close
Connect with us

Hi, what are you looking for?

သတင်း

AA ထိုးစစ်ဆင်နေသည့်နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးလက်နက်များနှင့် ဖမ်းမိဟု CDF အရှို အသိပေး

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ကာကင်းစခန်းများမှ တပ်စခန်စွန့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )က အသိပေးသည်။

နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂၃ဦးအား လက်နက်များနှင့် ဖမ်းမိထားစဉ်။ ဓာတ်ပုံ - ချင်းကာကွယ်ရေးတပ် - အရှို

ဟန်နွေ/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်ကာကင်းစခန်းများမှ တပ်စခန်စွန့် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )က အသိပေးသည်။

အာရက္ခတပ်တော်(AA)က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ်တည်ရှိရာ တောင်ကုန်းအား ထိုးစစ်ဆင် တိုက်ခိုက်နေစဉ်အတွင်း ကာကင်းစခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီ ၂၄ရက်မှစတင်၍ နယ်မြေရှင်းလင်း ဖမ်းဆီးလျက်ရှိရာ ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၂၃ဦး ဖမ်းမိခဲ့ဟု အသိပေးသည်။

ထိုသို့ ဖမ်းမိသည့်ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သားများက ပြန်လည်ခုခံခြင်းမရှိဟုမရှိ CDF အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ကို ကြောက်ပြီးတော့ ထွက်ပြေးသွားတာမျိုးတော့ရှိပါတယ်။ ကျနော်တို့ဘက်က အသံပေးပြီးတော့ အလင်းဝင်ဖို့ ပြောတဲ့အချိန်မှာ ထွက်ပြေးသွားတာမျိုးတော့ရှိပါတယ်။”ဟု ၎င်းက ပြောပြသည်။

အဆိုပါ စစ်ကောင်စီတပ်သားများကို နတ်ရေကန်ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ( ၂၀၀၀ )ခန့်အကွာ တောတွင်းနေရာအသီးသီး၌ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ MA – 1 ( ၁၃ )လက်၊ MA – 2 ( ၁ )လက်၊ MA- 3 ( ၃ )လက်၊ MA-11 ( ၂ )လက်၊ MA – 5 ( ၁ )လက် စုစုပေါင်း လက်နက် ငယ်( ၂၀ )လက် နှင့် မိုင်းများ၊ ကျည်များ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ဟု ထုတ်ပြန်သည်။

နတ်ရေကန်ဒေသအနီးတစ်ဝိုက်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင် များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်း ကြပါရန် တိုက်တွန်းကြောင်းလည်း ဖော်ပြသည်။

“ အလင်းဝင်သင့်တယ်ဆိုတဲ့နေရာမှာ အာရက္ခတပ်တော်အနေနဲ့ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကြီးကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေတဲ့အချိန်မှာ သူတို့အနေနဲ့ ပြန်လည်တိုက်ခိုက်ဖို့ သတ္တိမရှိဘူးလို့ ပဲ ယူဆရပါတယ်။တပ်ဆုတ်ခွာတာတွေလည်း ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လက်နက်ခဲယမ်းတွေ ရွှေ့ပြောင်းပြီးတော့ ဆုတ်ခွာမှုတွေ သူတို့ လုပ်နေကြတာဆိုတော့ ဗိုလ်မှူးအဆင့်တွေ အကြီးပိုင်းတွေက လွတ်ရာလွတ်ကြောင်းပြေးတာမျိုး၊ ကိုယ်လွတ်ရုန်းပြေးတာမျိုး လုပ်နိုင်တာဖြစ်တဲ့အတွက် အောက်လက်ငယ်သား တပ်သားတွေအနေနဲ့ ဖြစ်ပါစေ တော်လှန်ရေးတပ်တွေကို ဆက်သွယ်ပြီးတော့ ကိုယ့်ဘ၀ လွတ်ရာလွတ်ကြောင်း ကိုယ်သည် ပြည်သူရဲ့ ငြိုငြင်မှုကို မခံရဘဲ ကောင်းမွန်စွာ နေထိုင်စားသောက်လို့ရအောင် အလင်းဝင်ပါလို့ တိုက်တွန်းတာဖြစ်ပါတယ်” ဟု ဆလိုင်းရိုးချင်းက ပြောသည်။

CDF အရှိုသည် AAက တိုက်ခိုက်သိမ်းပိုက်ခဲ့သောရက္ခိုင်ပြည်နယ် အမ်းမြို့နယ် တိုက်ပွဲမှထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ဒီဇင်ဘာလ ကုန်ပိုင်းမှစ၍ မကြာခဏ ဖမ်းမိခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာလည်းသိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီမြေပြင်စစ်ကြောင်းအချို့ ထိခိုက်သေဆုံးမှုများပြားနေကာ လေကြောင်းမှလည်းနှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် လက်နက်များ မတ်လ ၁၅ရက် နောက်ဆုံးထား၍ အပ်နှံကြရန် ဖေဖော်ဝါရီ ၂၅ရက်တွင် ထပ်မံ ကြေညာခဲ့သည်။

သတင်း

အာရက္ခတပ်တော်(AA) ကဓညဝတီရေတပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက​ကျောက်ဖြူမြို့နယ်အတွင်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများကပြောသည်။

သတင်း

မောင်တောမြို့နယ်​မြောက်ပိုင်းမှ မြိုလူမျိုးလူငယ်များက အာရက္ခတပ်တော်(AA)၏ဦးဆောင်မှုဖြင့်ရခိုင်ပြည်တည်ဆောက်ရေးတွင်ပါဝင်ရန် နှင့် စစ်သင်တန်းတက်၍ ကိုယ့်ရပ်ရွာကိုကာကွယ်ရန် ဆန္ဒပြချီတက်ခဲ့ကြသည်။