close
Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယဝန်ကြီးချုပ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တပ်ချုပ်အနေနဲ့ လက်ခံတွေ့ဆုံ

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒီနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လက်ခံတွေ့ဆုံပါတယ်။

အိန္ဒိယဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ ဘန်ကောက်မြို့မှာ တွေ့ဆုံစဉ်။ ဓာတ်ပုံ - Narendra Modi/FB

ဧပြီ ၄၊ ၂၀၂၅။ အီယိုရီ/People’s Spring

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒီနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လက်ခံတွေ့ဆုံပါတယ်။

၆ကြိမ်မြောက် ဘင်းစတက်ထိပ်သီးညီလာခံတက်ရောက်ရင်း တွေ့ဆုံခဲ့ကြတာဖြစ်ပြီး တွေ့ဆုံမှုနဲ့ပတ်သက်လို့ အိန္ဒိယဝန်ကြီးချုပ်က စစ်ခေါင်းဆောင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရာထူးဖြစ်တဲ့ ‘Senior General’ကိုသာ ရည်ညွှန်း သုံးစွဲ ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံစဥ်မှာ မကြာသေးမီက ငလျင်ကြောင့် မြန်မာပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများအပေါ် ဝမ်းနည်းကြောင်း အိန္ဒိယဝန်ကြီးချုပ်က ထပ်လောင်းပြောကြားပါတယ်။ အိန္ဒိယဟာ ဒီလိုအကြပ်အတည်းကာလမှာ အိန္ဒိယရဲ့ညီအစ်ကိုမောင်နှမ မြန်မာတွေကို ကူညီဖို့ တတ်စွမ်းသမျှ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အိန္ဒိယဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ဟာ ဆက်သွယ်ချိတ်ဆက်မှု၊ စွမ်းရည်မြှင့်တင်ရေး၊ အခြေခံအဆောက်အဦဖွံ့ဖြိုးမှုနဲ့ အခြားကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံအကြား ဆက်ဆံရေးများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ နီပေါဝန်ကြီးချုပ်နဲ့လည်း မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၆ ကြိမ်မြောက် ဘင်းစတက်ထိပ်သီးညီလာခံတက်ရောက်ဖို့ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့အတူ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook