close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာငလျင်အတွက် ဗြိတိန် ပေါင် ၅သန်း ထပ်မံထောက်ပံ့၊ စစ်တပ်ထံ စီးဆင်းခြင်းလုံးဝမရှိဟု အသိပေး

ဗြိတိန်အစိုးရက မြန်မာ့ငလျင်အတွက် စတာလင်ပေါင် ၅သန်း ထပ်မံကူညီမယ်လို့ ကြေညာလိုက်ပြီး အဲဒီအကူအညီဟာ မြန်မာစစ်တပ်ထံ စီးဆင်းခြင်းလုံးဝမရှိကြောင်း အသိပေးပါတယ်။

ဧပြီ ၃၊ ၂၀၂၅။ အီယိုရီ/People’s Spring

ဗြိတိန်အစိုးရက မြန်မာ့ငလျင်အတွက် စတာလင်ပေါင် ၅သန်း ထပ်မံကူညီမယ်လို့ ကြေညာလိုက်ပြီး အဲဒီအကူအညီဟာ မြန်မာစစ်တပ်ထံ စီးဆင်းခြင်းလုံးဝမရှိကြောင်း အသိပေးပါတယ်။

ဗြိတိန်သည် Disasters Emergency Committee (‌ဘေးအန္တရာယ်များဆိုင်ရာ အရေးပေါ်ကော်မတီ)ရဲ့ ရန်ပုံငွေကောက်ခံခြင်းအစီအစဥ်မှာ စတာလင်ပေါင် ၅ သန်း ထပ်မံထည့်ဝင်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။

ဗြိတိန်အစိုးရက ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူများအတွက် စတာလင်ပေါင် ၁၀ သန်းကို ကနဦး ပံ့ပိုးပေးခဲ့ပြီးဖြစ်ရာ ဒီနေ့ထပ်တိုး ရန်ပုံငွေအပါအဝင် စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း ကူညီထောက်ပံ့ထားပြီးဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“မငြိမ်မသက်မှုများကြား ကြံ့ကြံ့ခံနေထိုင်နေရတဲ့ မြန်မာပြည်သူများအတွက် အခုအကျပ်အတည်းက ဆင်းရဲဒုက္ခများထပ်တိုးစေကာ အရေးပေါ်အကူအညီများ ပိုမိုလိုအပ်စေပါတယ်”လို့ ဗြိတိန်ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး Baroness Chapman က ပြောပါတယ်။

အစားအစာ၊ ရေနဲ့ နေထိုင်စရာ အမိုးအကာများအစရှိတဲ့ အရေးပေါ် ပစ္စည်းများ အပါအဝင် ဗြိတိန်အစိုးရရဲ့ အကူအညီများဟာ ငလျင်ဒဏ်အပြင်းအထန်ဆုံးခံရတဲ့ဒေသများသို့ ရောက်ရှိနေပြီဖြစ်တယ်လို့လည်း ရန်ကုန်မြို့ ဗြိတိန်သံရုံးက အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နှစ်ပေါင်းတစ်ရာ အတွင်း ဖျက်အားပြင်း ငလျင်ကြီးကြောင့်မြို့လုံးကျွတ်နီးပါး ထိခိုက်ပျက်စီးပြီလူ့အသက်ပေါင်းများစွာ ဆုံးရှုံးလိုက်ရတဲ့ မန္တလေးမြို့ ဆီ သွားရောက်လှုဒါန်းကြသူတွေ လည်းရှိနေပါတယ်။

သတင်း

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၂ ရက်​နေ့အထိ့ ​၆ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၁၉ ​နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ငလျင်ဘေးဒဏ် ကယ်ဆယ်‌ရေးအတွက် ကြိုပမ်းနေကြောင်းနှင့် ဘေးသင့်ဒေသများကို အရေးပေါ်အခြေအနေအဖြစ်ကြေညာထားသည့် စစ်ကောင်စီက ရန်ကုန်-မန္တလေးအမြန်လမ်း Lockdown ချထားမှုအား ယနေ့ (ဧပြီ၃ရက်)အထိပြန်ဖွင့်မပေးသေးပေ။

သတင်း

မန္တလေးမြို့ပေါ်မှာငလျင်ဒဏ်သင့်ပြီးနောက် ပုသိမ်ကြီးမြို့နယ် ထဲ ပြောင်းရွှေ့နေထိုင်ကြသူတွေများတာကြောင့် နေအိမ်တွေ၊ခြံတွေ ဌားရမ်းသူများလာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။