့ဆောင်သွားမည်ဟု TNLA က ထုတ်ပြန်ထားသည်။

AA၊MNDAAနှင့် TNLAပါဝင်သည့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံး ထိရောက်စွာဆောင်ရွက်နိုင်ရန် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ယနေ့ (ဧပြီလ ၁ရက်) ညနေ၌ ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် ငလျင်နောက်ဆက်တွဲအခြေအနေများကို အလေးအနက်ထား စောင့်ကြည့်လေ့လာပြီးနောက် ငလျင်ဒဏ်သင့်မြို့များတွင် အရေးပေါ် ကူညီကယ်ဆယ်ရေး၊ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိနေကြသော ပြည်တွင်း၊ ပြည်ပ ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများ စိတ်လက် ကြည်သာစွာ လုပ်ကိုင်နိုင်ကြစေရန်နှင့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးတကြီးနှင့် အရေးပေါ်ချက်ချင်း လိုအပ်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အမြန်ဆုံး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် အထူးလိုလားသည်ဟု ထုတ်ပြန်သည်။

ငလျင်ဒဏ်သင့် လူထုညီကယ်ဆယ်ရေးအတွက် ယာယီအပစ်ရပ်မည်ဟု NUGနှင့် တော်လှန်ရေးတပ်များက ကြေညာချက်ထုတ်ပြန်၍ကမ်းလှမ်းထားသော်လည်း စစ်ကောင်စီဘက်ကလက်မခံဘဲ လုံခြုံရေးအကြောင်းပြထားကာ ဆက်လက်တိုက်ခိုက်မည်ဟု ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူအများအပြားထိခိုက်သေဆုံးခဲ့သည့် ငလျင်လှုပ်ခတ်ပြီးနောက် အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ဧရာဝတီတိုင်းအတွင်း ထိုးစစ်များရပ်ထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲအတုဖန်တီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ရပ်ထားသည့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို ယနေ့(ဧပြီ ၁ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ဝိုင်းမော် - ကန်ပိုက်တီလမ်းပိုင်း၊ ဝိုင်းမော်မြို့အနီး၌ စစ်ကောင်စီက တင့်ကားခုနစ်စီးဖြင့် ရောက်ရှိလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ထိန်းချုပ်ထားသော လမြန်ကျေးရွာကို ဒရုန်းအသုံးပြု၍ ဖျက်အားပြင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ငလျင်ဘေးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များထိုးစစ်ရပ်နားထားချိန်တွင် စစ်ကောင်စီက မုံရွာ-မန္တလေးလမ်းမကြီးကိုအသုံးပြုပြီး ချောင်းဦးနှင့် မြင်းမူမြို့နယ်တို့၌ အင်အားဖြည့်တင်းနေကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုသန့်က လူထုနွေဦးသို့ ပြောသည်။

Facebook