close
Connect with us

Hi, what are you looking for?

သတင်း

ညီနောင်သုံးဖွဲ့ အပစ်ရပ်ကြေညာထားသော်လည်း TNLA နယ်မြေကို စစ်ကောင်စီ ထိုးစစ်ဆင်

တအာင်းတပ်မတော်(TNLA) အပါအဝင် ညီနောင်မဟာမိတ် (၃)ဖွဲမှ တစ်ဖက်သတ်အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ၊ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဧပြီ ၄၊ ၂၀၂၅။ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA) အပါအဝင် ညီနောင်မဟာမိတ် (၃)ဖွဲမှ တစ်ဖက်သတ်အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ၊ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း TNLA က သတင်းထုတ်ပြန်သည်။

TNLA၊ ကိုးကန့် MNDAAနှင့် အာရက္ခတပ်တော်(AA) ညီနောင်မဟာမိတ် (၃)ဖွဲမှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် ပြည်သူ၏အခက်အခဲများကို စာနာထောက်ထားသောအားဖြင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ဧပြီ ၁ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တဖက်တွင်လည်း စစ်ကောင်စီက ဧပြီ ၂ရက်မှ ၂၂ရက်နေ့အထိ အပစ်ရပ်စဲကြောင်း ကြေညာထားသည်။

ထိုသို့ အပစ်ရပ်ကြေညာခဲ့ပြီးသော်လည်း စစ်ကောင်စီတပ်က ဧပြီ ၃ရက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ယာဉ်တန်း (၇)စီးနှင့် လူအင်အားဖြည့်တင်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့နယ်ခွဲမှ ကျောက်ဂူ၊ တောင်ချေ၊ အမတ (၉၀၂)တပ်ရင်းသို စစ်ကူအင်အားဖြည့်တင်းနေခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။ အဆိုပါ ဒေသသည် TNLA ထိန်းချုပ်နယ်မြေဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သပိတ်ကျင်းမြိုနယ် (၇)မိုင်တွင်လည်း လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် လေးကြိမ် ဗုံး (၈)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီ အနေဖြင့် အပစ်ရပ်ကြေညာထားသည့်အပြင် တစ်ပတ်ကြာမြင့်သည့် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာထားသော်လည်း လေကြောင်းဖြင့် နေစဉ် အသုံးပြုတိုက်ခိုက်နေကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် TNLAနယ်မြေသာမက ကချင်ပြည်နယ် ဝိုင်းမော်၊ ဗန်းမော်၊ စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ကနီမြို့နယ်တို့ကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့ပြီး မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အသိပေးထားသည်။

စစ်ကောင်စီ၏ အပစ်ရပ်သည်ဟူသောကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ်ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ထားပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်ကောင်စီက ၎င်းတို့ကြေညာချက်ကို ကိုယ်တိုင် စည်းဖောက်ပြီး ထိုးစစ်ဆင်ခြင်း လေကြောင်း တိုက်ခိုက်ခြင်း လုပ်ဆောင်နေဟု ဧပြီ ၃ရက်တွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

Facebook