close
Connect with us

Hi, what are you looking for?

သတင်း

အရေးကိစ္စ မည်သို့ကြုံပါစေ စစ်အာဏာရှင် ချေမှုန်းရေး မျက်ခြေမပျက်ရန် NUG ဝန်ကြီးချုပ် တိုက်တွန်း

နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်ပွဲရရှိရေးသည် အရေးကြီး၍ မည်သို့သော အရေးကိစ္စကြုံသည်ဖြစ်စေ စစ်အာဏာရှင်ချေမှုန်းတိုက်ဖျက်ရေးကို မျက်ခြေမပျက်စေဘဲ အားသွန်ခွန် စိုက် အလုပ်ဆက်လုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဧပြီ ၄၊၂၀၂၅။ဟန်နွေ/People’s Spring

နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်ပွဲရရှိရေးသည် အရေးကြီး၍ မည်သို့သော အရေးကိစ္စကြုံသည်ဖြစ်စေ စစ်အာဏာရှင်ချေမှုန်းတိုက်ဖျက်ရေးကို မျက်ခြေမပျက်စေဘဲ အားသွန်ခွန် စိုက် အလုပ်ဆက်လုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဧပြီ ၃ရက် နံနက်က ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအမြန်အောင်မြင်ပြီး ဆိုးဝါးလွန်းသည့် စစ်မိစ္ဆာများကို အပြီးတိုင် ချေမှုန်းနိုင်ရန် များစွာ အရေးကြီးကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယခု ကြုံနေရသည့် သဘာ၀ဘေးသည် ပုံမှန်ကာလ အရပ်သား ၏အစိုးရလက်ထက် ကြုံခဲ့ရသည့် ကိုဗစ်ကပ်ဆိုးကို ဖြတ်သန်းခဲ့ချိန်နှင့် ချိန်ထိုးစဉ်းစားမိပါက များစွာ ၏ဝမ်းနည်းရကြောင်း၊ အစိုးရပီသသည့် အစိုးရတစ်ရပ်၏ စီမံအုပ်ချုပ်မှု အောက်မှာသာ ယခုဘေးမျိုး ရင်ဆိုင်ရပါက တိုင်းပြည် အခြေအနေ ယခုလောက် ဆိုးမည် မဟုတ်သည်ကို အားလုံးနားလည် လက်ခံလိမ့်မည်ဟု ထင်ကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

“ဒါကြောင့် တိုင်းပြည်ကိုနည်းမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ ဒီစစ်မိစ္ဆာတွေမရှိမှသာ ကျွန်တော်တို တိုင်းပြည်ဟာ နလံထူနိုင်မှာဖြစ်ပါကြောင်းနဲ့ ဘယ်လိုအရေးကိစ္စတွေပဲကြုံကြုံ ကျွန်‌တော်တိုရဲ့အဓိက ရည်မှန်းချက်ကို မျက်ခြေမပျက်စေပဲ အားသွန်ခွန်စိုက် အလုပ်ဆက်လုပ်ကြဖို ပြောကြားလို”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ယခုငလျင်ဘေးနှင့်ပတ်သက်ပြီး စိုးမိုးနယ်မြေများအတွင်း ငလျင်ဘေးသင့်လူထုကို ၇၂နာရီ အတွင်း ကူညီကယ်ဆယ်မှုများ အပြည့်အ၀ အားစိုက်လုပ်နိုင်ခဲ့ကြောင်း အသိပေးထားသည်။

သို့သော် စစ်ကောင်စီ စိုးမိုးနယ်မြေဒေသတွင် ကိုယ်ထိလက်ရောက် ဝင်ရောက်မကူညီနိုင်ခဲ့သည့်အတွက် များစွာ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရကြောင်း ထုတ်ပြန်ကာ ငလျင်ဘေးသင့် ပြည်သူလူထုကို တောင်းပန်ခဲ့သည်။

အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနသည် ငလျင်ဘေးထိရောက်စွာ ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့သည်။ အလားတူ စစ်ကောင်စီကလည်း အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ သို့သော် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုများ ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်နေကြောင်း NUGနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

Trending

Facebook