close
Connect with us

Hi, what are you looking for?

သတင်း

“လူသတ်သမားမင်း​အောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” လို့ ဘန်​ကောက်မြို့မှာ စာတန်းချိတ်ဆွဲ ဆန္ဒပြ

ထိုင်းနိုင်ငံ၊ဘန်​ကောက်မြို့ ရှိ ​ကျောက်ဖရားမြစ်​ပေါ်မှတံတား တစ်စင်းမှာ မြန်မာအာဏာ သိမ်း​ခေါင်း​ဆောင်ကို ” လူသတ်သမားမင်း​အောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” လို့ စာတန်းရေးသားပြီး​တော့ ဒီက​နေ့ (ဧပြီ ၄ရက) မနက်ပိုင်းမှာ ဆန္ဒပြခဲ့ပါတယ်။

ဧပြီ-၄၂၀၂၅။​နေ့သစ်/ People’s Spring

ထိုင်းနိုင်ငံ၊ဘန်​ကောက်မြို့ ရှိ ​ကျောက်ဖရားမြစ်​ပေါ်မှတံတား တစ်စင်းမှာ မြန်မာအာဏာ သိမ်း​ခေါင်း​ဆောင်ကို ” လူသတ်သမားမင်း​အောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” လို့ စာတန်းရေးသားပြီး​တော့ ဒီက​နေ့ (ဧပြီ ၄ရက) မနက်ပိုင်းမှာ ဆန္ဒပြခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဆီကိုဧပြီ ၃ ရက်​နေ့မှာ ရောက်ရှိခဲ့ပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် တည်းခိုတယ်လို့ဆိုတဲ့ရှန်ဂရီလာဟိုတယ်နဲ့ မနီးမဝေးက Somdet Chao Phraya တံတားပေါ်မှာ “We do not welcomeMurderer Min Aung Hlaing “ဆိုတဲ့စာတမ်းကိုချိတ်ဆွဲဆန္ဒပြခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ ဆန္ဒပြစာတန်းဟာ ချိတ်ဆွဲ ဆန္ဒပြပြီး ၁ နာရီ အကြာမှာဖယ်ရှားခံခဲ့ရတယ်လို့သိရပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်ကို ဆန္ဒပြတဲ့အ​နေနဲ့ထိုင်း​ရောက်မြန်မာ​တွေဟာ ဧပြီ ၄ ရက်​နေ့မှာ အလုပ်မဆင်းကြဖို့ ၊အနက်​ရောင်အဝတ်အစား​တွေဝတ်ဆင်ကြဖို့ ​နွေဦး​တော်လှန်​ရေးရဲ့ လူထုသပိတ်အင်အားစု​တွေက တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံမှာ မင်း​အောင်လှိုင်ကိုဖိတ်ကြားခဲ့တဲ့ထိုင်းအစိုးရကို ပြည်သူ​တွေကြား​ဝေဖန်မှု​တွေမြင့်တက်လာပါတယ် ။”ငါတို့က မင်း​အောင်လှိုင်ကို မကြိုက်ဘူး ၊အခု မင်း​အောင်းလှိုင်ကို ထိုင်း​ခေါ်တဲ့ငါတို့အစိုးရကိုလည်း မကြိုက်​တော့ဘူး”လို့ အငှားယာဥ်​မောင်းတစ်ဦးက ဧပြီ ၄ ရက်မှာ​ပြောပါတယ်။

ဓါတ်ပုံ-The Reporters

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ပြုလုပ်သည့် ဘင်းမ်စတက်(BIMSTEC)အစည်းအဝေးသို့ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်အား တက်ရောက်ခွင့်ပြုသည့် သက်ဆိုင်ရာတာဝန်ရှိသူများကို ရှုတ်ချကြောင်း မြန်မာ့နွေဦးတော်လှန်ရေးလူထုသပိတ်အင်အားစုများက ယနေ့(ဧပြီ ၃ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ဆီ ရောက်ရှိနေပါတယ်။

သတင်း

ထိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဘင်းမ်စတက်ထိပ်သီးညီလာခံမှာ မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားတက်ရောက်စေခဲ့တာနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရာအနေနဲ့ လွှတ်တော်ကို လာရောက်ရှင်းပြဖို့ လိုအပ်တယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ဒီနေ့တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဘင်းမ်စတက်ညီလာခံသို့ တက်ရောက်ခွင့်ပြုလိုက်သည့် ထိုင်းနှင့် ဘင်းမ်စတက်အဖွဲ့တို့၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာရှုတ်ချကြောင်း Justice For Myanmar က ယနေ့ ထုတ်ပြန်သည်။