close
Connect with us

Hi, what are you looking for?

သတင်း

မောင်​တောမှ မြိုလူငယ်များက အာရက္ခပြည်တည်​ဆောက်​ရေးတွင်ပါဝင်ပြီး AAထံတွင်စစ်မှုထမ်း၍ ရပ်ရွာကာကွယ်မည်ဟု ချီတက်ဆန္ဒထုတ်​ဖော်

မောင်တောမြို့နယ်​မြောက်ပိုင်းမှ မြိုလူမျိုးလူငယ်များက အာရက္ခတပ်တော်(AA)၏ဦးဆောင်မှုဖြင့်ရခိုင်ပြည်တည်ဆောက်ရေးတွင်ပါဝင်ရန် နှင့် စစ်သင်တန်းတက်၍ ကိုယ့်ရပ်ရွာကိုကာကွယ်ရန် ဆန္ဒပြချီတက်ခဲ့ကြသည်။

အိမ်သွင်/People’s Spring

မောင်တောမြို့နယ်​မြောက်ပိုင်းမှ မြိုလူမျိုးလူငယ်များက အာရက္ခတပ်တော်(AA)၏ဦးဆောင်မှုဖြင့်ရခိုင်ပြည်တည်ဆောက်ရေးတွင်ပါဝင်ရန် နှင့် စစ်သင်တန်းတက်၍ ကိုယ့်ရပ်ရွာကိုကာကွယ်ရန် ဆန္ဒပြချီတက်ခဲ့ကြသည်။

မောင်တောမြို့မြောက်ပိုင်းမှ ရာနှင့်ချီ​သော မြိုလူငယ် ၁၀၀ ကျော်က အာရက္ခနိုင်ငံတော်အလံကို ကိုင်ဆောင်ကာဖေဖော်ဝါရီလ၂၃ရက်နေ့တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အာရက္ခတိုင်းပြည်ရေ….. ငါရို့ပြည်

အာရက္ခတိုင်းပြည်ကို….. ငါရို့ပါဝင်တည်ဆောက်ဖို့

အာရက္ခတိုင်းပြည်ကို……ငါရို့ပါဝင်ကာကွယ်ဖို့”ဟု လူငယ်များက​ကြွေး​ကြော်ချီတက်ခဲ့ကြခြင်းဖြစ်သည်။

မောင်တောဒေသခံတဦးက “မြိုလူငယ်တွေက သူတို့သဘောထားကိုသူတို့ပြကြတာပါ။ မောင်တောမှာက စစ်ကောင်စီရဲ့မြေပြင်အန္တရာယ်မရှိတော့ပေမယ့် အာဆာအကြမ်းဖက်အဖွဲ့ရဲ့ အန္တရာယ်ရှိနေသေးတယ်။ ဒီအတွက် လူငယ်တွေက ကြိုတင်တွက်ဆကြပုံရပါတယ်။ သူတို့ကတပ်တော်(AA)ကိုအပြည့်အဝယုံကြည်ကြတယ်”ဟုပြောသည်။

မြိုလူငယ်များ ကြွေးကြော်ချီတက်စဉ် ဒေသခံလူထုက ဝိုင်းရံလိုက်ပါပို့ဆောင်ခဲ့ကြသည်ဟုမြိုလူငယ်အစည်းအရုံးဥက္ကဋ္ဌ ကိုအေးလွင်က နိရဉ္စရာသတင်းဌာနသို့ ပြောကြားထားသည်။

မောင်တောမြို့ကို AAက ၂၀၂၄ ဒီဇင်ဘာလ၈ရက်နေ့တွင် တိုက်ခိုက်သိမ်းယူပြီး ထိန်းချုပ်ထားခြင်းဖြစ်သည်။ မောင်တောမြို့တွင် စစ်ကောင်စီမရှိတော့သော်လည်း စစ်ကောင်စီက စစ်သင်တန်းပေးခဲ့သူများ နှင့် ARSA အဖွဲ့၏ ခြိမ်းခြောက်မှုရှိနေသည်ဟု ဒေသခံအချို့ကပြောသည်။ ARSA အပါအဝင် စစ်ကောင်စီက စစ်သင်တန်းများပေးခဲ့သည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဘူးသီးတောင်၊မောင်တောဒေသကိုသာမက ဒေသတွင်း ဆက်စပ်အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကိုပါခြိမ်းခြောက်နေကြောင်း AAက ထုတ်ပြန်ထားသည်။

ရုပ်သံ-Mro Youth Union

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ကဓညဝတီရေတပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက​ကျောက်ဖြူမြို့နယ်အတွင်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများကပြောသည်။

သတင်း

စစ်တွေတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဓညဝတီရေတပ်စခန်းကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်မှုနှင့်အတူ ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်‌ထားသည့် ပေါက်တောမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး သေ‌ဆုံးပြီး ၁၇ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

အိမ်သွင်/People’s Spring ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးတိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ အာရက္ခတပ်တော်(AA)ကလည်း စစ်ကောင်စီ၏ ရဲတပ်ရင်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်တွေမြို့အဝင် အမြင့်ကျွန်းစစ်ကောင်စီစခန်းအနီးတွင် ဖေဖော်ဝါရီ ၁၇ရက်ညနေ ၆နာရီမှ ည ၉နာရီခန့်အထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ခြင်းဟု စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။...