close
Connect with us

Hi, what are you looking for?

သတင်း

အင်းလေးကန်တွင် တောမီးမှတဆင့် ဦး​တေဇပိုင်ဟိုတယ်မီးလောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ယနေ့ (ဧပြီ ၃ရက်) နေ့လယ်က တောမီး လောင် ကျွမ်းရာမှတစ်ဆင့် ခရိုနီလုပ်ငန်းရှင် ဦး​တေဇပိုင်​သောနာမည်ကြီးဟိုတယ်ဖြစ်သည့် Myanmar Treasure Hotelအား မီးကူးစက်လောင်ကျွမ်းနေသည်။

Myanmar Treasure Hotel မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ၃၊၂၀၂၅။ခွာညို/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ယနေ့ (ဧပြီ ၃ရက်) နေ့လယ်က တောမီး လောင် ကျွမ်းရာမှတစ်ဆင့် ခရိုနီလုပ်ငန်းရှင် ဦး​တေဇပိုင်​သောနာမည်ကြီးဟိုတယ်ဖြစ်သည့် Myanmar Treasure Hotelအား မီးကူးစက်လောင်ကျွမ်းနေသည်။

” တောမီးကနေ ကူးတာပါ။ ရေဘေးသွားကူရင်း တွေ့တာ စိတ်မချမ်းသာဘူး”ဟု အင်းလေးဒေသသို့ရောက်ရှိနေသည့် လူမှုရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ထိုဟိုတယ် ကို ဦး​တေဇ၏ Htoo Group of Companies အုပ်စုကပိုင်ဆိုင်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အင်းလေးဒေသသည် ပြီးခဲ့သည့်နှစ်မိုးရာသီက ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် ထိခိုက်မှုမှုများပြားခဲ့သလို မတ်လ ၂၈ရက်က မန္တလေးမြို့ကိုဗဟိုပြု လှုပ်သည့် ငလျင်ကြောင့်လည်း နေအိမ်အများအပြားပျက်စီးပြီး ၈၉ဦးသေဆုံးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က မတ်လ ၃၀ ရက် တွင် ထုတ်ပြန်ထားသည်။

၂၀၂၄ နိုဝင်ဘာ ၁၅ ရက်​နေ့ကလည်း အင်း​လေးမှ နမည်ကြီး ဟိုတယ်ဖြစ်​သော Inle Princess Hotel မှာလည်း မီးပုံပျံပျက်ကျရာမှ ဟိုတယ် တစ်ခုလုံး မီး​လောင်ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

မြန်မာနိုင်ငံရဲ့ လူသိများ ထင်ရှားလှတဲ့ အင်းလေး ကန်ကြီးထဲမှာ တငြိမ့်ငြိမ့် လှုပ်ခတ်နေတဲ့ စက်တပ် သမ္ဗန်ပေါ်ကနေ ကိုညွန့်ဝင်းတစ်ယောက် ရေပေါ် ခရမ်းချဉ်သီး စိုက်ခင်းကို ဂရုတစိုက် ပျိုးထောင်ပေးနေပါတယ်။ ယူနက်စကို အဖွဲ့ကြီးက သဘာဝ အမွေအနှစ် နယ်မြေတစ်ခုအဖြစ် အသိအမှတ် ပြုထားရာ ရေကန်ကြီးထဲမှာ အဲဒီလို...